Friday, December 28, 2007

ခေတ်

ကောင်းကင်ကို

ခေတ်ကြီးကိုက…..
သိက္ခာတွေ ဇီးရိုးနဲ့ 
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။

ကမ ၻာမွာ ဘိတ္ဆံုးနဲ ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။

ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။

ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။

သမင်မွေးရင်း ကျားစားရင်းနဲ့ 
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။

ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။

အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။

ငါတို့ အားလုံး
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။

0 comments: