NEJ/ ၇ ဒီဇင်ဘာ၂၀၀၇
ပြီးခဲ့သည့်စက်တင်ဘာအတွင်း ဖြစ်ပေါ် ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို မြန်မာစစ်အစိုးရက နှိမ်နင်းခဲ့မှုတွင် သေဆုံးသူများနှင့် ဖမ်ဆီး ထိန်းသိမ်း ခံရသူများမှာ အစိုးရ ထုတ်ပြန်သည့် စာရင်းထက် အဆပေါင်း များစွာ ပိုမိုကြောင်း လူအခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ထုတ်ဖော်ပြောကြားသည်။
ငြိမ်းချမ်းစွာဆန္ဒပြမှုများကို မြန်မာ စစ် အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့ရာတွင် လူပေါင်း (၂၀) ခန့် သေဆုံးခဲ့သည်ကို စုံစမ်း သိရိှရကြောင်း၊ သို့သော် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ထို့ထက်မက အဆများစွာ ရှိနိုင်ကြောင်း နယူးယောက်ခ် အခြေစိုက် (HRW) အဖွဲ့ကြီးက ယနေ့ ထုတ်ပြန်သည့် စာမျက်နှာ (၁၄၀) ပါ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ယခု အစီရင်ခံစာကို မျက်မြင် သက်သေ (၁၀၀) ကျော်နှင့် တွေ့ဆုံမေးမြန်းကာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
သံဃာတော်များဦးဆောင်သည့် ၂၀၀၇ စက်တင်ဘာဆန္ဒပြမှုကြီးတွင် စစ်သားများက ပြေးလွှားနေသည့် လူအုပ်စုများ အတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခံရသူများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ယင်းအဖွဲ့က ပြောကြားသည်။
ရန်ကုန်တွင် သေဆုံးသွားကြသည့် ရဟန်းသံဃာအပါအ၀င် ကျောင်းသားနှင့် ပြည်သူ စုစုပေါင်း (၂၀) ဦး၏စာရင်းကို မှတ်တမ်းပြုစု ရရှိထားသော်လည်း ရန်ကုန်မြို့နှင့်အခြား မြန်မာနိုင်ငံအနှံ့မှ မြို့တို့တွင် သေဆုံးသူ လူပေါင်း မြောက်မြားစွာရှိမည်ဟု လူ့အခွင့်အရေးအဖွဲ့ကြီးက ခန့်မှန်းသည်။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားလုပ်ကိုင်သူများနှင့် သတင်းမီဒီယာ သမားများအား စစ်အစိုးရက အမှန်အကန် တင်ပြပြောဆိုရန် ငြင်းဆန်နေသည့်အတွက်ကြောင့် ၎င်းတို့အနေဖြင့် ရန်ကုန်မြို့မှလွဲ၍ အခြားမြို့တို့တွင် သတင်းအချက်အလက်များ ရယူရန်မလွယ်ကူကြောင်း HRW အဖွဲ့ကြီးက ပြောဆိုသည်။
“ပြည့်ပြည့်စုံစုံနဲ့ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးမှုမလုပ်နိုင်လို့ သေဆုံးသူ အရေအတွက် အတိအကျကိုသိရှိဖို့ မဖြစ်နိုင်ပေမယ့် သံဃာတော်တွေအပြင် ကျောင်းသားအမြောက်အမြားနဲ့ ပြည်သူတွေပါ အသက်ဆုံးရှုံးကြရတယ်” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
စစ်အစိုးရကမူ ဆန္ဒပြသူများအား နှိမ်နင်းခဲ့ရာတွင် ဂျပန်ဗွီဒီယိုသတင်းထောက် အပါအ၀င် သေဆုံးသူ (၁၀) ဦးသာ ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
2 comments:
အကြမ်းမဖက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ကြားရတဲ့သူတိုင်းက နားဝင်ချိုလက်ခံကြမှာပါ။ တကယ့်ကို စွန့်ပြီးတော့ ရက်ရက်စက်စက် ပက်ပက်စက်စက် အသတ်ခံရတဲ့သူ၊ သူနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းအတွက်ကတော့
လက်စားချေခွင့်သာရခဲ့မယ်ဆိုရင်တော့ သူတို့တွေ(နအဖအုပ်စု)ကို အစိမ်းလိုက်ဝါးမတတ်ဖြစ်ကြမှာပါ။ ဒီပုံမြင်တိုင်း လက်စားချေချင်စိတ် ဖြစ်မိတယ်။ ညညလည်း အိပ်မပျော်ဖြစ်တာများတယ်။ သတင်းတက်ဖတ်တိုင်း ဒေါသနဲ့ လက်စားချေချင်စိတ်ပြင်းထန်လာမိတယ်။ ဒီခွေးသူခိုးတွေအလှည့် မကြာခင်ရောက်တော့မှာပါ။ အောင်ရောက်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးကြဖို့တိုက်တွန်းချင်ပါတယ်။
ဒီပုံတွေမြင်တိုင်း ရင်နင့်တယ် ။
Post a Comment