မေတာရာ
ကံကော်ရိပ်အေး
သည်လမ်းလေးမှ ၊ တေးချင်းဆိုသီ
စာခမ်းဆီသို့ ၊ ကြည်လင်စိတ်ဝမ်း
ခြေတူလှမ်း၍ သွားကြမြဲ။
ရည်ရွယ်ချက်တူ
ခရီးမူရာ ၊ ဖြူဖြူဖွေးဖွေး
သည်လမ်းလေးဝယ် ၊ ပေးဝေသူလျှင်
ဆံတွင်ကန့်ကော် ၊ ရွှင်ပျော်အထူး
သိမ့်သိမ့်မြူမြဲ။
စာသင်ခန်းမှ
တူတကွပင် ၊ ခြေစညီညီ ၊ စကားသီလို့ ၊ ရီရီပြုံးပြုံး
ရွှင်မဆုံးခဲ့ ၊ နုံးသည့်စိတ်တွေ
ပြယ်လွင့်လေ၏ ၊ မသွေအစဉ်
ချစ်ကြင်ကြင်ဖြင့် ၊ ခေါ်ငင်လက်တွဲပြန်ကြမြဲ။
ရှေးနှင့်မတူ
ယခုမူကား ၊ ဘယ်သူဖျက်၍ ၊ ကြေပျက်ပါလိမ့်
ညီညာတူပြိုင် ၊ မလှမ်းနိုင်ပြီ
လှိုင်ဝေစကား ၊ မပြောကြားနိုင်
ဆံဖျာဆံနွယ် ၊ ထုံမကြွယ်ပြီ
သွယ်သွယ်လမ်းလေး ၊ မဖြူဖွေးပြီ
"သူ့သွေးစွန်းနေ ၊ သူ့သက်ကြွေ၍
မျက်ရည်စိုလွှမ်း ၊ သည်သို့လမ်း" ကို
ခြေလှမ်းဘယ်သို့လှမ်းရမယ်။ ။
မေတာရာ
Thursday, December 6, 2007
သည်လမ်းဘယ်သို့လှမ်းရမယ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment