ခေတ်ပြိုင်-ကျော်ထင်/ ၄ ဒီဇင်ဘာ ၂၀၀၇
နအဖမှ ဆက်ဆံရေးဝန်ကြီးခန့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများ အမှန်တကယ် စတင်နေပြီဆိုပါက လက်ရှိရေးဆွဲနေသော အခြေခံဥပဒေမူကြမ်းရေးဆွဲနေမှုကို ရပ်တန့်ရန် လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံခေါင်းဆောင်များက ပြောကြားသည်။
ယမန်နေ့က ပြုလုပ်သည့် ဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင် ပထမအကြိမ်အစည်းအဝေးတွင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်သည့်မူများအပေါ် အခြေခံရေးဆွဲသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုး၏ပြောကြားချက်အပေါ် အတိုက်အခံများက ဝေဖန်ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက စစ်မှန်သည့်တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်ကို လမ်းဖွင့်ထားမည်ဆိုပါက “အဆင့် (ရ) ဆင့် လမ်းပြမြေပုံဆိုတာလည်း ရပ်ရမယ်။ အဲဒါတွေကို တောက်လျှောက်လုပ်နေပြီးတော့မှ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတာ ဖြစ်တယ်” ဟု ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်အစိုးရသတင်းစာရှင်းလင်းပွဲတွင်လည်း သတင်းထောက်များက ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲနေမှု၏ အချိန်ကာလသတ်မှတ်ချက်ကို မေးမြန်းရာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အနှောင့်အယှက်အဟန့်အတားမရှိလျှင် သင့်တင့်လျှောက်ပတ် သည့်အချိန်တွင် ပြီးစီးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
၁၉၉၃ ခုက စတင်ခဲ့သော ညောင်နှစ်ပင်ညီလာခံသည် (၁၄) နှစ်နီးပါးကြာခဲ့ပြီး နအဖသည် ၎င်းတို့စိတ်တိုင်းကျ စစ်တပ်ကြီးစိုးသည့် ဖွဲ့ စည်းပုံတရပ်ထွက်ပေါ်လာသည့်အချိန်ကျမှသာ ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်ကို အဆုံးသတ်လိမ့်မည်ဟု ဦးအောင်ထူးက ပြောသည်။
“ဒါက သူတို့ဘက်က စိုက်လိုက်မတ်တတ်သွားနေတဲ့လိုင်းဖြစ်တယ်၊ တခြားလိုင်းလည်း မရှိဘူး၊ တခြားလိုင်းဆိုရင် လက်လည်းခံမှာမဟုတ်ဘူး။ ကျနော်တို့မြင်နေတာက တွေ့ဆုံဆွေးနွေးရေး ဆိုတာကလည်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မျက်စိလည်အောင်သာ လုပ်ခြင်းဖြစ်တယ်၊ သူတို့သွားနေတာက ရှင်းရှင်းလေးပဲ။ ချမှတ်ထားတဲ့ (၁၀၄) ချက်မူအတိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်အောင်ပြဋ္ဌာန်းပြီးတော့ ရေရှည်အုပ်ချုပ်သွားဖို့ပဲလေ" ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆလိုင်းလျံမှူန်းဆာခေါင်း ကလည်း နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုကို အောင်မြင်အောင်လုပ်ရန်လိုကြောင်း၊ ၎င်းရလဒ်အပေါ် အခြေခံပြီးမှသာ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းကို လုပ်ကိုင်ရန်လိုအပ်ကြောင်း ပြောသည်။
၎င်းက “တဘက်က ဘာမှမသိသေးခင် အခြားတဘက်က သူတို့စိတ်တိုင်းကျ ဆွဲပြီးတော့ လုပ်နေ တဲ့သဘောက သူတို့က ဆက်ပြီး အာဏာထိန်းချင်တဲ့သဘောတွေ များလာတယ်" ဟု ပြောသည်။
စစ်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၈) တွင် အဖွဲ့ဝင် (၅၄) ဦးပါသော ဖွဲ့ စည်းအုပ်ချုပ်ပုံ မူကြမ်းရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယမန်နေ့က ကော်မရှင်အစည်းအဝေးကို စတင်ပြု လုပ်ခဲ့သည်။
စက်တင်ဘာအရေးအခင်း နောက်ပိုင်းတွင် ကုလသမဂ္ဂ မှ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆက်ဆံရေးဝန်ကြီးအဖြစ် စစ်အစိုးရက ဦးအောင်ကြည် ကိုခန့်ထားခဲ့ရာ ယခင်လအတွင်း (၃) ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment