ဥပေက္ခာ တရားဖြင့် အတိပြီးလျက်
အချိန်ကာလမြစ်၏ တိုက်စားသယ်ဆောင်ခြင်းမှာ
မက်မုံရောင် သန္တာတွေအဖြစ် ဖြစ်တည်ရင်ဆိုင်နိုင်သော ။
မယုံသင်္ကာစိတ်တို့ဖြင့်
ပိုင်းခြားစိတ်ဖြာကာရံခဲ့ကြသည့်
အစွန်းရောက်စွဲလန်းခြင်း မဟာရံတံတိုင်းတို့ကို
အကြွင်းမဲ့ချစ်ခြင်းဖြင့် ထိုးဖေါက်တိုးဝင်၍
တန်းတူညီမျှ ပြုပြင်စီရင်နိုင်သော ။
မေတ္တာတရားသည်
နှလုံးသားမှတဆင့်
အသွေးသားနှင့် အကျင့်စရိုက်တို့အပေါ်
ခက်ဖြာစီးဆင်းရင်း
ကျဉ်းမြောင်းသော အနှောင်အဖွဲ့ တို့မှ
ထာဝရ လွတ်မြောက်ရာအရပ်တွင်
မောင့်ဂန္ထ၀င် နှင်းဆီနီသည်
(ပျက်မပြယ်နိုင်သော)
မွှေးထုံသင်းပျံ့၊ ထိုရနံ့ဖြင့်
ရဲရင့်ရှင်သန် နိုင်စေသား ။ ။
ကမာပုလဲ
Sunday, December 23, 2007
အရုဏ်ဦးမှ ပေးစာ့  နှစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment