Friday, December 14, 2007

ကဗျာမြေ

ချိုစိမ်

နှစ်ခြောက်ဆယ်နီးပါး မီးလောင်ပြင်ဟာ
တခါတခါတော့ ကျနစွာကခုန်ရဲ့  ... ။

အလို ...
ကဗျာတပိုဒ်ဖြစ်ဖို့တောင်မှ
ခက်ခဲတယ်လို့ ငါမပြောပါဘူး
ဝါးရုံပင်စခန်းမှာနေဖို့ခက်တယ် ...။

သေချာတယ်
အမေ့မျက်ရည်တစက်ကျရင်
လွတ်လပ်ရေးရမယ် ... ။

(ချိုစိမ့်)

0 comments: