NEJ/ ၇ ဒီဇင်ဘာ ၂၀၀၇
စစ်အုပ်စုပြုတ်ကျရေး ဆက်လက်လှုပ်ရှားနိုင်ရန် ရဟန်းရှင်လူ ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးလွတ် မြောက်နယ်မြေသို့ရောက်ရှိလာသည့် ယခုရက်ပိုင်းအတွင်း စစ်အုပ်စု၏ချိပ်ပိတ်ခြင်းခံရသော မဂ္ဂင်ကျောင်းတိုက်မှ အရှင်ဃောသိတက မိန့်ကြားသည်။
၎င်းက “ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ သွေးတွေဟာ ဘယ်တော့မှ ခန်းခြောက်သွားမှာမဟုတ်ဘူး။ သူတို့ရဲ့စိတ်ဓာတ်ဟာ အမြဲတမ်းရှင်သန်နေမှာပါ။ နအဖစစ်အစိုးရကို ဒီမိုကရေစီရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု မိန့်ကြားသည်။
ဆက်လက်၍၎င်းက “ဦးဇင်းတို့သံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ အစပိုင်းပဲရှိပါသေးတယ်။ ပြည်တွင်းမှာ သံဃာတော်တွေဟာ ကနေ့အထိ သပိတ်ကံဆောင်တုန်းပဲရှိပါသေးတယ်။ အကုန်လုံးက ဆက်လက်ပြီးတော့ လှုပ်ရှားကြမှာပါ။ ပြည်ပမှာရောက်ရှိနေတဲ့ ရွှေဝါရောင် တော်လှန်ရေး အင်အားစုတွေ အခြားအဖွဲ့အစည်းတွေနဲ့ စည်းစည်းလုံးလုံး ဒီ နအဖ စစ်အုပ်စုကို အစီအစဉ် တွေချမှတ်ပြီး ရအောင်ေ တ်ာလှန်မှာဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
မြန်မာပြည်သူလူထုအနေနှင့်လည်း ကိုယ့် အခွင့်အရေး ကို ကိုယ်တိုက်ယူမှရမည် ဖြစ်သည့်အတွက် တဖက် တလမ်းမှ ကူညီကြရန်လိုအပ်ကြောင်း၊ ပြည်သူများက အဓိကကျကြောင်း အရှင်ဃောသိတက မိန့်ကြားသည်။ ဓါတ်ပုံ- ဆုံဆည်းရာ
ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက် ဖြိုခွဲခြင်းခံရသဖြင့် သံဃာတော် (၁၈) ပါးခန့် သေဆုံးရပြီး အများအပြားဖမ်းဆီးခံရကြောင်း၊ နအဖ ထုတ်ပြန်သည့် အရေအတွက်နှင့် လွန်စွာ ကွာဟကြောင်းလည်း ၎င်းက မိန့်ကြားသည်။
ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် အရှင်ဃောသိတသည် သက်တော် (၂၈) နှစ် ၀ါတော် (၈) ၀ါရှိပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်မှဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရွှေဝါရောင်တော်လှန်ရေး၌ ရွှေတိဂုံဘုရားခြေရင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် အရိုက်ခံခဲ့ရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ကိုယ်တော်ဖြစ်သည်။
၎င်းအရိုက်ခံရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ဗွီဒီယိုမှတ်တမ်းအား ကမ္ဘာ့သတင်းဌာနကြီးများနှင့် နိုင်ငံတကာမီဒီယာများတွင် ထိပ်တန်းသတင်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment