ဧရာစတီ-ကြည်ဝေ | နိုဝင်ဘာ ၃၀၊ ၂၀၀၇
စစ်အစိုးရအာဏာပိုင်များက နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်း သံဃာတော်များကို အဓမ္မ ဖိအားပေး၍ ကျောင်းမှချက်ချင်းထွက်ခွာ ခိုင်းသောကြောင့် ကျောင်းထိုင် ဆရာတော်ကြီးနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်စရာ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ကျောင်းထိုင် ဆရာတော်ကြီးကို ညနေ ၄နာရီ ကျော်တွင် အထုပ်အပိုးများ၊ ကိုရင်လေး သုံးပါးနှင့်အတူ သင်္ကန်းကျွန်း မြို့နယ် ၁၄ ၊ ၁၅ လမ်းဆုံထိပ်တွင် ငုတ်တုတ်ထိုင်နေကြသည်ကိုတွေ့မြင်ကြရပြီး ရပ်ကြည့်နေသူများအား ကြံ့ဖွံ့များနှင့် အရပ်ဝတ်ရဲများက မကြည့်ရှုရန်နှင်ထုတ်ကြောင်း မျက်မြင်တဦးက ပြောပြသည်။
“ဆရာတော်ကြီး ကြည့်ရတာ သွားစရာနေရာ ရှိပုံမပေါ်ဘူးဗျ၊ ကိုရင်လေးတွေနဲ့ မြင်ရတာ စိတ်မကောင်းစရာပဲ၊ လမ်းထိပ်မှာ ဆရာတော်ကြီး ထိုင်နေတာပဲ နာရီဝက်ကျော်လောက်ကြာတယ်၊ ကျနော်တို့ ပြန်သွားတဲ့အချိန်ထိ ဆရာတော်ကြီး ထိုင်နေတုန်းပဲ” ဟု အထက်ပါ မြင်တွေ့ခဲ့ရသူက ပြောပြသည်။
မဂ္ဂင်ကျောင်းထိုင်ဆရာတော်ကြီး က ၁ ရက် ၂ ရက် အချိန်ပေးပါရန် မေတ္တာရပ်ခံတောင်းပန်သည်ကို အာဏာပိုင်များက ညနေ ၄ နာရီနောက်ဆုံး ထွက်ခွာရန် အမိန့်ပေးသောကြောင့် သံဃာတော်များ ယခုကဲ့သို့ သီတင်းသုံး နေထိုင်စရာ အခက်အခဲဖြစ်နေကြရသည်ဟု မဂ္ဂင်ကျောင်း ဝေရာဝစ္စများ ကူညီလုပ်ကိုင်ပေးသူ အရပ်သား တဦးက ပြောသည်။
“ကျောင်းထိုင်ဆရာတော်ကြီးက တရက် နှစ်ရက်အချိန်ပေးဖို့ မေတ္တာရပ်ခံတယ်၊ ဒါပေမယ့် သူတို့က လုံးဝ ခွင့်မပြုဘူး၊ ဒီနေ့ ညနေ ၄ နာရီ နောက်ဆုံးထွက်သွားဖို့ပဲ မနက် ၉ နာရီလောက်ကတည်းက ပြန်လာပြောတယ်၊ အဲဒီ ကတည်းက အစောင့်တွေလည်းချထားပြီး စောင့်ကြည့်ခိုင်းနေတဲာ”ဟု ၎င်းအရပ်သားက ပြောသည်။
ယမန်နေ့ ညနေ ၄ နာရီ ၀န်းကျင်တွင် သာသနာရေးဝန်ကြီးဋ္ဌာနမှ ၀န်ထမ်းများနှင့်အရပ်ဝတ်ရဲများက ကျောင်း အဆောက် အအုံများကို သော့ခတ်ချိပ်ပိတ်လိုက်ကြပြီး ကျောင်းတွင်းရှိ ပစ္စည်းတချို့ကိုလည်း သိမ်းယူသွားကြောင်းမြင်တွေ့လိုက်ရသူ တဦးကလည်း ဆိုသည်။
သင်္ကန်းကျွန်း ၁၆ ကွေ့တွင်နေထိုင်သူ အမျိုးသားတဦးကလည်း ယခုကဲ့သို့ ကျောင်းကို ချိပ်ပိတ်ခြင်းကြောင့် သတင်းသုံး နေသော သံဃာတော်များ ဒုက္ခရောက်ကာ ကျောင်းသင်္ခန်းပျောက်ရသည့် အတွက် စိတ်ထိခိုက်ရ ကြောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်အနေနှင့် သံသနာအတွက်လည်း စိတ်မကောင်ြး ဖစ်ရကြောင်း၊ နယ်မှ လာရောက်ဆေးကုနေ ကြသော HIV/AIDS ဒေနာရှင်များလည်း တည်းခိုစရာနေရာ ပျောက်ဆုံးသွားရကြောင်း ပြောဆိုသည်။
မဂ္ဂင်ကျောင်းသည် ရပ်ဝေးမှလာရောက် ဆေးကုသမှုခံယူနေကြသော HIV/AIDS ဒေနာရှင်များကို ကျောင်းတွင် ညအိပ် ညဥ့်နေ တည်းခိုခွင့်ပြုသော ကျောင်းတကျောင်းဖြစ်သည့်အပြင် ကျောင်းထိုင်ဆရာ တော်ကြီးအနေနှင့်လည်း နိုင်ငံရေး အသိုင်းအ၀န်းက ကြည်ညိုဆည်းကပ်ခြင်းခံရသော ဆရာတော်တပါးဖြစ် သည့်အတွက် ယခု ကဲ့သို့ကျောင်းကို ချိတ်ပိတ် ခံရခြင်းဖြစ်သည်ဟု ကျောင်းသို့လာရောက် ကြည့်ရှုကြသူ အရပ်သားများက ပြောဆို ကြသည်။
“ပြီးခဲ့တဲ့ စက်တင်ဘာလ အရေးအခင်းမှာ ဒီကျောင်းက ကိုယ်တော်တွေပါတယ်ပေါ့။ ပြီးတော့ကျောင်းကိုလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး အ၀င်အထွက်ရှိတယ်ဆိုပြီး ပိတ်လိုက်တာလို့ကြားတယ်၊ ကြားတဲ့သူတိုင်း စိတ်မကောင်း ဖြစ်နေကြတယ်၊ တချို့ကလည်း မခံနိုင်ကြဘူး” ဟု ကျောင်းဝန်းအတွင်း သံဃာတော်များ၏ ပစ္စည်းများကို ကူညီ သိမ်းဆည်းပေးနေသူ တဦးကလည်း ပြောပြသည်။
ယင်းမဂ္ဂင်ကျောင်းတွင် ကျောင်းထိုင်ဆရာတော်ကြီးနှင့် ဦးပဉ္ဖင်းကြီး တပါး၊ ကိုရင် ၆ပါးသာ လက်ရှိသတင်းသုံး နေထိုင် လျက်ရှိသည်။ အာဏာပိုင်များက မဂ္ဂင်သံဃာတော် ၂ ပါးကို စက်တင်ဘာလတွင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယခုအထိ ပြန်လွှတ်ပေးခြင်းမရှိသေးပေ။
ကျောင်းတွင်လာရောက်တည်းခိုသူ HIV/AIDS ဒေနာရှင်များကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းကပင် စစ်အာဏာပိုင်များက ကျောင်းတွင်းနေထိုင်ခွင့်ကိုပိတ်ပင် လိုက်သောကြောင့် ထိုနေ့ကတည်းကပင် ယင်း HIV/AIDS ဒေနာရှင်များအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ကျောင်းထိုင်ဆရာတော်ကြီးက ၎င်းအား ကူညီပေးခြင်းကြောင့် ဒကာ ဒကာမများအား စစ်အာဏာပိုင်များမှ အရေးယူခြင်း၊ နှောင့်ယှက်ခြင်းမျိုးရှိပါက ကူညီမှုကို လက်ခံမည် မဟုတ်ကြောင်း ဆရာတော်ကြီးက မိန့်သည်ဟု ဆရာတော်ကြီးအား ပင့်ခေါ်သူ ဒကာမတဦး၏ ပြန်ပြောပြချက်အရ သိရသည်။
စစ်အာဏာပိုင်တို့က မဂ္ဂင်ကျောင်းအတွင်းမှ သံဃာများအား လက်ခံထားသော ဘုန်းကြီးကျောင်းများကို ပြင်းထန်စွာ အရေးယူမည်ဟု သတင်းလွှင့်ကြေငြာထားကြောင်း မဂ္ဂင်ကျောင်းအနီးရှိ ဘုန်းတော်ကြီးကျောင်းတိုက်တတိုက်မှ ဦးပဉ္ဖင်း တပါးက မိန့်ကြားသည်။
အနီးဝန်းကျင်ရှိ တခြားသောစာသင်ကျောင်းများမှ သံဃာတော်များကလည်း မဂ္ဂင်ကျောင်းမှ သံဃာတော်များ အတွက် စိတ်မကောင်းဖြစ်နေကြသည်ဟုလည်း အဆိုပါ ဦးပဉ္ဖင်းက မိန့်ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကလည်း မဂ္ဂင်ကျောင်းတိုက်ကို ချိပ်ပိတ်ခြင်းသည် ဗုဒ္ဓ သာသနာကို အကြွင်း မဲ့စော်ကားခြင်း ဖြစ်သည့်အတွက် ကန့်ကွက်ရှုံ့ချလိုက်ပြီး ပြည်တွင်းပြည်ပရှိ ဗုဒ္ဓ ဘာသာဝင်များ၊ အဖွဲ့အစည်းများ၊ သံဃာတော်များအား နည်းမျိုးစုံဖြင့် နအဖစစ်အစိုးရကို ဆန့်ကျင်ရန် တိုက်တွန်းသည့် ကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
2 comments:
အတော်လေးယုတ်မာတဲ့ကောင်တွေပဲ ။ ဒီကောင်တွေ ထင်ရာစိုင်းနေတာ ငုံ့ခံကြရတော့မှာလား ။
အားလုံးစိတ်မကောင်းဖြစ်နေကြတာထက် တခုခုလည်း လုပ်ကြရမယ် ။ နောက်ဆက်တွဲသတင်းရရင် တင်ပေးပါဦး ။
Gold key link for (wow power leveling) the law by all, such (wow power leveling) as bubble shadow dream (wow power leveling) hallucinations, such (power leveling) as exposed as well as (wow gold) electricity, should be (wow powerleveling) the case zhang xiao chen
Post a Comment