Thursday, November 8, 2007

အန်အယ်လ်ဒီ ခေါင်းဆောင် ၃ ဦး ဂန်ဘာရီနှင့်တွေ့

ကိုသက် | နိုဝင်ဘာ ၈၊ ၂၀၀၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မြို့သစ်သို့ ထွက်ခွာသွားကြောင်း အန်အယ်လ်ဒီပါတီက အတည်ပြု ပြောဆိုသည်။
အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေတို့ ၃ ဦး ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ယနေ့တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဧရာဝတီ

0 comments: