Thursday, November 8, 2007

နအဖ မှ ဒေါ်စုနှင့် သူမ၏ ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပေး

နိုဝင်ဘာလ ၈ ရက် ၂၀၀၇

မနက်ဖြန်ခါ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ပါတီဝင်များနှင့် တွေ့ဆုံဖို့ နအဖဘက်မှ ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ သုံးနှစ်အတွင်းမှာ ပထမဦဆုံးအကြိမ် နအဖ ဘက်မှ ခွင့်ပြုခြင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာပြည်ကနေ ယနေ့ပြန်သွားပြီးနောက် နာရီပိုင်းအတွင်း နအဖပိုင် သတင်းမီဒီယာများကနေ ထုတ်ပြန် ကြေညာခဲ့တာပါ။ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား မစ္စတာ ဂန်ဘာရီ အနေနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ရရှိအောင် လုပ်ဆောင်သွားခဲ့ကြောင်းကိုလဲ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ တို့ အကြားဆက်သွယ်ပေးနေတဲ့ ဆက်ဆံရေးဝန်ကြီး အောင်ကြည်အနေနဲ့လဲ သူမနဲ့ ပထမဦးဆုံးအကြိမ် အစည်းအဝေးပြုလုပ်နိုင်ဖို့အတွက် တွေ့ဆုံမှာဖြစ်ကြောင်း နအဖပိုင် သတင်းမီဒီယာများပြောဆိုနေပါတယ်။

0 comments: