Friday, October 5, 2007

လမ်းလျှောက်ထွက်ခြင်း

နန္ဒအိမ်

ဒေါင်းပျိုလေးတို့ရေ
လမ်းတွေကို မြန်မြန်လျှောက်ကြ
နှစ်အလီအလီသေနတ်ပြောင်းအောက်က
အလှပျက်သွားတဲ့ အပျိုမတွေအတွက်
ငတ်မွတ်ဆာလောင်သူတို့အတွက်
လျှပ်စစ်ကြိုးတွေရဲ့ အတို့ခံရသူတို့အတွက်
ယုံကြည်ချက်အကျဉ်းသားတို့အတွက်
သင်တို့တောင်ပံတွေရဲ့အရိပ်တွေနဲ့
လွှမ်းခြုံပေးဖို့ ...။
(ခေတ်ပြိုင်ဝဘ်ဆိုက်မှကူးယူသည်)
http://www.khitpyaing.org/poems/october_2007/5-10-07_nandaein.php

လမ်းလျှောက်ခြင်းနေ့တွေက
ရင်ဖွင့်ပြလိမ့်မယ်
ရက်လနှစ်များစွာ
မျိုသိပ်မှုများစွာ ...။

လူတယောက်ရဲ့သားနဲ့လူတယောက်ရဲ့သမီးဟာ
လရောင်ဆမ်းထားတဲ့ ညချမ်းမှာ
စိမ်းလန်းတဲ့ မနက်ခင်းမှာ
ဒါမှမဟုတ် ဇိမ်ခံဟိုတယ်ကြီးတွေမှာ
ရင်တဆတ်ဆတ် တုန်နေချိန်မှာ
လူတယောက်ရဲ့သားနဲ့လူတယောက်ရဲ့သမီးဟာ
လူယုတ်တွေရဲ့ ညှင်းပန်းရေးဇာတ်ထုတ်ထဲမှာ
ကျဉ်းမြောင်းပိတ်လျောင်ထားတဲ့ အမှောင်ခန်းထဲမှာ
ဒါမှမဟုတ် သားသတ်သမားတို့ရဲ့ စစ်ကြောရေးညတွေမှာ
ရှည်လျားခါးသီးလွန်းလှတယ် ...။

အို မြန်မာပြည်
ငါ ပျံသန်းခဲ့
ခရီးသွားခဲ့
တေးဆိုခဲ့
ရက်ပေါင်းများစွာ စကားပြောခဲ့
အဲဒီမှာ ဆန်နဲ့ ဓာတ်ငွေ့ဟာ
လူရဲ့လက်ထဲက
ဘီးလူးသဘက်တွေရဲ့ လုယက်ခြင်းခံရ
ညဟာ မီးမလာ
ဆာလောင်ငတ်မွတ်နေတာ
လွတ်လပ်မှုကို ကာကွယ်ဖို့ မဟုတ်တဲ့
စစ်ဘီလူးများကို ကူညီမစနေရဲ့ ...။

ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိ
အဲဒီတရားဥပဒေဟာ
သွေးစွန်းတဲ့လူမိုက်တွေက
ဥာဏ်ပညာရှိသူကို သတ်တဲ့တရားဥပဒေသာဖြစ်တယ်။

ဘာမှလုပ်ပိုင်ခွင့်မရှိ
အဲဒီစီးပွားရေးဟာ
ရိုင်းစိုင်းတဲ့ စစ်ဗိုလ်များအတွက်
ဓာတ်ငွေ့နဲ့ရေနံကိုစိန်တုံးများအဖြစ်
ပြောင်းလဲပေးတဲ့ စီးပွားရေးသာဖြစ်တယ် ...။

ဘာမှပြောပိုင်ခွင့်မရှိ
အဲဒီနိုင်ငံရေးဟာ
လူတယောက်က လူများစွာကိုသတ်တဲ့
သွေးတွေ စွဲဆိုနေတဲ့လက်နဲ့
ပါးစပ်ကိုပိတ်
တိတ်တိတ်နေခိုင်းတဲ့ နိုင်ငံရေးသာဖြစ်တယ် ...။

လူများစွာအိမ်ကိုတော့ပြန်လာပါရဲ့
ဒါပေမယ့်
သန်းပေါင်းများစွာရဲ့ မှတ်ဥာဏ်ထဲမှာ
သူတို့ရဲ့ခေါင်းဆောင်အတွက်
ကမ္ဘာမကြေဘူးသီချင်းကို သွေးနဲ့ဆိုခဲ့ရတယ် ...။

ဒေါင်းပျိုလေးတို့ရေ
လမ်းတွေကို မြန်မြန်လျှောက်ကြ
နှစ်အလီအလီသေနတ်ပြောင်းအောက်က
အလှပျက်သွားတဲ့ အပျိုမတွေအတွက်
ငတ်မွတ်ဆာလောင်သူတို့အတွက်
လျှပ်စစ်ကြိုးတွေရဲ့ အတို့ခံရသူတို့အတွက်
ယုံကြည်ချက်အကျဉ်းသားတို့အတွက်
သင်တို့တောင်ပံတွေရဲ့အရိပ်တွေနဲ့
လွှမ်းခြုံပေးဖို့ ...။

ရိုးအီနေတာမဟုတ်တဲ့
ဖြစ်ပေါ်လာတဲ့အမှန်တရားဟာ
လှပခမ်းနားနေရဲ့
ထွက်လာခဲ့
တယောက်မကျန်ထွက်လာခဲ့
အဲဒီနေ့ရဲ့လမ်းလျှောက်ထွက်ခြင်းမှာ
လက်ဖမိုးတွေကိုမြှောက်ချီလို့
သင်တို့ရဲ့မျိုးဆက်များနဲ့လမ်းလျှောက်ထွက်ဖို့ ... ... ...။

0 comments: