Wednesday, October 3, 2007

ပြည်သူ့စစ်သား



ကျွန်တော်တို့ ဘုရားတည်တယ်
ကျွန်တော်တို့ သံဃာတွေကို သတ်တယ်

ကျွန်တော်တို့ တံတားဆောက်တယ်
ကျွန်တော်တို့ အိုးအိမ်တွေကို ဖျက်ဆီးတယ်

ကျွန်တော်တို့ ကိုယ့်လူမျိုးကို ချစ်တယ်
ကျွန်တော်တို့ ပြည်သူတွေကို ပြန်သတ်တယ်

ကျွန်တော်တို့ နိုင်ငံတော်ကို ကာကွယ်တယ်
ကျွန်တော်တို့ သမီးပျိုတွေကို ဖျက်ဆီးတယ်

ကျွန်တော်တို့ ပြည်သူ့စစ်သားတွေဖြစ်တယ်
ကျွန်တော်တို့ ပြည်သူ့ဘဏ္ဍာကို ခိုးစားတယ်

ဤမှန်ကန်သော သစ္စာတရားကြောင့်
ကျွန်တော်တို့သည် ယခုဘ၀တွင်
ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ကြုံပြီး
အ၀ီစိဂျိုးကပ် အသေဆိုးနှင့်
သေရပါစေလို့၏။

အဝေးရောက်ပြည်သူတဦး

0 comments: