Tuesday, October 2, 2007

ဗုဒ္ခဘာသာ ရဟန်းတော်တွေကို မပစ်ခတ်ပဲ နအဖရဲ့အမိန့်ကို ဆန့်ကျင်တဲ့ တပ်မှူး တဦးနယ်စပ်ကို ထွက်ပြေးခဲ့

အောက်တိုဘာ ၂ ရက် ၂၀၀၇

နအဖ ရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း တရင်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး ဌေးဝင်းသည် စက်တင်ဘာလ ၂၆ ရက်နေ့ က သူ၏ သားတယောက်နှင့် အတူ ထိုင်း -မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU မှ ဗိုလ်မှူးကြီး စောနေဒါးမြ က အတည်ပြု ပြောသည်။

“ဗိုလ်မှူးဌေးဝင်း ကို သူ့ အထက်အရာရှိတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် နေတဲ့၊ ဘုန်ကြီးတွေကို ပစ်ဖို့ အမိန့် ပေးတယ်။ ဒါပေမဲ့ သူဟာ အပြစ်မရှိတဲ့ ဘုန်းကြီးတွေနဲ့  အရပ်သား တွေကို မပစ်ဘူး။ အဲဒီတော့သူ့ အထက်လူကြီးတွေက သူ့ကို မဖမ်းနိုင်ခင်မှာ သူက၊ သားတယောက်ကို ခေါ်ပြီးတော့ အရင် ထွက်ပြေးလာ နိုင်တယ်။” ဟု ဗိုလ်မှူးကြီး စောနေဒါး က ပြောသည်။

ဗိုလ်မှူးဌေးဝင်းက ပြောတယ်။ စစ်တပ်ထဲမှာအရာရှိတွေကော၊ ရဲဘော်တွေပါ ဘယ်သူမှ မနေချင်တော့ဘူး။ ဒါပေမဲ့ သူတို ကို တပ်ကလည်း ထွက်ခွင့် မပေးဘူး။ ထွက်ပြေး လာဖို့ကလည်း အဆက်အသွယ် မရှိတော့၊ နယ်စပ်ဖက်ကို ရောက်လာရင်၊ သူတို့ ရဲ့ အသက်အန္တရာယ်ဖြစ်မှာ ကြောက်ပြီးတော့၊ မပြေးရဲကြတာလို့ ပြောတယ်။ အခုလို အစစအရာရာ ကူညီမှန်းသိရင် နောက်ထပ်အများကြီး ထွက်ပြေးလာကြအုံးမယ်လို့ ဗိုလ်မှူးဌေးဝင်းက ကျွန်တော့ကို ပြောပြတယ်။” ဟုဗိုလ်မှူးကြီး စောနေဒါးမြ က ပြောပြသည်။

ဗိုလ်မှူးဌေးဝင်းသည် သူ၏သားနှင့်အတူ တတိယနိုင်ငံ တနိုင်ငံသို့ သွားရောက် ခိုလှုံရန် အစီစဉ်ရှိသည်ဟု ဗိုလ်မှူးကြီး စောနေဒါးမြ ကပြောပြသည်။

အန်ဒမန်ဟီးရိုး

0 comments: