Sunday, October 14, 2007

မော်ကွန်းအဆက်ဆက် ခိုင်ကျစ်စေတော့

ညီနိုင်

ခွေးတအုပ်
ဆုတ်ဖြဲပစ်နေပေါ့
ဂေါတမရဲ့ဝတ်ရုံတွေကို
ခေါင်းတုံးလက်ပြောင်ပြောင်တွေ
လွန်ဖျားကိုငယ်ထိပ်မှာစိုက်ရင်း…။

နောက်ကလိုက်ကြ
ဒါယိကာ၊ဒါယိကာမတွေ
အဲဒါ
ဒီကနေ့ခေတ်ရဲ့
အလံကိုင်တပ်မှူးတွေ…။

ကျုပ်ဝိဥာဉ်ကိုပြည်သူ့ရင်ခွင်ဆီ
ခေါ်သွားပေးစမ်းပါ…။

သင်
အော်ကြီးဟစ်ကြယ်
အော်ဟစ်ချေတော့
အသံတွေကိုမုန်တိုင်းထဲကစုတ်ယူလို့။ ။

ညီနိုင်

0 comments: