Saturday, October 6, 2007

မိုက်ရိုင်းတာ ကမ်းကုန်တယ်

အောက်တိုဘာ ၆ ရက် ၂၀၀၇

အိမ်အောက်ဖက်မှာ စစ်ကားတစ်စီးဖြတ်သွားတာ ဘယ်သူမှန်းမသိ အိမ်ပေါ်ကနေ ခဲနဲ့ပေါက်လိုက်တာ စစ်ကားက ရပ်ပြီး အဲဒီတိုက်မှာ နေတဲ့သူ လူကြီး (အသက်၇၀) ကနေ ကလေးပါမကျန် အိမ်အောက် ဆင်းလာခိုင်းပြီး ဒူးထောက်ခိုင်းတယ် ပြီးတော့ ဘယ်သူခဲနဲ့ပစ်တယ်မေးတာ မိုက်ရိုင်းတာ ကမ်းကုန်တယ် အများကြီး အများကြီး အဲဒီလို အဖြစ်တွေ ရှိသေးတယ် ကျနော့်သူငယ်ချင်း ခြံနားကနေ ဘယ်သူမှန်းမသိတစ်ယောက်က စစ်ကားကို ခဲနဲ့ပေါက်တာ စစ်ကားပေါ်ကနေ သေနတ်နဲ့လှမ်းပစ်တော့ သူငယ်ချင်းအိမ်က အိမ်ဖော်တစ်ယောက် သေနတ်ထိပြီး သေသွားရောပဲ ပြီးတော့ ညနေရောက်တော့ ဗိုလ်မှူးတစ်ယောက် ဦးစီးပြီး ခြံထဲကို ၀င်လိုက်လာတာ ဘီလူးသူရဲစီးသလိုပဲတဲ့ ရွှေတစ်ပိုင်းပေးလိုက်မှပဲ ပြန်သွားတယ် ဟု မြို့ခံ တဦးမှ ပြောဆိုသည်။

ဆုံဆည်းရာ

0 comments: