Wednesday, October 31, 2007

ကြံ့ဖွတ်ဦးစီးသည့် ဗိုလ်တထောင် လမ်းလျှောက်ပွဲ

ယနေ့ မနက် ၆ နာရီအချိန်ခန့် က ရန်ကုန်မြို့ ဗိုလ်တထောင်ဘက်မှာ လမ်းလျှောက်ပွဲ လုပ်ပါတယ်။ ဈေးသည်များ၊ အနှိပ်ခန်းများ။ ပြည့်တန်ဆာလုပ်ငန်းများ၊ လက်ဘက်ရည်ဆိုင်များ၊ ဆိုက်ဘာကဖေးများ အစရှိသော စီးပွားရေးလုပ်ငန်းများအား မယက နှင့် ကြံ့ဖွတ်များမှ ဦးစီး၍ မလိုက်မနေရ ဟုပြောဆိုပြီး မလိုက်ပါက ဆိုင်ဖွင့်ခွင့်လိုင်စင်များကိုသိမ်းမည်ဟု ခြိမ်း ခြောက် ပြောဆိုကာ အဓမ္မ လမ်းလျှောက်စေသည်။ ပထမဦးဆုံးအနေဖြင့် လမ်းလျှောက်ပွဲ မစတင်ခင် မယကရုံးတွင်လူစု၍ ထိုမှတဆင့် သိမ်ဖြူဂုံးပေါ်တက်ပြီး ဗိုလ်တထောင်ဘက်ကို ပတ်ကြ ကြောင်း သိရသည်။လူဦးရေမှာ ၄၀၀ ကျော် ၅၀၀ နီးပါးခန့် ရှိကြောင်းသိရပြီး ကြွေးကြော်သံများအား ရှေ့မှတိုင်ပေးကြောင်း သိရသည်။ ရယ်စရာတခုမှာ ရှေ့မှတိုင်ပေးသောသူက ပြည်ထောင်စုမပြိုကွဲရေး ဟု တိုင်ပေးသည့်အခါတိုင်း မည်သူမျှ တို့အရေးဟု လိုက်မအော်ကြောင်း သိရသည်။ မည်သူမျှ နောက်မှလိုက်လံ မအော်ကြောင်း သိရသည်။ လမ်းလျှောက် သူများအား ကောက်ညှင်းပေါင်းနှင့် ပူတင်းများ အနည်းငယ်ကြွေးကာ အော်ဟစ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်၊ လမ်းလျှောက်သူများအား ဗွီဒီယိုရိုက်ကူးသော ကားများနှင့် လိုက်လံ ရိုက်ကူးကြကြောင်း၊ အချို့မှာ လမ်းလျှောက်ပွဲမပြီးခင် အဖွဲ့မှခွဲထွက်ပြီး ပြန်သည့်သူမှ ပြန်ကြကြောင်းနှင့် များသောအားဖြင့် အမျိုးသမီးများဖြစ်ကြောင်း သိရသည်၊

ဆုံဆည်းရာ

0 comments: