Sunday, October 7, 2007

သင်ကြားမှုနဲ့ လူများ

ညီနိုင်

ကြည့်စမ်း
အမိုက်ကောင်
ဘယ်လောက်များမသတီစရာ
ကောင်းလိုက်သလဲ
ဒီကနေ့ရဲ့ ရိုင်းပျမှုတွေ…။

ဘုန်းကြီးတွေ လူဖြစ်ကြ
အချို့လည်း
ကားစင်ကိုတောင် မြင်ကုန်ရ
နွားသိုးဟာ
နျုကလိယပ်စစ်ကိုပါးစပ်ခဲ
စကြာဝဠာကို
ချပ်ပြားကာဒိုင်းပြုလို့
ရွံ့မုန်းဖို့ ကောင်းပြီးပဲ။

ဝင်ကြ
လွှတ်တော်ခန်းမထဲကို
ခေါင်းပေါင်းတလူလူဝံ့
ပြည်သူ့ကိုယ်စားလှယ်တွေ
အဲဒါ ငါတို့နန်းတော်ပေါ့…
ငါတို့ထက်
ဘယ်သူတွေကို ပေးထိုင်ခိုင်းရဦးမှာလဲ။ ။
ညီနိုင်

0 comments: