Monday, October 29, 2007

ပြည့်တန်ဆာအမျိုးသမီးများအားခေါ်၍ နအဖ ထောက်ခံပွဲပြုလုပ်

အောက်တိုဘာ ၂၉ ရက် ၂၀၀၇

ယနေ့မနက် ၅ နာရီ ခွဲလောက်က မြို့ထဲမှာ လူတွေစုနေကြပြီး မနက် ၇ နာရီ (ယခု) အနော်ရထာလမ်းမပေါ်မှာ နအဖ ထောက်ခံတဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ထိုဆန္ဒပြပွဲကို တွေ့မြင်သူတဦးက "မိန်းခလေးတွေချည်းပဲ အယောက် ၅၀ လောက် ရှိတယ်။ ပြည့်တန်ဆာမတွေလို့ သိတဲ့သူတစ်ယောက်က ပြောပြတယ်။ ၅နာရီ ၅၅ မိနစ်လောက်မှာ သူတို့စထွက်သွားတယ်။ ထုံးစံအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး၊ မူဝါဒလမ်းစဉ် ၇ ရက် အောင်ရမည်ဆိုပြီး အော်နေကြပါတယ်။ ၅ ယောက် တစ်တန်း လမ်းလျှောက်ပြီး။ မိခင် နဲ့ ကလေးဝတ်စုံ တစ်ဖွဲ့။ ကျောင်းစိမ်းဝတ်စုံနဲ့ ကျောင်းသူကျောင်းသားလေးတွေလည်းပါပါတယ်။ အထူးသဖြင့်မိန်းမတွေ တော်တော်များပါတယ်။ ရပ်ကွက်က ပြည်သူ့ချဉ်ဖတ် စွမ်းအားရှင်ကြံ့ဖွတ်တွေလည်းပါပါတယ် town ace ကားတစ်စီးနဲ့ ကင်မရာ ကိုင်ပြီး ရိုက်နေတုန်းမှာ ကျွေးကြော်သံကို ကျယ်လောင်စွာအော်နေကြပါတယ်။" မျက်မြင်တဦးမှ ပြောဆိုသည်။

ထိုဆန္ဒပြသူများကို ကားတစီးမှ လော်နဲ့တိုင်ပေးပြီး နောက်ကနေ ဒို့အရေးအော်ခိုင်းကြောင်း၊ ဆိုင်းဘုတ် များကိုလည်း ကိုင်ဆောင်ထားပြီး ကျောင်းဝတ်စုံနဲ့ ရိုးရိုးအ၀တ်အစားဝတ် ကလေးများလည်း ပါဝင်ကြောင်းသိရှိရသည်။

ဆုံဆည်းရာ

0 comments: