Wednesday, September 26, 2007

စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ

နေ့လည်က ရွှေတိဂုံမှာ မျက်ရည်ယိုဗုံးခွဲတယ် ရိုက်တယ် အဲဒီ့မှာ ဘုန်းဘန်ုးတော်တော်များများ အဖမ်းခံလိုက်ရတယ် ခေါင်းဆောင်ဘုန်းဘုန်းတွေ ဘယ်သူမှ မကျန်တော့ဘူးအဲဒီ့မှာ ဘုန်းဘုန်းတွေလူစုကွဲသွားပေမယ့် ရွှေဂုံတိုင်မှာ ပြန်စုကြတယ် ပြီးတော့ တောက်လျှောက်ချီတက်ရင်းနဲ့ မြို့ထဲကိုရောက်လာတယ် မြို့ထဲအရောက်မှာ ပစ်လို့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။

ဒါပေမယ့် ချက်ချင်းလူပြန်စုတယ် ပြီးတော့ Trader ရှေ့မှာစောင့်နေတဲ့ လူထုနဲ့စုံတယ် တပ်က ဆူးလေပတ်ပတ်လည်မှာ စီးထားတယ် အဲဒါကြောင့် ကမ်းနားဘက်ကိုဆက်တက်ပြီး လျှောက်သွားကြတယ်။အခု ပန်းဆိုတမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ကားတွေနဲ့ လူအုပ်ကြီးကိုလိုက်ဆွဲနေပြီ ဟု ကိုယ်တိုင်ကြုံတွေသူတဦးမှ ပြောဆိုသည်။

ဆုံဆည်းရာ

0 comments: