စက်တင်ဘာ ၁၇
မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာတောာ်များ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ အာဏာပိုင်များနှင့် စစ်တပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များက ပြင်းပြင်းထန်ထန် အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရအနေနှင့် သံဃာတော်များက ကျေအေးခွင့်လွှတ်သည် အထိ ၀န်ချတောင်းပန်ပေးရန်
လက်ရှိကုန်ဈေးနှုန်းမြင့် တက်မှုများကို ချက်ချင်းလျော့ချပေးရန်၊
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကို ချက်ချင်းလွတ်ပေးရန်၊
လူထု၏ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖမှ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ရန်၊
ယင်းတောင်းဆိုချက်များကို စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ပေးရန်၊ ၎င်းရက်တွင် ဆောင်ရွက်မှု မပြုလုပ်ပါက ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်း ပြုလုပ်သွားမည်။
သံဃာ့တပ်ပေါင်းစု
လောင်စာဆီဈေးနှုန်းများကို မူလအတိုင်းပြန်ချပေးရန်
ကုန်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် ၀န်ထမ်းလစာများတိုးပေးရန်
၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် ဖမ်းဆီးထားသူများ အမြန်ဆုံးလွှတ်ပေးရန်
ပြည်ခိုင်ဖြိုးအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် သံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများကို ၀န်ချတောင်းပန်ရန်၊
တောင်းဆိုချက်များကို သက္ကရာဇ် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ တနင်္လာနေ့ နောက်ဆုံးထား ဆောင်ရွက်ပေးရန် ထပ်မံအသိပေးလိုက်သည်။
တောင်းဆိုချက်များကို အစိုးရအနေဖြင့် လိုက်လျောဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ကျနော်များအစိုးရ၀န်ထမ်းများအနေဖြင့် အလုပ်မဆင်း၊ ရုံးမတက်ဘဲ သပိတ်မှောက်မည် …
၎ ဌာန ပြည်သူ့ဝန်ထမ်းများ (ရန်ကုန်တိုင်း)
Rest of your post
0 comments:
Post a Comment