Wednesday, September 26, 2007

လတ်တလော အခြေအနေ

စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၃း၁၀ နာရီ

မို့တော်ခန်းမပတ်ပတ်လည် နဲ့ ဆူးလေ ပတ်ပတ်လည် မှာ လုံထိန်းတွေနဲ့ စစ်တပ်က နေရာယူထားပါတယ်၊

ဘားလမ်းလို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်း မြို့တော်ခန်းမဘက်ထိပ်မှာ လက်နက်ကိုင်တွေတန်းစီပြီး နော်ရထာလမ်းဘက်ကိုလှည့်ကာ နေရာယူထားတာကိုတွေ့ရပါတယ်။

ဆူးလေမီးပွိုင့်မှာတော့ပိတ်နေဆဲပါ၊ ဆန္ဒပြသူတွေက အနော်ရထာလမ်းပေါ်မှာ ပွိုင့်ဘက်ကိုဦးတည်ပြေးလိုက် ပြန်ဆုတ်လာလိုက်လုပ်နေတာတွေ့ရပါတယ်။ အနော်ရထာလမ်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေသူများကို ဘားလမ်းထဲကနေ လက်ခုတ်တီးအားပေးနေကြတာကိုလဲတွေ့ရပါတယ်ဟု မျက်မြင်တဦးပြောဆိုသည်။

ဆုံဆည်းရာ

0 comments: