Saturday, September 8, 2007

ချမ်းအေးသာဇံမြို့နယ်၌ကျင်းပသည့် အန်အယ်လ်ဒီမြို့နယ် (၁၈) ခုမှ စည်းရုံးရေး အဖွဲ့များနှင့် မန္တလေးတိုင်း အန်အယ်လ်ဒီပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ဆုံးဖြတ်

၇ - ၉ - ၂၀၀၇

၁) ယနေ့တိုင်းပြည်တွင်ပေါ်ပေါက်နေသော အထွေထွေအခြေအနေများအရ ပြည်သူလူထုအများစုကြီး ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများမှ လွတ်မြောက်ရေး၊ ပြည်သူလူထု၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတရပ်အဖြစ် ပိုမိုပီပြင်ထင်ရှားလာပေသည်။ သို့အတွက် ပထမဦးစွာ နအဖနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းတောင်းဆိုသည်။

၂) တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းအားငြင်းပယ်ပါက အခက်အခဲအကြပ်အတည်းများ ကြုံတွေခံစားနေရသော ပြည်သူလူထုအများစုကြီး သဘောဆန္ဒများအား လွတ်လပ်ပွင့်လင်းလုံခြုံစွာဖြင့် ထုတ်ဖော်ပြသနိုင်ရေး အစီအစဉ်များအား ဦးဆောင်စီစဉ်ပေးရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တိုက်တွန်းတောင်းဆိုသည်။

၃) လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်ခဲ့သူများကို အကြမ်းဖက်နှိမ်နှင်းနေမှုများကို ကန့်ကွက်ရှုတ်ချသည်။ အာဏာပိုင်အဆင့်ဆင့်အနေဖြင့် ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မပြုလုပ်ကြရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

၎) ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော ရဟန်းသံဃာများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနဲ့ ပြည်သူများ အဖမ်းအဆီးခံ ပြည်သူများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်။

၅) ၂၀၀၇၊ သြဂုတ်လ (၁) ရက်နေ့က ကုလသမဂ္ဂသို့ ပေးပို့ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦး၏စာကို ထောက်ခံကာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်။

၆) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပိုမိုအင်အားကောင်းမွန်လာစေရန်အတွက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းသွား
ရန် အကြံပြုအပ်သည်။

၇) ဒီမိုကရေစီကျင့်စဉ်အားလုံးကျင့်သုံးမည့် နိုင်ငံတခုတွင် ပါတီအဖွဲ့အစည်းများ၏ ရှင်သန်လှုပ်ရှားနိုင်မှု အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပေသည်။ သို့အတွက် နအဖအစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း၊ ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်ရုံးများအား ပြန်လည်ဖွင့်ခွင့်ပေးရန် နအဖအား တောင်းဆိုလိုက်သည်။

၈) အဖွဲ့ချုပ်ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်ပေးရန် နအဖသို့တောင်းဆိုသည်။
Rest of your post

0 comments: