ဆုံဆည်းရာ
ယခုလက်ရှိတွင် ပခုက္ကူမြို့၌ လုံခြုံရေးများ ဗြောင်ကျကျ ချမထားသော်လည်း အရပ်ဝတ်ဖြင့် ရဲများ နေရာအချို့တွင် မြင်တွေ့နေရပြီး အာဏာပိုင်များ၏အမိန့်ကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်အချို့ ငြင်းဆန်နေသည်ဟု ဆိုသည်။
“လုံခြုံရေးအခြေအနေက သူတို့က ယူနီဖောင်းမ၀တ်ရဲဘဲနဲ့ အရပ်ဝတ်တွေနဲ့ကတော့ ကြွက်တွေ ဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ပဲ။ (ရယက)ဥက္ကဋ္ဌတွေမှာ တော်တော်ခက်ခဲသွားပြီ။ စွမ်းအားရှင်တို့၊ မီးသတ်တို့ကို (ရယက)ဥက္ကဋ္ဌတွေ ခေါ်လို့မရတော့ဘူး။ ဒီဘုန်းကြီးတွေကို နှိပ်စက်တာလည်း မြင်တယ်၊ ပြည်သူကို ကြောက်တာလည်းပါတယ်၊ ဘုန်းကြီးတွေကို နှိပ်စက်လို့ မခံမရပ်နိုင် တာလည်းပါတယ်”ဟု ဒေသခံတဦးက ဆိုသည်။
Rest of your post
Friday, September 7, 2007
နွားရှာမရသည့် နအဖ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment