Thursday, September 27, 2007

စက်တင်ဘာ ၂၇ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၁၆ နာရီ

တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့တွေကို ရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေ ဒေါသထွက်နေတယ်။ လမ်းမှာလဲ ခဲလုံးတွေနဲ့ပျံ့ ကျဲနေကြသည်။ ယခု မျက်ရည်ယိုဗုံး ခွဲဟုသိရှိရသည်။

ဆုံဆည်းရာ

0 comments: