စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစံတော်ချိန် ၁ နာရီ၊ မိနစ် ၂ဝ (သတင်းပေးပို့ချက်)
သံဃာတော် အင်အားက ၃ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။ လမ်းမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ သံဃာတော် တွေ ကိုယ်၌ကိုက ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် ဓာတ်ပုံရိုက်တာ ခွင့်မပြုဘူး။
မန္တလေးမြို့ရှိ မစိုးရိမ် ကျောင်းတိုက် တိုက်ဟောင်းနှင့် တိုက်သစ်မှ သံဃာတော် အပါး ၃ဝဝဝ ခန့်သည် ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မန္တလေး မြို့တွင်းသို့ ခြေကျင် လှည့်လည်ကာ ပရိတ် ရွတ်ဖတ်ခြင်းကို ပြုလုပ်ခဲ့သည်။
အခြေအနေ အသေးစိတ်ကို မန္တလေး ဒေသခံတဦး ပြောပြချက်အတိုင်း တင်ပြလိုက်ပါ သည်။
“ဒီကနေ့ မစိုးရိမ် တိုက်သစ်၊ တိုက်ဟောင်းက ထွက်တယ်။ ၃၈ လမ်းအတိုင်း အထက်ကိုတက်တယ်။ နောက်ပြီး ၈၂ လမ်းအတိုင်း မြောက်ဘက်ကို ချီတက်တယ်။ သံဃာ ၅ ပါး တတွဲပေါ့၊ တန်းစီပြီးတော့ မေတ္တာသုတ် ရွတ်တယ်။ အဲဒီကနေမှ ၂၆ ဘီလမ်းအတိုင်း ဈေးချို နာရီစင်ကို ဖြတ်တယ်။ ဈေးချို နာရီစင်ကနေ အိမ်တော်ရာ အနောက်ဘက် လမ်း ၉ဝ လောက်ကျတော့ ကျနော်တို့ တောင်ဘက်ကို ပြန်ချိုးတယ်။ အဲဒီကနေ ပြီးတော့မှ ၃၅ အေလမ်းအတိုင်း ပြန်ချိုးသွားတယ်။ အဲဒီ ၃၅ လမ်းကနေ အရှေ့ဘက်ကို တည့်တည့် ပြန်ကြွလာပြီးတော့မှ မစိုးရိမ် ကျောင်းတိုက်ရှိတဲ့ တောင်ဘက်ကို ပြန်ကြွသွားတယ်။ ၅ ပါးတတွဲစီနဲ့ လျှောက်တယ်။
သံဃာတော် အင်အားက ၃ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။ လမ်းမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ သံဃာတော်တွေ ကိုယ်၌ကိုက ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ဖြစ်ဖြစ် ဓာတ်ပုံရိုက်တာ ခွင့်မပြုဘူး။
လူထု ပရိသတ်ကတော့ လမ်းတွေ ပိတ်ဆို့သွားမှာ စိုးလို့ လမ်းဘေးကနေ ရပ်ကြည့်ကြပါတယ်။ ပြီးတော့ ပြည်သူတွေက သံဃာတော်တွေ နောက်ကနေ ခြေကျင်နဲ့ ရတနာ စက်ဘီးဆိုင်ထိ လိုက်ခဲ့ကြတယ်။ ပရိသတ်ကတော့ လမ်းအပြည့်ပါပဲ။ အထူးသဖြင့် လူစည်ကားတဲ့နေရာ ဈေးချိုတို့လို နေရာမျိုးကို ဖြတ်တဲ့အခါကျတော့ အကုန် ကြပ်ညှပ်သွားတာပေါ့ဗျာ။ ရေကမ်းတာတော့ အစောပိုင်းမှာ မရှိပေမယ့် အိမ်တော်ရာတို့၊ ၃၅ လမ်းဘက်တို့ကို ရောက်လာတဲ့ အခါကျတော့ သံဃာတော်တွေက လျှောက်လာတာလည်း ကြာပြီဆိုတော့ ရေသန့်ဗူးတွေ ကမ်းပြီးတော့ ရေတိုက်ကြတယ်။
၉ နာရီနောက်ပိုင်းလောက်မှာ စတယ်၊ ၁၂ နာရီခွဲလောက်မှာ ပြီးသွားတယ်။ ၃ နာရီလောက် လျှောက်တာပေါ့။ မိုင်အားဖြင့် ဆိုရင်တော့ ၁ဝ မိုင်လောက် ရှိမယ်။ ဘာမှ အနှောင့်အယှက်တွေ မရှိဘူး။ သံဃာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဖတ်ပြီးတော့ ပုံမှန်ပဲ တန်းစီပြီး လျှောက်တယ်။ အရှေ့ဆုံးမှာ သာသနာ့ အလံ ကိုင်ဆောင်ပြီး ချီတက်တယ်။ မဇ္ဈိမ
Saturday, September 22, 2007
သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment