ကမာပုလဲ
ဥပေက္ခာတရားဖြင့် အတိပြီးလျက်
အချိန်ကာလမြစ်၏တိုက်စားသယ်ဆောင်ခြင်းမှာ
မက်မုံရောင်သန္တာတွေအဖြစ် ဖြစ်တည်ရင်ဆိုင်နိုင်သော ---။
မယုံသင်္ကာစိတ်တို့ဖြင့်
ပိုင်းခြားစိတ်ဖြာ ကာရံခဲ့ကြသည့်
အစွန်းရောက်စွဲလမ်းခြင်းမဟာရံတံတိုင်းတို့ကို
အဆုံးမဲ့ချစ်ခြင်းဖြင့်ထိုးဖောက်တိုးဝင်၍
တန်းတူညီမျှပြုပြင်စီရင်နိုင်သော ---။
မေတ္တာတရားသည်
အသည်းနှလုံးမှတဆင့်
အသွေးအသားနှင့်အကျင့်စရိုက်တို့အပေါ်
ခက်ဖြာစီးဆင်းရင်း
ကျဉ်းမြောင်းသောအနှောင်အဖွဲ့တို့မှ
ထာဝရလွတ်မြောက်ရာအရပ်တွင်
မောင့်ဂန္တ၀င်နှင်းဆီနီသည်
(ပျက်မပြယ်နိုင်သော)
မွှေးထုံသင်းပျံ့၊ ထိုရနံ့ဖြင့်
ရဲရင့်ရှင်သန်နိုင်စေသား --- ။
ကမာပုလဲ
Tuesday, September 4, 2007
“အရုဏ်ဦးမှပေးစာ --- နှစ်”
Posted by
ဖိုးညို
at
12:55 PM
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment