အာဏာအတွက် သာသနာဖျက်မယ့်စစ်အုပ်စုရဲ့ သာသနာ့အဖျက်အမှောက်လုပ်ရပ်များအား မသတီသော အားဖြင့် မြန်မာပြည်သံဃာ့တပ်ပေါင်းစုကြီးက လာမည့် စက်တင်ဘာ (၁၇) ရက်နေ့တွင် ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခြင်းအား ပြုလုပ်မည်ကို စစ်အုပ်စုမှ ဇွတ်တိုးမိုက်ကန်းသည့်အနေဖြင့် ရပ်ကွက် ဆွမ်းလောင်းအသင်းများ ပိတ်ပင်ခြင်း၊ ရဟန်းသံဃာများ ဆွမ်းခံကြွသည်ကို ဟန့်တားနှောင့်ယှက်ခြင်းများနှင့် သာသနာ့သူရဲကောင်းတို့၏ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခြင်းအား ပျက်ပြားစေရန် စစ်အုပ်စုမှသာ ဆွမ်းလှူခြင်းများ ပြုလုပ်နေပါသည်။ သံဃာ့သူရဲကောင်းများမှလည်း အာဏာပိုင်မှန်သမျှ၏ ၀တ္ထု ၄ ပါးအား အလှူခံတော့မည်မဟုတ်ပါ။ ထိုသို့အားဖြင့် သံဃာ့သူရဲကောင်းများအား ဆွမ်းအခက်တွေ့စေရန် ဖန်တီးကာ ပတ္တနိက္ကုဇ္ဇနကံ
မအောင်မြင်စေရေးပြုလုပ်နေပါသည်။ သာသနာ့ ဒါယိကာ၊ ဒါယိကာမ ပြည်သူလူထု အပေါင်းတို့ခင်ဗျာ သာသနာ့အကျိုး၊ တိုင်းပြည်အကျိုးအား ထောက်ရှုသောအားဖြင့် ရဟန်းသံဃာတော်များ၏ ၀တ္ထု ၄ ပါးအား မည်သူခွင့်ပြုပြု မပြုပြု ဆက်ကပ်လှူဒါန်းကြပါရန် စစ်မှန်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အကျိုးဖြစ်ရာ ဖြစ်ကြောင်းအတွက် မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့၏ မြန်မာပြည်ကြီးသည် စစ်မှန်သည့် သာသနာဆိတ်သုဉ်းသည့် သာသနာပ ဖြစ်သော ပစ္စန္တရစ်တိုင်းပြည်ဖြစ်သွား ပေလိမ့်မည်။
သာသနာ့ ဒါယိကာ၊ ဒါယိကာမပြည်သူလူထုအပေါင်းတို့ခင်ဗျာ
- မြန်မာပြည်၌ စစ်မှန်သည့် သာသနာမရှိတော့ပါက ရန်သူမျိုး ၅ ပါးတွင်ပါဝင်သော မင်းဆိုးမင်းညစ်၏ ဒဏ်ကို ခံနေကြရပြီှး ရပ်ပစ်ရှစ်ပါးအတွင်းပါဝင်သည့် ပစ္စန္တရစ်တိုင်းပြည်ဖြစ်သွားပေတော့မည်။
- စစ်မှန်သည့်သာသနာအတွက် သံဃာ့သူရဲကောင်းများအား ၀တ္ထုလေးပါးလှူဒါန်းကြ…!
- သံဃာ့သူရဲကောင်းများအား ၀န်းရံကြ…!
ဆုံဆည်းရာ (၁၆ - ၉ - ၂၀၀၇)
Sunday, September 16, 2007
သာသနာ့ ဒါယိကာ၊ ဒါယိကာမ ပြည်သူလူထုအပေါင်းတို့ခင်ဗျာ
Posted by
ဖိုးညို
at
1:55 PM
Labels: သမိုင်းရက်စွဲများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment