Monday, October 1, 2007

စင်္ကာပူတွင် စစ်အစိုးရ၏ လူမဆန်သော လုပ်ရပ်များကို ငြိမ်းချမ်းစွာ ဆန္ဒပြ

နိုဝင်ဘာ ၁ ရက် ၂၀၀၇

စင်္ကာပူရှိမြန်မာသံရုံးရှေ့တွင် အတိုက်အခံပါတီမှ စင်္ကာပူပါလီမန်အမတ်များ နှင့် စင်္ကာပူရောက်မြန်မာများ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြလျှက်ရှိကြသည်။ ဆန္ဒပြပွဲကို ညအချိန်အထိပြုလုပ်သွားမည်ဖြစ်ပြီး လူများက ဖယောင်းတိုင်များ ယူဆောင်လာခဲ့ကြသည်။ ညရောက်လျှင် ဖယောင်းတိုင်များ ထွန်းညှိပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ကြမည် ဖြစ်သည်။
" စလုပ်လုပ်ချင်းတော့ အတိုက်အခံပါတီက စင်္ကာပူလူမျိုး နိုင်ငံရေးသမားတွေပေါ့။ နောက်တော့ မြန်မာတွေ အများကြီးပါလာတယ်။ တရားဝင် ခွင့်ပြုတဲ့ သတင်းကို မသိကြသေးတော့ လူတွေက သိပ်မလာရဲကြသေးဘူးလေ။ တဖြည်းဖြည်းများလာတာ အခုတော့ လူနှစ်ရာ လောက်တော့ ရှိသွားပြီ။ ရင်ဘတ်ဘက်မှာ STOP BLOODSHED IN MYANMAR နဲ့ ကျောဘက်မှာ CONCERN FOR MYANMAR တံဆိပ်လေးတွေ ပါတဲ့ အင်္ကျီတွေ တော်တော်များများက ၀တ်ထားကြတယ်။ အဲဒီ အင်္ကျီတွေကို ဒီမှာလည်း ဝေတယ်ဗျ.. နဲနဲ နဲသွားတော့ ကုန်သွားပြီ။ ကြားတဲ့လူတွေလည်း ပင်နီဆူလာက ကမန်းကတမ်းဝယ်ပြီး ၀တ်လာကြတယ်တဲ့။ ညအထိလုပ်မှာ ခုနှစ်နာရီ ရှစ်နာရီလောက်အထိထင်တယ်ဗျ။ ဖယောင်းတိုင်လေးတွေ ယူလာကြတယ်။ ညကျယင် မီးထွန်းပြီး ဆုတောင်းကြမှာ တဲ့ဗျ" ဆန္ဒပြပွဲတင် ပါဝင်သည့် လူငယ်တစ်ဦးမှ ပြောဆိုသည်။
အံ့သြဖွယ်ကောင်းသည်မှာ ယခုဆန္ဒပြပွဲကို လူ ၄ ယောက်ထက် ပို၍ ရည်ရွယ်ချက်တစ်ခုဖြင့် လူမစုရသော စင်္ကာပူနိုင်ငံတွင် အစိုးရက တရားဝင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ညမှောင်တော့ ရဲတွေရောက်လာပြီး လူစုခွဲရန် ကြိုးစားသည့်အနေဖြင့် လာရောက်သတိပေးသည်။ ဆန္ဒပြပွဲဦးဆောင်သူ စင်္ကာပူအမတ်မှ ညှိနှိုင်းလို့ရသွားသည်။ တညလုံးဆုတောင်းကာ ဆက်လက်ဆန္ဒပြကြမည်။

ဆန္ဒပြသူတဦးမှ "လူတွေတော့ နဲနဲ နဲနဲ နဲ့ တိုးတိုးလာတာ အခု ၂၅၀ လောက်ရှိသွားပြီ။ ဒီလိုနဲနဲ များလာတော့ စင်္ကာပူရဲက လူစုခွဲဖို့လာပြောတယ်။ ရဲတွေရှိနေတော့ နောက်ရောက်လာတဲ့သူတွေက တွန့်ပြီး ၀င်မလာရဲကြဘူး။ ဒါပေမယ့် ဆန္ဒပြပွဲကို ဦးဆောင်တဲ့ စင်္ကာပူအမတ် က ရဲတချို့ကို ပြောလို့ရသွားတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ တညလုံး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမယ်။ မနက်လေးနာရီမှ ပြန်ကြမယ်တဲ့ဗျ။ အခုလောလောဆယ် အနောက်နိုင်ငံသူ အမျိုးသမီးကြီးက လည်း ရပ်ကြည့်နေရင်းက ၀င်ရောက်ပူးပေါင်းလာပြီး မြန်မာတွေနဲ့ အတူတူ ၀င်ရောက်ဆန္ဒပြနေတယ်" ဟု ပြောဆိုသည်။




ဆုံဆည်းရာ (photo by soneseayar in Singapore)

0 comments: