Thursday, September 27, 2007

ဧရာဝတီ | စက်တင်ဘာ ၂၇၊ ၂၀၀၇

မန္တလေးမြို့- မန္တလေးတိုင်း - နေ့လယ် ၁နာရီ ခန့်တွင် ဘုရားကြီးရှိ ကျောင်းတိုက်များ၊ ဒမိကာရာမ ကျောင်းတိုက်၊ အာသောကာရာမ ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက် ဆန္ဒပြနေကြောင်းသိရသည်။

“နာရီဝက်လောက် တုံးခေါက်တယ်၊ လက်ခတ်မောင်းတီးတယ်၊ ဘုရားကြီအရှေ့မုခ်မှာ လုံထိန်းတွေ စစ်တပ်တွေ သံဆူးကြိုး အထပ်ထပ်နဲ့ ပိတ်ထားလို့ အနှောက်ဘက်မုခ်ကနေ စထွက်တယ်၊ သံဃာ တွေ ထွက်သွားတာနဲ့ သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေ လက်ခုတ်သံကို ကြားနေရတယ်” ဟု ဘုရားကြီး ကျောင်း တိုက်ရှိ ဦးပဉ္ဖင်းတပါး ကပြောသည်။
လူထူထပ်ရာ ဖြစ်သည့် ဈေးချိုဘက်သို့သွားရာ လမ်းမများ၊ ဦးပွားဘုရား၊ မန်းမြို့ဈေးဘက်များ တွင် စစ်တပ်နှင့် လုံထိန်းများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားသည် ဟုလည်း သိရသည်။

ဆူးလေဘုရား-ရန်ကုန် - နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းနေစဉ် တီရှပ်အပြာရောင်ဝတ် နိုင်ငံခြားသားတဦးကို သေနတ်မှန်ကာ လဲကြသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါနိုင်ငံခြားသားသည် သတင်းထောက်ဖြစ်နိုင်ပြီး ၎င်းအား စစ်သားများကဆွဲသွားသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။
အာဏာပိုင်ဘက်က သေနတ်ဖြင့်ပစ်သည့်အပြင် မျက်ရည်ယိုဗုံးများလည်းသုံးကြောင်း ဆန္ဒပြသမား ၁၀ ဦးခန့် သေနတ်ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

0 comments: