Monday, September 24, 2007

လတ်တလော မန္တလေးအခြေအနေ

စက်တင်ဘာ ၂၄ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ညနေ ၃ နာရီ

ယနေ့ ၂၄၊ ၉၊ ၂၀၀၇ နေ့လည် ၂ နာရီခန့် မန္တလေး တွင် သံဃာတော်များ စီတန်းလှည့်လည်ခဲ့ပါသည်။ ၃၅ လမ်းဖက်မှ ၇၃ လမ်းတစ်လျှောက်သွားခဲ့တာဖြစ်ပါတယ်။

အရှေ့ဆုံးတန်းတွင် သာသနအလံ နှင့်အတူ မဟာမုနိပုံတော်ကို ကိုင်ဆောင်ထားပါတယ်။ ဒုတိယအတန်းတွင် သပိတ် ၄ လုံးကို မှောက်လျှက်ကိုင်ဆောင်ထားပါတယ်။

သံဃာတော်များ မှာ သုံးပါးတစ်တန်းစီးတန်းလျှက်ကြွချီကြပြီး ၅ ပြခန့် ရှည်လျားပါတယ်။ သံဃာတော်များမှာ မေတ္တသုတ်ကို ရွတ်ဆိုသွားကြပါတယ်။

၇၃ လမ်းတလျောက်မှ ကျုံးထိပ်သို့ကြွပြီး ၂၆ လမ်းအတိုင်း အောက်သို့ ဆင်းသွားပါတယ်။ မင်္ဂလာတံတားထိပ်တွင် အရှေ့ဘက်မှ ဆင်းလာသော (၁ ပြခန့် ရှည်သော) သံဃာအုပ်စုနှင့် ပေါင်းသွားတယ်လို့ ပြောပါတယ်။ သံဃာတော်များကို ရေဘူး၊ အချိုရည် ဆက်ကပ်သူများ လဲရှိပါတယ်။ တစ်ချို့မှာ လမ်းဘေးမှ တစ်ချို့မှာ ဆိုင်ကယ်နှင့် လိုက်၍ဆက်ကပ်ကြပါတယ်။ ဘေးမှာ ဆိုက်ကား ၂ စီးမှလဲ ရေဘူးများတင်ဆောင်၍လိုက်ပါလာပါတယ်။ ယခု စာရေးချိန် (၂း၃၀ ခန့်)တွင် ၂၆ လမ်းအတိုင်းဆင်းသွားပါတယ်။

ယခုစာရေးနေချိန် (၂း၃၀ ခန့်) မှာပဲ ၇၃ လမ်းအတိုင်း သံဃာအုပ်စု တစ်စု ၃၅ လမ်းဘက်သို့ ကြွသွားပါတယ်။ ၁ ပြခန့်ရှည်လျားပြီး နောက်မျာ လူတချို့က မေတ္တာပို့ကို ရွတ်ဆို၍လိုက်ပါသွားကြတာကို တွေ့ရပါတယ်။ ဘယ်ကို ကြွတယ်ဆိုတာကိုတော့ မသိသေးပါခင်ဗျား။ (မန္တလေး သတင်းပို့ချက်)

ဆုံဆည်းရာ

0 comments: