နေ့စွဲ - စက်တင်ဘာ ၂၂၊ ၂၀၀၇ ။
၁။ ယနေ့ ပြည်သူလူထုကြီးကိုယ်စား၊ ပြည်သူလူထုကြီး၏ရှေ့က မားမားမတ်မတ်ရပ်၍ ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ် တိုက်ပွဲဝင်နေကြသော သံဃာထုတရပ်လုံးနှင့် ကျောင်းသားထု တရပ် လုံး၏ အကြမ်းမဖက်သော လှုပ်ရှားမှုကို ကျွန်ုပ်တို့ အနုပညာရှင်များက အပြည့်အ၀ တခဲနက် အသိအမှတ် ပြုပါသည် ။
၂။ ယနေ့ လတ်တလော အခြေအနေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက နိုင်ငံတော်အစိုးရထံ ကြေညာတောင်းဆိုထားသော တောင်းဆိုချက် (၄)ရပ်ကို ကျွန်ုပ်တို့ အနုပညာရှင်များက အကြွင်းမဲ့ ထောက်ခံပါသည် ။
၃။ သို့ဖြစ်၍ ယနေ့ သံဃာထုကြီးနှင့် ကျောင်းသားထုကြီးက ကိုယ်ကျိုးစွန့်အနစ်နာခံ ဦးဆောင်ဆင်နွဲနေသော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်သူလူထုကြီးအနေနှင့် ကျွန်ုပ်တို့ အနုပညာရှင်များနှင့်အတူ၊ ရင်ပေါင်တန်း၍ ပါဝင်ချီတက်ကြပါရန် ရဲရင့် ရိုးသားစွာ နှိုးဆော် တိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် အနုပညာရှင်များ
Monday, September 24, 2007
မြန်မာနိုင်ငံ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် အနုပညာရှင်များ၏ ပြည်သူလူထုကြီးသို့ ပန်ကြားချက်
Posted by
Tide
at
12:48 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment