Friday, September 21, 2007

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သံဃာတော်များ စုဝေးဆန္ဒပြ

စက်တင်ဘာ ၂၁ ရက် ၂၀၀၇
ညနေ ၄း၄၅ နာရီ

သပိတ်မှောက်ကံဆောင်တဲ့ သံဃာတော် အပါး (၁၀၀၀)ခန့် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ညနေ (၃)နာရီကျော်ကစပြီး စုဝေးမေတ္တာပို့ အမျှဝေနေပါတယ်။

သံဃာတော်တွေဟာ မိုးသည်းသည်းမည်းမည်းရွာနေတဲ့ထဲမှာ ခုလို ကြွချီဆန္ဒပြနေတာဖြစ်ပြီး ပြည်သူထောင်ပေါင်းများစွာကလည်း စုဝေးအားပေးနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ ဒီဗွီဘီ

0 comments: