စက်တင်ဘာ ၁၈ ရက် ၂၀၀၇
“အာရုံတက် ငါးနာရီမှာဆိုတော့ အလင်းရောင် အားနည်းတာပေါ့နော်။ အလင်းရောင် အားနည်းတော့ ရွှေပေါက်တင် ဆရာတော် ဦးညာန မြို့နယ် သံဃနာရဂ အတွင်းရေးမှူးရဲ့ ဂျစ်ကားက နောက်ကနေ မီးထိုးပြတယ်။ ထိုးပြတော့ သံဃာတွေ အေးအေးဆေးဆေးနဲ့ မေတ္တာရွတ်တာ ကို အနှောက်အယှက် မရှိဘူး။” ဟု ဆန္ဒပြရာတွင် ပါဝင်သူ သံဃာတော် တပါးက မဇ္ဈိမ သို့ ပြောပြသည်။
“အနောက်အယှက် ဘာမှတော့မရှိဘူး။ ဒါပေမယ့် လမ်းတစ်ဝက် ရွေကျောင်းတောင်နားပေါ့၊ မသင်္ကာဖွယ် တခုတော့ တွေ့ရတယ်။ ရဲအဖွဲ့တွေက ဒိုင်နာကား တစီးရှိတယ်။ ရယက လူကြီးတွေရောပေါ့။ အဲဒီထဲမှာ ဦးပဉ္ဇင်းတို့ သိတဲ့ သူတွေလဲ ပါတယ်။ သူတို့က ဘယ်လိုလဲ ဆိုတော့ ဦးပဉ္ဇင်းတို့က အနောက်ဘက် လမ်းကနေ သွားတယ်ဆိုရင် သူတို့က အရှေ့ဘက်လမ်း ဆိုင်ကယ်တွေက ဘေးနားကနေ ကပ်ပြီးတော့ လိုက်တယ်။ သူတို့ကလည်း တော်တော်များတယ်။ ဆိုင်ကယ်က ငါးစီးလောက် ရှိတယ်။ နောက်ပြီးကျတော့ သံဃာ့နာယက ဥက္ကဌကနေ့ ဦးပဉ္ဇင်းတို့ နောက်ကနေ ထပ်ချပ်မကွာ လိုက်တယ်။ ဦးပဉ္ဇင်းတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ မေတ္တာ ရွတ်ဖတ်တယ်။”
မဇ္ဈိမ သတင်းဌာန
Tuesday, September 18, 2007
အောင်လံမြို့တွင် သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပြီး လမ်းလျောက် ဆန္ဒပြ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment