Sunday, September 30, 2007

စင်္ကာပူနိုင်ငံ တိုပါးရိုးဘုန်းကြီးကျောင်းတွင် ဒုတိယအကြိမ်ပြုလုပ်သော ၀တ်ပြုဆုတောင်းပွဲ

စက်တင်ဘာ ၃၀ ရက် ၂၀၀၇

စင်္ကာပူနိုင်ငံရှိ တိုပါးရိုးဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံတွင် အသက်ပေးစွန့်စားနေကြသော မြန်မာလူမျိုးများတွက် ၀တ်ပြုဆုတောင်းပွဲ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ၎င်း ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်သော မြန်မာအများစုမှာ အနီရောင်အင်္ကျီများ ၀တ်ဆင်ထားကြပြီး၊ အချို့မှာ လက်မောင်း (သို့) လက်ကောက်ဝတ်တွင် အနီရောင်အ၀တ်စချည်နှောင်ခြင်းဖြင့် ဗမာပြည်တွင် အထွေထွေသပိတ်မှောက်နေသည့် သံဃာ၊ ကျောင်းသားနှင့် ပြည်သူများအား ဂုဏ်ပြုထားသည်။ ငါးရောင်ခြယ်သာသနာ့အလံ တချို့ကိုလည်း ဝေမျှခဲ့ပြီး၊ ရင်ဘတ်တွင် တတ်ဆင် ဂုဏ်ပြုခဲ့ကြသည်။ အဆိုပါ ၀တ်ပြုဆုတောင်းပွဲကို မြန်မာနိုင်ငံသား ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဆုံဆည်းရာ



0 comments: