Friday, September 28, 2007

ဆန္ဒပြသူများအား စစ်တပ်က လေးခွနှင့်ပစ်၊ စစ်တပ်အား မပစ်ရန်လည်း အော်ဟစ် ကြေညာ

ရန်ကုန်မြို့အနော်ရထာလမ်းနှင့် ဘားလမ်းတ၀ိုက်မှ တပ်မ (၆၆)က ဆန္ဒပြသူလူထုကို လောက်လေးခွတွေနဲ့ လိုက်ပစ်ကြောင်း သိရသည်။ စစ်တပ်ကို အထပ်အမြင့်ခန်းများပေါ်မှ လောက်လေးနှင့်မပစ်ဖို့၊ ဂျင်ကလိနှင့်မပစ်ဖို့ ဆန္ဒပြသူတွေကို စစ်တပ်ကလိုက်လံပစ်ခတ်စဉ် အိမ်တွေကနေ တံခါးဖွင့်ပေး၊ ပုန်းအောင်းခွင့်ပေးသူတွေကို အရေးယူမယ်လို့ လိုက်လံ ကြေညာကြောင်း သိရသည်။ စစ်ကား (၄)စီးနှင့် အသံချဲ့စက်သုံးပြီး လိုက်လံအော်ဟစ် ကြေညာနေသောတပ်သည် လက်မောင်းတွင်တပ်ထားသည့် တပ်တံဆိပ်အရ တပ်မ (၆၆)က ဟု သိရပြီး ပြေးဝင်ပုန်းအောင်းလာသူများကို လက်ခံသော အိမ်ထောင်စုများကို အရေးယူ မည်ဟုလည်း ကြေညာကြောင်း သိရသည်။



ဆုံဆည်းရာ


0 comments: