5:15 PM
ဆန္ဒပြ သံဃာတော်များ လူစုခွဲလိုက်ပြီ ဖြစ်သည်။ သံဃာတော်များက မနက်ဖြန်တွင် ပြုလုပ်မည့် ဆန္ဒပြမည့် အစီအစဉ်များကို ကြေညာရာ တွင် ရွှေတိဂုံ ဘုရားသို့ ချီတက်မည်ဟု ပါရှိသည်။
4:45 PM
“ဆူးလေမှအပြန် အလံပြဘုရား လမ်းအတိုင်း လျှောက်လာတယ်။ နောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းလမ်း ဘူတာကြီးဘက်ကို ကွေ့လိုက်ပြီး ပန်းဆိုးတန်း ဂုံးကျော်တံတားကို ဖြတ်ပြီးတော့ ပုဇွန်တောင်ဘက် ချီတက်နေကြတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
“ဘူတာကြီးလမ်း အကျော်မှာ ကြံ့ဖွံ့တွေ လုံးဝ မရှိတော့ဘူး။ ပြည်သူအင်အား တသောင်းလောက် ဖြစ်သွားတယ်။” ဟု သူက ထပ်ပြောသည်။
3:45 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များ ယုဇနပလာဇာ ဘက်မှသည် သိမ်ဖြူလမ်းကို ဖြတ်၊ အထက် ပန်းဆိုးတန်းလမ်းမှ ဆင်းလာပြီးနောက် ဆူးလေဘုရား ဘက်ကို ဦးတည် ချီတက်နေကြသည်။
3:30 PM
ဆန္ဒပြ သံဃာတော်များ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့ ရောက်နေပြီး မင်္ဂလာဈေး ဆက်လက် ချီတက် နေကြသည်။
“ကြံ့ဖွံ့တွေက ဆွဲလား၊ ရမ်းလားလုပ်တယ်။ အရှေ့က ကြံ့ဖွံ့တွေက ဘုန်းကြီးတွေ ရှေ့ကနေပြီးတော့ ဦးဆောင်ပြီး လျှောက်နေတယ်။ သူတို့ကလည်း ဘုန်းကြီးလို ဘာလိုလိုနဲ့။ ရိုက်နှက်တာတော့ မရှိဘူး။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။
“ရှေ့က ၃ပါးက သာသနာ့အလံ ကိုင်ထားတယ် အဲက သုံးလေးပါး အကျော်မှာ ကိုယ်တော် တစ်ပါးက သပိတ်ကို မှောက်လာတယ်။ အရှေ့က သုံးယောက်တွဲ နောက်ကတော့ လေးယောက်တွဲ လျှောက်နေတယ်။ ဟိုးနောက်ဆုံးမှာမှ နှစ်ယောက် တစ်တွဲ လျှောက်လာတယ်။” ဟု သူက ထပ်ပြောသည်။
နောက်ထပ် မျက်မြင်သက်သေ တဦးက “ဦးရေ ၁ ထောင်ကျော်လောက် ရှိမယ်။ တော်တော် များတယ်။ ပြည်သူတွေက ထီးဆောင်းပြီး ဘေးနားမှာ ပါဝင်မှု ရှိတယ်။ အန်တီ တစ်ယောက်တောက် ဘေးနားက ငိုနေတယ်။ သူတို့ မထွက်လို့ ဆရာတော်တွေတောင် လမ်းလျှောက်ရတယ် ဆိုပြီး ငိုနေတယ်။” ဟု ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများ ဆန္ဒပြပွဲကို ဖြိုခွင်းသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များကိုလည်း တွေ့ကြရကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောသည်။
“ကျနော်တို့ကို ရွှေဂုံတိုင်မှာ ဝင်ရိုက်ခဲ့တဲ့ သူတွေလဲ ပါတယ်၊ ဘုန်းကြီးတွေ ရှေ့ကနေပြီးတော့ ဘုရားတကာလို ခွာပြီးတော့ လိုက်နေတယ်။ လျောက်နေတယ်။” ဟု တက်ကြွ လှုပ်ရှားသူ တဦးက ပြောသည်။ မဇ္ဈိမ

0 comments:
Post a Comment