Thursday, September 27, 2007

လက်နက်ကိုင် နိုင်ငံ့ ၀န်ထမ်းများသို့ 

စစ်သားတို့စောင့်ထိမ်းရမည့် သစ္စာတရား (၄)ပါး

(၁) ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတကံကို ခံယူရခြင်း
(၂) သူတပါး ဇနီးမယား၊ သမီးပျိုနှင့် သူတပါးဥစ္စာကို မကျုးလွန် မလုယူရခြင်း
(၃) ရန်သူမဟုတ်သူကို မသတ်ရခြင်း
(၄) ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း

စစ်ထဲ၌ မသက်ရာသည် (၄)ပါး

(၁) လက်နက်ချလျက်ပြေးသူ (သို့မဟုတ်) ရှိခိုးဦးညွှတ်နေသူ
(၂) အ၀တ်အစားအလွတ် ပြေးသူ
(၃) မိန်းမ
(၄) ရဟန်း


တပ်မတော်သားများအပါအ၀င် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနများ၌ တာဝန်ထမ်းဆောင်နေသော ရဲဘော်များ ခင်ဗျာ …


သံဃာတော်တွေဆိုတာ ခင်ဗျားတို့ ကျုပ်တို့အားလုံးကိုးကွယ်နေကြတဲ့ ဘုရားသားတော် တွေပါ။ အားလုံးကိုလည်း တရားရေအေး တိုက်ကြွေးနေကြတဲ့သူတွေပါ။ အဲဒီသံဃာတွေကို သတ်တယ်ဆိုတာ ကိုယ့်မိဘကို ကိုယ်သတ်တာထက် အပြစ်ကြီးပါတယ်။ ဘာသာရေးအရ မမှန်းဆနိုင်တဲ့ အပါယ်ငရဲကို လားတတ်ပါတယ်။ အခြားအရာတွေ အပြစ်လုပ်တာထက်လည်း အပြစ်ပိုကြီးပါတယ်။

လူထုဆိုတာကလည်း ထမင်းရှင်တွေပါ။ လူထုဆိုတာ အားလုံးပါပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင်လည်း လူထုဘ၀နဲ့ ကင်းလွတ်တဲ့ သီးခြားအတန်းအစားတရပ် မဟုတ်ပါဘူး။ ခင်ဗျား တို့မှာလည်း မိသားစုတွေ ရှိမှာပါ။ အဲဒီလူထုရဲ့ ကျေးဇူးကို သိတတ်ရပါမယ်။
ဘယ်အရာက ရန်သူ၊ ဘယ်အရာက မိတ်ဆွေလည်းဆိုတာကို ခွဲခွဲခြားခြားနဲ့ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။

ဆုံဆည်းရာ

0 comments: