Sunday, September 30, 2007

အီးမေးသတင်း

လက်ပူးလက်ကြပ်မိနေတာတောင် မုန်လာဥလုပ်နေတဲ့ နအဖ
စက်တင်ဘာ ၃၀ ရက် ၂၀၀၇

ဒီကနေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် မိစ္ဆာများက လူသတ်ကောင်ဟာ သူတို့ စစ်တပ်မှ မဟုတ်ကြောင်း နိုင်ငံတော် အနေနဲ့ ဘာသာ၊ သာသနာကို ရိုသေလေးစားကြောင်း သံဃာတော်တွေကို လက်ဖျားနဲ့တောင် မတို့ခဲ့ကြောင်း တကယ့် လူသတ်ကောင်အစစ်များမှာ ကိုဌေးကြွယ်၊ မနီလာသိန်းနှင့် ကိုမိုးသီးဇွန်တို့ဖြစ်ကြောင်း မိစ္ဆာများက သတင်းစားခေါင်းကြီးပိုင်းတွင် လိမ်ညာရေးသားဖော်ပြထားခြင်းဖြင့် ပြည်သူလုထုမှာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သိရှိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ပြည်သူလုထုမှာ သတင်းစာတိုက်အား ၀ိုင်းရန် စီစဉ်နေကြောင်း သိရှိရပါသည်။

မိစ္ဆာကောင်းများက ပြည်တွင်း အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်အတွက် လောလောဆယ်အချိန်တွင် ၎င်းတို့ကိုယ်တိုင် ၎င်းတို့ပိုင်ဆိုင်သည့် ၀က်ဘ်ဆိုက်များသို့လည်း မုသာဝါဒသတင်းများ၊ လိမ်ညာဝါဒဖြန့်ချက်များ မပေးပို့ မလွှင်တင်နိုင် ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် မိစ္ဆာများ လူစုနေ
စက်တင်ဘာ ၃၀ ရက် ၂၀၀၇

မိစ္ဆကောင် ထောက်ခံပွဲများ ပြုလုပ်၇န် မင်္ဂလာဒုံမြို့နယ်အတွင်း လူလိုက်စုနေကြောင်း သတင်းများရရှိပြီး၊ မိစ္ဆာကောင် ထောက်ခံပွဲလိုက်လျှင် လူတဦး ကျပ်ငွေ တသောင်းစီ ပေးမည်ဟု ဆိုကြောင်း၊ ရပ်ကွက် တခုစီကို ကျပ်ငွေ ၆၂ သိန်းစီ ချထားပေးကြောင်း၊ မိစ္ဆာကောင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များမှ ဒီကနေ့ သတင်းရရှိပါသည်။

ရန်ကုန်တွင် တပ်တွေ အပြောင်းအလဲလုပ်
စက်တင်ဘာ ၃၀ ရက် ၂၀၀၇

မနေ့ညပိုင်းက ရန်ကုန်မြို့၊ မြို့နယ်အတော်များများကို မိစ္ဆာကောင်များက လျှပ်စစ်မီးတပြိုင်တည်း ဖြတ်တောက်လိုက်ပြီး ကင်းပုန်းများ ချသွားကြောင်းနှင့် တပ်အပြောင်းအလဲများ ပြုလုပ်သွားကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ မနေ့က တပ်မ ၇၇ နေရာ ယူတပ်စွဲထားသော ၎င်းတို့ထဲတွင် ဗမာစကား ကောင်ကောင်းမတတ်သူများ ပါဝင်ခဲ့ပြီး ဒီကနေ့ နေရာယူတပ်စွဲထားသည့် တပ်မ ၆၆ တွင် ကလေးသာသာအရွယ် စစ်သားကလေးများ (ကလေးစစ်သားများ) များစွာ ပါရှိနေကြောင်း မျက်မြင်သက်သေများက ပြောကြားပါသည်။

0 comments: