Saturday, September 8, 2007

ကိုဂျင်မီကျဆုံးသွားသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မစုစုနွေး၏ပြောကြားချက်

မစုစုနွေး

“ကျမတို့ကရော၊ အိုင်စီအာစီတို့၊ သံရုံးတွေကလည်း အကုန်လုံး လိုက်နေတာ။ ဒါပေမယ့် ကျမတို့ သွားတွေ့တဲ့ အခါကျတော့ သူတို့က မဟုတ်ဘူးလို့ပဲ ပြောပါတယ်။ မဟုတ်ဘူးဆိုရင် သူတို့ကို ဘယ်မှာထားတာလဲ၊ သူတို့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါတယ်၊ သူတို့ မိသားစုတွေကို ဘယ်လို အကြောင်းပေးပါမယ် ဆိုပြီး တစုံတရာ တုံ့ပြန်တာ မရှိပါဘူး။ အဲဒီတော့ မိသားစုတွေရော၊ နိုင်ငံရေး အင်အားစုတွေရော၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို ထောက်ခံတဲ့ ပြည်သူလူထုတွေက အရမ်း စိုးရိမ်နေကြပါတယ်ရှင်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အနေနဲ့ပေါ့နော်၊ တရားဥပဒေ နည်းလမ်း ကျကျပေါ့။ သူတို့က ရာဇဝင်သူခိုး ဂျပိုးတွေလည်း မဟုတ်ပါဘူးရှင်၊ လူဆိုး သူခိုးတွေလည်း မဟုတ်ဘဲနဲ့ တိုင်းပြည်အတွက်ကို ပေါ့နော်၊ မြန်မာနိုင်ငံ ဒ'ီမိုကရေစီ ရရှိရေး အတွက်ပေါ့နော် သူတို့ရဲ့ ဘဝတွေရော၊ စိတ်ကူးတွေရော အကုန်လုံး စတေးပြီးတော့ တောင်းဆို ပေးနေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အခုလို လူမသိ သူမသိနေရာမှာ နှိပ်စက် ညှင်းပမ်း ပြီးတော့ ဖမ်းဆီးထားတာ၊ မိသားစုနဲ့တွေ့ခွင့်မပေးတာဟာ တရားဥပဒေကို လိုက်နာလေးစားမှုမရှိဘူးလို့ ပြောချင်ပါတယ်။”

၈ - ၉ - ၂၀၀၇

0 comments: