Thursday, September 27, 2007

စက်တင်ဘာ ၂၇ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ၂း၁၀ မိနစ်

ခုနလေးတင် စစ်ကား ၃စီး စစ်သားပြည့်၊ ဒိုင်နာ လူပြည့် ၂ စီး အလွတ် ၁ စီး ၊ ဟိုင်းလတ် ၁ စီး စစ်သားပြည့် နှင့် ထောင်ကားလွတ် ၁ စီး ၊ မီးသတ်ကား ၁ စီး အနော်ရထာမှဖြတ်သွားသည် ဆူးလေဘက်ကိုဖြစ်ပါတယ်။ ဒိုင်နာပေါ်က ဖမ်းထားတဲ့လူတွေလား စွမ်းအားရှင်တွေလားမသိရပါ။ စစ်ကားပေါ်မှ စစ်သားများ မှာ အနီရောင်လည်စည်း ၊ အပြာရောင်လည်စည်းများ စည်းထားကြတယ်။

နောက်ပြိး အ၀ါရောင်လည်စည်းနှင့် စစ်သားများ ၁၀ ယောက်တစ်တန်း အင်အားပြနေသည် အင်အား ၅၀ ခန့်ရှိဟု သိရှိရသည်။

ဆုံဆည်းရာ

0 comments: