Monday, September 10, 2007

တောင်တွင်းကြီးမှာ ကြံ့ဖွံ့ က အကြမ်းဖက်မယ့်ဟန်ပြင်

“ရယက၊ မယက က စွမ်းအားရှင် ဆိုပြီးတော့ ရပ်ကွက်တိုင်းမှာ တရပ်ကွက်ကို ၁၀ ယောက်၊ပြီးခဲ့တဲ့ ၅ ရက်လောက်ကနေ စပြီးတော့ စွမ်းအားရှင် စာရင်းကိုပေးပြီးတော့၊ အဲဒီ သူတို့ ရယက ရုံးတွေကနေ အမာခံ ပုံစံနေတာမျိုး မဟုတ်တော့ဘဲနဲ့ အဓိ က ဦးဆောင်လှုပ်ရှားလိမ့်မယ်လို့ ယူဆတဲ့လူတွေရဲ့  အိမ်နားတ၀ိုက်မှာကို အဲဒီစွမ်းအားရှင်တွေက ရိုက်ဖို့၊နှက်ဖို့ ထုလို့ ရတဲ့ တုတ်မျိုးတွေနဲ့ အဲဒီလူတွေရဲ့  အိမ်အနီးဆုံးနေရာထိအောင် နေရာယူပြီးတော့ သူတို့က စောင့်ကြည့်နေတာတွေအထိ လုပ် လာတာ တွေ့ ရတယ်ဗျာ။”

“ကျနော်တို့ တောင်တွင်းကြီးမြို့ပေါ်မှာက ရပ်ကွက် ၁၀ ရပ်ကွက် ရှိတယ်လေ။ ၁ ရပ်ကွက်ကို ၁၀ ယောက် တောင်းထား တယ်။ လူဦးရေ ၁၀၀ ကို သူတို့က ရိုက်ဖို့အတွက်ကို သီးခြားမြို့ပေါ်က သူတို့ရဲ့ စီမံချက်က ၀ါးရင်းတုတ် ကိုင်ပြီးတော့ ရိုက်ဖို့  ရည်ရွယ်ထားတဲ့ လူအင်အား သူတို့ဘက်မှာ ရှိတယ်။”

“လူရမ်းကားတွေကနေပြီးတော့ တကယ့် လူမိုက်ဆန်ဆန် လမ်းပေါ်မှာ ရိုက်ပွဲတွေကိုဖန်တီးထားတဲ့ လုံခြုံရေးမျိုးပေါ့ဗျာ။”

0 comments: