Saturday, September 22, 2007

ငါးရောင်ခြယ်

ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်၊။

မောင်လွမ်းဏီ

2 comments:

YeKyawAungMDY said...

ကဗျာကကောင်းတယ်။ ကိုလွမ်းဏီ။ အခုတလော ကျနော်ဆုံဆည်းရာမှာပဲ သတင်းဖတ်ဖြစ်တာများတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်ကိုပဲ breaking live news ဖြစ်နေလို့ပါ။ ဆုံဆည်းရာ အဖွဲ့သားများကို ဂုဏ်ယူလေးစားမိပါတယ်။
အဘ ဦးမြင့်အောင်ကိုလည်း သတိရမိတယ်။ အမြဲတမ်း NCCS က ရုံးမှာ ညနေစောင်းရင် ပြောနေကြစကားရှိတယ်။ ဒီမိုကရေစီရပြီဆိုတာနဲ့ မန္တလေးပြန်ပြီး၊ ခေါင်းချမယ် ဒီမိုကရေစီနိုင်ငံဖြစ်သွားတာကိုတော့ သူမသေခင်တော့ မြင်သွားချင်ခဲ့တယ်လို့တဖွဖွပြောခဲ့တယ်။ သူဆုံးတော့ ကျနော် အဲဒီမှာ မရှိခဲ့ပါ။

Anonymous said...

ဒဏ္ဍာရီထောင့်ချိုးထဲ
ပုန်းလျှိုးနေခဲ့တဲ့ မန္တာန်တွေ
တစ်ဖန်နိုးကြွ လာချေပြီ

လောကရဲ့ အလှကို ရိုက်ချိုး
နတ်ဆိုးတို့ တန်ခိုးထွားရာခေတ်တိုင်းမှာ
သိုးထိန်းတွေ ဆိုလာခဲ့တဲ့တေးသွား
ရာစုနှစ်များစွာ ဖြတ်သန်းရင်း
လမ်းပေါ် စီးဆင်းကုန်ကြပြီ

သူတို့အသံနဲ့ ထိခတ်သမျှ
သံတိုင်နဲ့ သံခြေကျင်းများ
နံရံနဲ့ သော့ခလောက်များ
မြေတိုက်ထဲက ကြိုးတန်းလန်းများ
ယန္တရားတို့ တဒီးဒီးတုန်ခါ
သံချေးတက်တံခါးတွေမှာ
ကိုက်ခဲထားကြတဲ့ ပတ္တာတွေ
အိတွဲညွတ်ခွေ ကျကုန်ပြီ
................................
................................