Friday, September 7, 2007

ပြတ်ပြတ်သားသား တုံ့ပြန် သွားမယ်

“ဒီလိုအစိုးရကနေပြီးတော့ လက်သပ်မွေးထားတဲ့ စွမ်းအားရှင်တို့ ကြံ့ဖွံ့တို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ လူမှုရေး အဖွဲ့အစည်းမဟုတ်တော့ဘူး၊ အစိုးရရဲ့ လက်ကိုင်တုတ် သီးခြားတွေဖြစ်ကုန်ပြီ။ သံဃာတော်ကိုတောင်မှ ကြိုးတုပ်ပြီးတော့ ပါးရိုက်ရဲတဲ့ အထိကို မိုက်ရိုင်းစော်ကားလာပြီဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ အမျိုးဘာသာ သာဿနာတခုလုံး အတွက်ကို ကျနော်တို့ပြည်သူဟာ သည်းခံတော့မှာမဟုတ်ဘူး၊ အဲဒီလိုပဲ လက်နက် အားကိုးနဲ့ လူထုကို ခြိမ်းခြောက်ပြီးတော့ အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အာဏာရှင်ကို ကျနော်တို့လူထုက လက်မခံတော့ဘူး။ ဒီလို ကျူးလွန်စော်ကားမှုတွေကို ကျနော်တို့ဟာ ပြတ်ပြတ်သားသား တုံ့ပြန် သွားတော့မှာဖြစ်တယ်ဆိုတာကို ကျနော်တို့ပြောချင်တယ်”

ကိုဌေးကြွယ်
၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင်

၇-၉-၂၀၀၇

0 comments: