ညီနိုင်
ငုံ့ကြည့်စမ်း
ကုန်သည်ပွဲစားတို့
ဇိမ်ကြီးရှင်တို့
ဝန်ထမ်းတို့
လယ်သမား အလုပ်သမားတို့
လက်ဖက်ရည်ဆိုင်ထိုင်
လေကန်နေသူတို့
လူဘော်ကျော့
လပ်လျားလပ်လျားလေးတို့
ဝတ္ထုဖတ်နေသူ အပျိုဖျန်းလေးတို့
စတူဒီယိုခန်းထဲကလက်သီးလက်မောင်းတန်း
ပေါက်ကွဲနေသူတို့
အကဲဖြတ်နိုင်ငံရေးသုခမိန်
ကြီးငယ်တို့
ဗိုလ်ကြီးဗိုလ်လေးတို့
တရားနဲ့မရရင်... ဒါး
လေပြေးစဉ်ရွက်ကုန်လွှင့်တော့။
ထမင်းရည်ပူထဲ
ဗီတာမင်တွေချို့တဲ့ကာ
မြို့တွေအာဏာနဲ့ထိုးသမို့
ရွံ့ဗွက်တွေထဲ
ဝါးလုံးတိုင်များထူစိုက်ကာ
ပြောင်းရွှေ့ခြင်းဟာအိမ်ယာသစ်တဲ့
လောကတခို
ဖြိုချင်သလိုဖြိုနေပေါ့
ထပ်မံကြံစည်နေကြပြန်ပေါ့
ဒေ၀ဒတ်နှင့် သူ၏အပေါင်းအပါများ...။
ညီနိုင်
Thursday, September 13, 2007
အခန်း (၂၀)
Posted by
nanda
at
4:28 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment