Tuesday, September 25, 2007

စက်တင်ဘာ ၂၅ ၊ ၂၀၀၇

နအဖ သာသနာရေးဝန်ကြီး က လက်ရှိမြန်မာနိုင်ငံတွင် သံဃာတော်များဦးဆောင် ဆန္ဒပြ နေသည့် ဖြစ် ရပ်မှန်ကို နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်များအား လျှောက်ထား လေဟန်နှင့် သံဃာ့လှု ပ်ရှားမှုကို ဆရာတော်များက ဓမ္မစက်နှင့် မထိန်းနိုင်လျှင် အာဏာ စက်နှင့်နှိမ်နင်းမည်ဟု ခြိမ်းခြောက်လိုက်သည်။

နအဖ သာသနာရေးဝန်ကြီး သူရမြင့်မောင် က ဆရာတော် ၁၀ ပါးခန့် အားလျှောက်တင်ရာတွင် ထိုသို့ ပြောကြားခဲ့သည်ဟု ယမန်နေ့ ညက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသည်။

နအဖ သာသနာရေးဝန်ကြီး သူရမြင့်မောင်သည် သူတို့ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်ပြီးတော့ ဆရာတော်များကို တောင်းပန်ရမည့်အစားထိုသို့  ပြောဆိုသည်ကို မြန်မာနိုင်ငံတ၀ှမ်းမှ ပြည်သူလူထုကပိုပြီး မကြေမနပ် ဖြစ်ဒေါသထွက် ဖြစ်နေကြသည်။

“ရုပ်မြင်သံကြားကနေ ဆရာတော်တွေကို လျှောက်ထားမယ်ဆိုလို့  ထိုင်ပြီးရုပ်မြင်သံကြားကို ကြည့်နေတာ၊ အောင်မာ ပခုက္ကူမှာ သူတို့ မွေးထားတဲ့ လူဆိုး၊ လူမိုက်တွေက သံဃာတွေကို ကြိုးကွင်းနဲ့ ပစ်ဖမ်း၊ ဓါတ်တိုင်မှာ ကြိုးနဲ့ ချည်ပြီးတော့၊ လူမြင်ကွင်းမှာ ကန်ကျောက်၊ ရိုက်နှက်ခဲ့တာတွေကို လုံးဝ ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြောတာ၊ အနားမှာဆိုရင်တော့ ဒီဝန်ကြီးအထိုးခံရမှာ။” မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ခဲ့တဲ့ ရန်ကုန်မြို့ ခံတဦးပြောသွားခြင်းဖြစ်သည်။

နအဖ သည် သူတို့ ၏ အစဉ်အလာအတိုင်း အကြမ်းဖက်လိုသော်လည်း လက်ရှိ အာစီယံအပါအ၀င် နိုင်ငံတကာမှာ နအဖ အပေါ်ထားသည့် သဘောထားသည် နအဖ က သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရသည်ကိုလည်း သိနေသည်။ Andaman

0 comments: