Thursday, September 20, 2007

စက်တင်ဘာ ၂၀ ရက် ၂၀၀၇
5:04 PM

ရွှေတိဂုံဘုရားပေါ်ကို သံဃာတော်တွေကိုပေးတက်လိုက်ပြီ။ အခု ရွှေတိဂုံဘုရားရဲ့ အောင်မြေပေါ်မှာ သံဃာတော်တွေ သီတင်းသုံးနေကြတယ်၊ နောက်ထပ်ရတဲ့သတင်းအရ စစ်အာဏာရှင်တွေက ဆန်ဒပြမှုတွေကို ဒီနေ့ နောက်ဆုံးအထိပဲ ခွင့်ပြုမယ်လို့ ကြားတယ်။
4:44 PM

အထက်မြန်မာပြည်က သံဃာတော်များကို ဖြိုခွဲဖို့ တာဝန်ယူထားသော ၀န်ကြီး ဦးအောင်သောင်း တစ်ယောက် သံဃာတွေ ကျဆုံးစေရန် မန္တ္တလေးတောင်ပေါ်တွင် ယတြယာသွားချေရာ၊ သံဃာများ ဆန္ဒပြသည့် သတင်းကြားရသောကြောင့် မူးလဲကာ၊ လက်ကျိုးသွားသောကြောင့် ယခုအခါတွင် မန္တလေး ဆေးရုံကြီးမှ ရန်ကုန် စစ်ဆေးရုံကို ပို့ရန် စီစဉ်နေကြောင်းသိရပါသည်။

0 comments: