စက်တင်ဘာ ၂၁ ရက် ၂၀၀၇
3:45 PM
သံဃာတော် အပါး ၁ဝဝဝ ကျော်သည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။
3:15 PM
"မနက် ကိုးနာရီလောက်က စပြီး ဘုန်းကြီးတွေ စုရပ်စီကို သွားနေကြပါတယ်။ စုရပ်ကတော့ ဗဟန်း ဘုန်းကြီးကျောင်းများ အစု၊ အလုံနဲ့ ကြည့်မြင်တိုင်တို့ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေက ဘုန်းကြီးတွေကပါ အလုံနဲ့ ဗဟန်းကို လာနေပါတယ်။ ဘတ်စကားတစီး ဆိုက်လိုက်တိုင်း ထီးကိုင်ထားပြီး သပိတ်မပါဘဲ ခရီးသွားပုံစံ ဘုန်းကြီးတွေ ဖြစ်ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကျောင်းရောက်မှ ဆွမ်းဘုန်းပေးပြီး နေ့လယ်နဲ့ ညနေကို ဆက်လက် ချီတက်ကြမယ် ဖြစ်ပါတယ်။" ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။
သို့သော်လည်း မိုးကြောင့် သံဃာတော်များ အခက်အခဲ ကြုံတွေ့နေရသည်ဟု မျက်မြင်များက ပြောသည်။
3:10 PM
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ရန်ကုန်မြို့တွင် ဖြစ်ပွားနေ၍ ရွှေတိဂုံဘုရား စုရပ်သို့ သွားရောက်နေသည့် သံဃာတော် အစုအဖွဲ့ လေးများ ခရီးမတွင်နိုင်ဘဲ ရှိနေကြသည်။ မဇ္ဈိမ
Friday, September 21, 2007
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment