Wednesday, June 25, 2008

အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်

ညိုထက် (လမ်းသစ်ဦး)

အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်

ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ်၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) . အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ကျနော်က ABSDF (ကျောင်းသားတပ်မတော်) ပထမမျိုးဆက် ဖြတ်သန်းခဲ့သည့် ခရီးလမ်းကို စေ့ငုနေမိသည်။ အနှစ် ၂၀ သို့ ဒုတ်ဒုတ်ထိရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။
ABSDF ပထမမျိုးဆက်၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိနေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်းနိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက်. အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခ္စာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ ရေး မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။

တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂ္စုသိကျှာတက်စေခဲ့သည်။ ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးမှ အရေးကြီးမည်ထင်သည့် ဖြစ်စဉ်အစိတ်အပိုင်းတချို့အား ပြန်ကြည့်ဖြစ်သည်။
၁၃၅၀ ပြည့် အရေးတော်ပုံတွင် ဗကသ အား လူသိရှင်ကြား ဖွဲ့စည်းလိုက်နိုင်သည်။ အရေးတော်ပုံအတွင်း လူထု. အကြမ်းမဖက် သပိတ်တိုက်ပွဲ ပြင်းထန်မြင့်မားလာသည်နှင့်အမျှ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုကလည်း ပြင်းထန်မြင့်မားလာသည်။ ရန်သူစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို မခံမရပ်နိုင်ဖြစ်လာသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးက အမြင့်ဆုံးတိုက်ပွဲ ကြွေးကြော်သံဖြင့် တခဲနက် တိုက်ပွဲခေါ်ခဲ့သည်။ “ရ ရင် ရ။ မရရင် ချ” ထိုကြွေးကြော်သံသည် ရန်သူစစ်အုပ်စု အကြောက်ဆုံးသော တိုက်ပွဲခေါ်သံပင်။ စစ်အုပ်စုက အချိန်မဆိုင်းပဲ အရေးတော်ပုံကို အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုသို့ဖြင့် ၁၃၅၀ ပြည့် အရေးတော်ပုံသည် တပါတီ စစ်အ္စာာရှင်ဖြစ်သော မဆလအား ဗမာပြည်မြေပေါ်မှ ရှင်းလင်းဖယ်ရှားလိုက်နိုင်သည့် တစိတ်တပိုင်း အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော် ၁၃၅၀ ပြည့်အရေးတော်ပုံက ကောင်းမှုတွေတော့ ထားခဲ့နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။ ဗမာပြည်ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။ နောက်ဆက်တွဲအနေဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်။
ABSDF (ကျောင်းသားတပ်မတော်)။ ၁၃၅၀ ပြည့် အရေးတော်ပုံသည် အထွေထွေလူထုတိုက်ပွဲဖြစ်သလို ကျောင်းသားတိုက်ပွဲ အဖြစ်လည်း ကမ္မည်းတွင်သည်။ တစိတ်တပိုင်းအောင်မြင်မှုများဖြင့် အရေးတော်ပုံ အဆုံးသတ်သွားသောအခါ တိုက်ပွဲဝင် ကျောင်းသား လူငယ်များစွာ တောခိုခဲ့ကြသည်။
တောခိုကျောင်းသားလူငယ်များသည် ၁၃၅၀ ပြည့် အရေးတော်ပုံမျိုးဆက်အဖြစ် အခိုင်အမာ ရပ်တည်ခဲ့သည်။ ၁၃၅၀ ပြည့် အရေးတော်ပုံကို အမွေဆက်ခံခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှု။ ဗကသ အစဉ်အလာအား ဆက်ခံခဲ့ကြသည်။ (ကျောင်းသားသမဂ္ဂ၏ အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) အရေးတော်ပုံ. တိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သွေးဖြင့်ရေးသည့်အမိန့် “ရ ရင် ရ။ မရ ရင် ချ” ကို နာခံဆက်ခံပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)”ကို ဖွဲစည်းထူထောင်ခဲ့-ကသည်။
ABSDF အနှစ် ၂၀ သမိုင်းအတွင်း တိုက်ပွဲသဏ္ဍန်ဆိုင်ရာ အချင်းပွားမှုများစွာ ဖြစ်ခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သည့် သမိုင်းဆိုင်ရာ မုချတရားအရ ကျနော့်အမြင်ကို တိုက်ရိုက်တင်ပြပါမည်။ ABSDF အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ သွေဖီစေရန်နှင့် အားနည်းစေရန် ကြိုးစားသူသည် လုံးဝ အမှားကျူးလွန်သူ ဖြစ်သည်။ တစိတ်တပိုင်းမျှကြိုးစားသူသည်လည်း လုံးဝအမှားကို ကျူးလွန်သူပင်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ ပြည့် အရေးတော်ပုံနှင့် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အထောင်အသောင်းကို သစ္စာမဲ့ဖေါက်ပြန်ခြင်းလည်း ဖြစ်သည်။
ကျောင်းသားတပ်မတော် ဘာလဲ။ ဘယ်လဲ ယတိပျက်ရွေးချယ်ရမည့် တိုက်ပွဲကိုလည်း အနှစ် ၂၀ ခရီးအတွင်း ကျနော်တို့ ရင်ဆိုင်ခဲ့ရသေးသည်။ ၂၀၀၀ ပြည့်နှစ် - လမ်းကြောင်း ၃ သွယ်။
ထိုကိစ္စသည် ကျောင်းသားတပ်မတော်အတွက် ကိစ္စကြီးဖြစ်သည်။ အမှားအယွင်း အတိမ်းအစောင်းမခံသည့် ကိစ္စကြီးလည်း ဖြစ်သည်။ ထိုကိစ္စ၏ဇစ်မြစ်သည် ကာလရှည်ကြာကတည်းက အစပြုခဲ့ခြင်းဖြစ်သော်လည်း လတ်တလောဖြစ်ရပ်အဖြစ် ၉ လေးလုံးလျောမွေးဟု ယူဆသည်။ ABSDF ပထမမျိုးဆက်သည် မီဒီယာအားကိုးဖြင့် ၉ လေးလုံးကို လှုံ့ဆော်ခဲ့သည်။ လျောမွေးဖြစ်သွားသောအခါ နိုင်ငံရေးကုန်သွားသည်။ ထိုအခါ ထွက်ပေါက်ရှာကြတော့သည်။ ထက်ပေါက်ရှာသည်က အကြောင်းမဟုတ်။ ကျောင်းသားတပ်မတော်အား နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲမည်ဟုဆိုလာသောအခါ တရားအရ။ အစဉ်အလာအရ ပြန်လည်သုံးသပ်မှုများ လုပ်လာရသည်။ ခုခံကာကွယ်မှုများ လုပ်ရတော့သည်။
နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲခြင်းသည် ABSDF (ကျောင်းသားတပ်မတော်) အား နိုင်ငံရေးအဖွဲ့အစည်း တခုအောက်သို့ သွပ်သွင်းလိုခြင်း ဖြစ်သည်။ ယင်းသည် ကျောင်းသားအစဉ်အလာ။ ဗကသ အစဉ်အလာနှင့် ဆန့်ကျင်သည်။ ABSDF ၏ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေးအင်အားစုအသွင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှုအစဉ်အလာ။ သမဂ္ဂ အစဉ်အလာတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု၏ လက်အောက်ခံလုပ်ခဲ့သည်မရှိ။ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေး အင်အားစု။ လှုပ်ရှားမှုအဖြစ်သာ တွေ့မြင်ရသည်။ အာဏာရ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ တူလျင်တွဲလုပ်သည်။ မတူလျင် ခွဲလုပ်သည်။ လူထုအကျီုးစီးပွား။ ကျောင်းသားထုအကျိုးစီးပွားနှင့် ဆန့်ကျင်လာလျင် တိုက်ပွဲဝင်သည်။
ABSDF (ကျောင်းသားတပ်မတော်) သည် ၁၉၂၀ ကတည်းကစတင်ခဲ့သည့် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုနှင့် တဆက်တစပ်တည်း ဖြစ်သည်။ စစ်ကြောင်း တကြောင်းတည်း ဖြစ်သည်။ သမဂ္ဂ အစဉ်အလာကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ (ကျောင်းသားသမဂ္ဂ. အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) ကျောင်းသားတပ်မတော်သည် ကျောင်းသားသမဂ္ဂ အစဉ်အလာအတိုင်း လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ABSDF ၏ ကြေညာစာတမ်းဟု ဆိုရမည်ဖြစ်သည့် ABSDF ကြေညာချက် (၁) အပိုဒ်ခွဲ ၂ ၌ “ကျွန်ပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တော်လှန်ရေးအင်အားစုများ. လွှမ်းမိုးမှုမရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းခြင်းဖြစ်သည်” (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၂ မှ) ဟု အတိအလင်း ကြေညာထားခဲ့သည်။
ကျနော်တို့က ထိုတရားနှင့်အညီ ABSDF (ကျောင်းသားတပ်မတော်) ၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အလံအား အခက်အခဲများစွာဖြင့် လွှင့်ထူချီတတ်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ကျောင်းသားတပ်မတော်၏ နိုင်ငံရေးလမ်းကြောင်း။ သမိုင်းလမ်းကြောင်းသည် အကြီးအကျယ် ချိုးကွေ့သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဖောက်ပြန်၍ လက်အောက်ခံဖြစ်သော အစဉ်အလာသို့ ထိုးစိုက်ကျဆင်းသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ခွပ်ဒေါင်းကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက နယ်ချဲ့ဆန့်ကျင်ရေး။ ဖက်ဆစ်တိုက်ဖျက်ရေး။ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် ကျဆုံးခဲ့လေပြီးသော ကျောင်းသားအာဇာနည်အထောင်အသောင်း၏ ကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက အစဉ်အလာ ကျောင်းသားလှုပ်ရှားမှု။ ကျောင်းသားသမိုင်းနှင့် ကင်းကွှာု ဖောက်ပြန်သော ကျောင်းသားအင်အားစု ဖြစ်သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားထုတရပ်လုံးနှင့် ကင်းကွာသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားလှုပ်ရှားမှုအားလုံး၏ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်မှ ရှက်ဖွယ်လိလိ သွေဖယ်သွားပေမည်။
ယခုအနှစ် ၂၀ အတွင်း နိုင်ငံရေးမှနှ်ု ABSDF (ကျောင်းသားတပ်မတော်)သည် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဆိုလျင် ထိုလောကဓံကို အနိုင်တိုက်နိုင်ခဲ့၍သာဖြစ်သည်။ ကြေညာချက် (၁) မှ စတင်ကာ တနိုင်ငံလုံးသို့ပေးထားသော နိုင်ငံရေးကတိက၀တ်ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) ဆိုသည့် နိုင်ငံရေးအာမခံချက်အား ယနေ့တိုင် ဦးလည်မသုန်ထမ်းရွက်ခှဲု့သာ ဖြစ်သည်။
အနှစ် ၂၀ သို့ရောကှ်ု ABSDF . ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။ သူတို့မရှိတော့သော်လည်း ABSDF (ကျောင်းသားတပ်မတော်) က ဆက်လက်၍ ၁၃၅၀ ပြည့် အရေးတော်ပုံ၏ မပြီးဆုံးသေးသည့်တာဝန်။ ကျောင်းသားထုတရပ်လုံး၏ ဒီမိုကရေစီရေးတာဝန်များအား ပခုံးထမ်းတာဝန်ယူလျက်ပင်ရှိသည်။ ကျနော်တို့တွင် ပုဂ္ဂိုလ်ရေးမရှိ။ ကျနော်တို့တွင် မူနှင့် အစဉ်အလာသာရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) တွင် ကျရာတာဝန်များအား ထမ်းဆောင်လျက်ရှိသည့် ပထမမျိုးဆက်ဝင်များ ဆက်လက်၍ ရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရဲဘော်များကိုတော့ဖြင့် ကျနော်တို့ အလေးအမြတ်ပြုသည်။ ABSDF (ကျောင်းသားတပ်မတော်)၏ မူကို နာခံသူ။ ကတိက၀တ်ကို လေးစားသူ။ အစဉ်အလာကို လေးနက်သူများအဖြစ် အလေးအမြတ်ပြုခြင်းဖြစ်သည်။
ဗမာပြည်အဖိနှိပ်ခံတို့၏ တော်လှန်သော ဒီမိုကရေစီတိုက်ပွဲက မပြီးသေး။ --- စစ်အုပ်စုကို အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) တော်လှန်ရေးခရီးစဉ်က မပြီးသေး။ ထို့သည်နှင့်အတူ ABSDF (ကျောင်းသားတပ်မတော်)၏ လက်နက်ကိုင်တော်လှန်ရေးသည်လည်း မပြီးဆုံးသေး။
ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံသို့...

မြောက်ပိုင်းတိုင်း တိုင်းမှူး နှုတ်ဆက်ပွဲပြုလုပ်

NEJ/ ၂၄ ဇွန် ၂၀၀၈

ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့အတွက် နှုတ်ဆက်ညစာစားပွဲတခု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နေအိမ်တွင် ဇွန်လ (၂၂) ရက်ညက ကျင်းပခဲ့ကြောင်း ကိုယ်တိုင်တက်ရောက် ခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အရာရှိကြီးတဦးက ပြောသည်။

၎င်းက “တိုင်းမှူးဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်နဲ့ ပြောင်းရွှေ့ရမယ်လို့ ပြောတယ်။ အရင် ရဲမြင့်ကြီးခေါ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ရာထူးကို ဆက်ခံရမယ်လို့ ပြောတယ်။ ဒါနဲ့ ဧည့်ခံပွဲ လုပ်တာ၊ မြစ်ကြီးနားမှာတော့ ဒါ ထုံးစံပဲ” ဟု ပြောသည်။

စစ်အစိုးရအတွင်း ရာထူးအပြောင်းအလဲများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြု၍ မရနိုင်သေးဘဲ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နှုတ်ဆက်ပွဲ ကျင်းပသည့် သတင်းသည် စစ်အစိုးရ ထိပ်ပိုင်းရာထူးအပြောင်းအလဲကို ထင်ဟပ်စေခြင်းဖြစ်သည်။

ထွက်ပေါ်နေသည့် သတင်းများအရ နအဖ ထိပ်ပိုင်းရာထူးကြီးများဖြစ်သည့် နအဖ အဖွဲ့ဝင် စစ်ဆင်ရေးအထူး အဖွဲ့မှူး (၅) ဦး ရာထူးမှ အနားယူပြီး အဆိုပါနေရာများတွင် တိုင်းမှူး (၅) ဦးက အစားထိုး ၀င်ရောက်လာကာ စစ်တိုင်းမှူး (၂) ဦး တိုင်းချင်း အပြောင်းအရွှေ့လုပ်ကြောင်း၊ စစ်တိုင်းမှူးနေရာများတွင် တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ ကျောင်းအုပ်အချို့ ၀င်ရောက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း နေရာတွင် တပ်မ (၆၆) တပ်မမှူးက ၀င်ရောက်တာဝန်
ယူမည်ဖြစ်ပြီး မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ နေရာကိုလည်း အခြားတယောက်
ဝင်ရောက်တာဝန်ယူမည်ဖြစ်ကြောင်းနှင့် အခြားဝန်ကြီးအဖွဲ့ဝင် နေရာအများအပြား၌လည်း အပြောင်းအလဲရှိကြောင်း ရန်ကုန်မြို့၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့အပြောင်းအလဲသတင်း ထွက်ပေါ်လာခြင်းသည် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အတည်ဖြစ်မည့် ဖွဲ့စည်းပုံနှင့်အညီ စစ်တပ်ထဲမှ အရာရှိကြီးများ အရပ်ဘက် ကူးပြောင်းကာ နိုင်ငံရေးလုပ်ရန် ပြင်ဆင်သည့် ပြောင်းရွှေ့မှုကြီး ဖြစ်နိုင်ကြောင်း ရန်ကုန်အသိုင်းအ၀န်းတွင် ထင်မြင်ချက် ပေးနေ ကြသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးနေအိမ်၌ ပြုလုပ်သည့် ဧည့်ခံပွဲသို့ ကချင်လူမျိုး၊ တရုတ်လူမျိုး သူဌေး ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တိုင်းမှူးကို ကျောက်မျက်ရတနာ အပါအ၀င် အဖိုးတန်လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အဆိုပါအရာရှိကြီးက နအဖ စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့ ကချင်ပြည်နယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား ပြောင်းလဲမှု ရှိလာမည်ဟုမမြင်ကြောင်း ပြောသည်။ ။

အပြည့်အစုံသို့...

Tuesday, June 24, 2008

မုန်တိုင်းကြောင့် သေဆုံးစာရင်း စစ်အစိုးရထပ်တိုး

Agencies-NEJ/ ၂၄ ဇွန် ၂၀၀၈

မေလဆန်းက မြန်မာနိုင်ငံ၌ တိုက်ခတ်သွားသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံး သွားသူအရေအတွက်မှာ (၈၄,၅၀၀) ဦးကျော် ရှိသွားပြီဟု စစ်အစိုးရ ထိပ်တန်းဝန်ကြီးတဦးက ယနေ့ပြောကြားသည်။

နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက တရားဝင်စာရင်းအရ သေဆုံးသူအရေအတွက် စုစု ပေါင်းမှာ (၈၄,၅၃၇) ဦးဖြစ်ပြီး (၅၃, ၈၃၆) ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ဒဏ်ရာရသူ (၂၀,၀၀၀) ဦးခန့်ရှိသည်ဟု ရန်ကုန်တွင်ကျင်းပသော မြန်မာအစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ပါဝင်သည့် ပူးတွဲလေ့လာအကဲဖြတ်အဖွဲ့ အစည်းအဝေးပွဲ၌ ပြောကြားသည်။

ယခင်က သေဆုံးသူအရေအတွက် စုစုပေါင်း (၇၇,၇၃၈) ဦး၊ ပျောက်ဆုံးသူ (၅၅,၉၁၇) ဦးနှင့် ဒဏ်ရာရရှိသူပေါင်း (၁၉,၃၅၉) ဦးရှိသည်ဟု နအဖစစ်အစိုးရက မေ (၁၆) ရက်၌ နောက်ဆုံး သတင်းထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် လူပေါင်း (၂.၄) သန်းလေဘေးဒဏ်ခံရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ။

အပြည့်အစုံသို့...

Ecovision ဂျာနယ် အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရ

မဇ္ဈိမ၊ ၂၄ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ သွားရောက် အကူအညီ တောင်းခံသည့် လေဘေး ဒုက္ခသည်များ၏ သတင်း လိုက်ယူခဲ့သော အမျိုးသမီး သတင်းထောက် တဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်မှာ သီတင်းပတ် နှစ်ပတ်ကျော်သွားပြီဟု ဂျာနယ်တိုက် အပြောအရ သိရသည်။

စီးပွားရေးကို အသာပေး ဖော်ပြသည့် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တိုက်မှ အသက် ၂၄ နှစ်အရွယ် မအိမ့်ခင်ဦးသည် ဇွန် ၁ဝ ရက်နေ့က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်အချို့က နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များထံ အကူအညီ တောင်းခံရေး ကြိုးစားခြင်း ကို သတင်းလိုက်ယူရင်း အဖမ်းခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ Ecovision ဂျာနယ်တိုက် တာဝန်ရှိသူတဦးက ပြောသည်။

မအိမ့်ခင်ဦးကို တာမွေမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် တာမွေမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်မှာ ဖြစ်သည်။


ရဲက သတင်းထောက်သည် ဒုက္ခသည်များ၏ ဓာတ်ပုံရိုက်၍ ပြည်ပအခြေစိုက် သတင်း မီဒီယာများသို့ ရောင်းစားရန် ကြံစည်သည်ဟု စွပ်စွဲ ထားကြောင်းလည်း ဂျာနယ်တိုက် အပြောအရ သိရသည်။

“သတင်းရောင်းစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့မှာလည်း အဲလို အဆက်အသွယ်လည်း မရှိဘူး။ သူက ရိုးရိုးသားသား ဂျာနယ်လစ် တယောက်ရဲ့ အလုပ်ကို လုပ်ရင်းနဲ့ ဖြစ်သွားတာပါ” ဟု ဂျာနယ်တိုက်က ပြောသည်။

တောင်ဒဂုံမြို့နယ်မှ အများစု ပါဝင်သော လေဘေးဒုက္ခသည် ၃ဝ ခန့်က အစိုးရက ထောက်ပံ့မှု နည်းပါးလွန်းသည်ဟု ဆိုကာ ရန်ကုန်အခြေစိုက် အန်ဂျီအိုများထံ အကူအညီ တောင်းခံရန် ကြိုးစားခဲ့ကြရာ မအောင်မြင်ဘဲ အချို့ အဖမ်းခံလိုက်ရသည်။ (မဇ္ဈိမတွင် ဖော်ပြပြီးဖြစ် - ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ)။ မအိမ့်ခင်ဦးကိုပါ ဖမ်းဆီးသွားခြင်းကို ယခုမှ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လေဘေး ဒုက္ခသည်များကို ဖမ်းဆီးသွားခဲ့သူများမှာ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး ထောက်လှမ်းရေးများ ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောပြခဲ့သည်။ အချို့သော ဒုက္ခသည်များ နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

သတင်းထောက်ကို တာမွေမြို့နယ် နတ်မောက်လမ်းရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့ (ယူအန်ဒီပီ) တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။

“ကျနော်ပြောချင်တာက ဒီကလေးက အလုပ်ဝင်တာလည်း ၂ လလောက်ပဲ ရှိသေးတယ်။ အလုပ်လည်း ကျိုးစားတယ်။ အမြဲ active ဖြစ်တယ်။ သူများ ဂျာနယ်တွေလိုပဲ သတင်းထူး၊ သတင်းဦး လိုချင်လို့ လုပ်တာဖြစ်တော့ အန္တရာယ်ကို သူမမြင်နိုင်ဘူး ဖြစ်တယ်” ဟု ဂျာနယ်တိုက်က ပြောသည်။

၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ခဲ့သည့် စာမျက်နှာ ၄၈ မျက်နှာရှိပါ Ecovision အပတ်စဉ်ထုတ် ဂျာနယ်သည် ယခင်က စီးပွားရေး ကဏ္ဍကိုသာ အသားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး သတင်း၊ ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် မဂ္ဂဇင်းပုံစံ အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သည်

အပြည့်အစုံသို့...

လေဘေးဒုက္ခသည်များကို လက်မခံရန် မြ၀တီမြို့ရှိ ဘုန်းကြီးကျောင်းများကို ညွှန်ကြား

ဧရာဝတီ | ဇွန် ၂၃၊ ၂၀၀၈

ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များ လာရောက်တည်းခိုပါက လက်မခံကြရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို အာဏာပိုင်တို့က ညွှန်ကြားထားသည်ဟု ဒေသခံ များက ပြောသည်။

လွန်ခဲ့သည့် ၄ ရက်မှစ၍ အာဏာပိုင်တို့က ဘုန်းတော်ကြီးကျောင်းများကို ဒုက္ခသည်များအား လက်မခံရန် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး လက်ခံပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားသည်ဟု မြ၀တီမြို့ခံက ပြောသည်။

“ဧရာဝတီတိုင်းကလူတွေ မြ၀တီဘက်ကို ထွက်လာတာများတယ်လေ။ အဲဒါကို ဖြေရှင်းရတဲ့ပြဿနာတွေ များနေလို့ဆိုပြီး ဘုန်းကြီးကျောင်းတွေကို လိုက်တားတယ်။ ကြခတ်တော၊ ကိုးန၀င်းကျောင်းတွေကို အဓိကထား လိုက်ပြောတယ်” ဟု မြ၀တီမြို့ခံက ပြောသည်။

၎င်းအပြင် မဲဆောက်မြို့သို့သွားရာ လမ်းကြောင်းပေါ်ရှိ စစ်တောင်းတံတား၊ သံလွင်တံတားနှင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်တို့ရှိ စစ်ဆေးရေးဂိတ်များတွင် မုန်တိုင်းသင့်ဒေသမှတ်ပုံတင် ကိုင်ဆောင်သူများကို နေရပ်သို့ ပြန်ခိုင်းနေကြောင်း သိရသည်။

“တချို့ကျတော့လည်း ဘာမှတ်ပုံတင်မှမပါဘဲ ကားသမားကတဆင့် စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးပြီး လာကြတာပေါ့။ တချို့လည်း စစ်တဲ့အခါ အမှန်အတိုင်းပြောလိုက်လို့ နေရပ်ပြန်ပို့ခံရတယ်၊ ကြုံတဲ့ကားနဲ့ ပြန်တင်ပေးလိုက်တာပေါ့” ဟု မြ၀တီမြို့ခံက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (အန်ဒီဒီ) အဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတစောင်၌ တနင်္သာရီတိုင်းရှိ ဇာဒက်ကြီးကျွန်းအနီးတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ လေဘေးဒုက္ခသည်တချို့ကို မြန်မာ့ ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

လေဘေးဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှတဆင့် နီးစပ်ရာ ဆွေမျိုးများနှင့် မဲဆောက်အခြေစိုက် မုန်တိုင်းကူည်ီရေးအဖွဲ့များကို ဆက်သွယ်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုလဆန်းပိုင်းက လေဘေးဒုက္ခသည် တရာခန့် မဲဆောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အပြည့်အစုံသို့...

လေဘေးအလှူဖုန်းများကို ဆက်သွယ်ရေးမှ ရောင်းစား

NEJ/ ၂၄ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဘေးအတွက် တရုတ်နိုင်ငံ ZTE Corporation ကုမ္ပဏီက လှူဒါန်းသည့် WCDMA ၄၅၀ ဖုန်းများကို တလုံး ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် မြန်မာ့ဆက်သွယ်ရေးက ရောင်းစားနေကြောင်း ဆက်သွယ်ရေးရုံးမှ အရာရှိတဦးက ပြောသည်။

“လေဘေးအတွက်ဆိုပြီး တရုတ်ပြည် ZTE Corporation ကုမ္ပဏီက WCDMA ၄၅၀ ဖုန်းတွေ အကူအညီပေးတယ်။ သူတို့လှူတာ ရေဒီယို အခြေခံစခန်း (၁၅) ခုနဲ့ မိုဘိုင်းအခြေခံစခန်း (၁) ခု၊ စုစုပေါင်း ဖုန်းအလုံးပေါင်း (၃၀,၀၀၀) တပ်ဆင်နိုင်တယ်။ ဒေါ်လာ (၃.၃) သန်းဖိုး ရှိတယ်။ အဲဒါကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရောင်းစားနေတာ” ဟု မရမ်းကုန်း ဆက်သွယ်ရေးရုံးမှ အမည် မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

စစ်အစိုးရက အဆိုပါ အလှူခံရရှိသည့် ဖုန်းများအနက် အချို့ကို ဧရာဝတီတိုင်းအတွင်း၌ ကယ်ဆယ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ရန် တာဝန်ပေးထားသည့် ဇေကမ္ဘာ၊ ထူးထရေးဒင်း၊ မက်စ် မြန်မာ၊ ဧဒင်၊ အေးရှားဝေါ၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေသံလွင်၊ တော်ဝင် စသည့် ကုမ္ပဏီပေါင်း (၃၀) အား ကုမ္ပဏီတခုလျှင် (၅) လုံးနှုန်းဖြင့် အလုံး (၁၅၀) ချပေးခဲ့ပြီး ကျန်ရှိသည့် အခြား အလုံးပေါင်းမြောက်များစွာကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း၌ ရောင်းစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်အစိုးရက အဆိုပါ စီဒီအမ်အေ တယ်လီဖုန်းများကို ကတ်သက်သက် ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် ချပေးနေပြီး ကုမ္ပဏီများကမူ ဖုန်းအိမ်အပါ ကျပ်သိန်း (၂၀) နှင့် လျှောက်လွှာတင်ရန် မလိုဘဲ ရောင်းပေးနေခြင်းဖြစ်ကြောင်း ဖုန်းဝယ်ယူခဲ့သည့် ဘိုကလေးမြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ထိရောက်ရန် အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့သည် ဆက်သွယ်ရေးစက်များ မြန်မာ ပြည်တွင်း ယူဆောင်လာခဲ့ကြသော်လည်း ရန်ကုန်လေဆိပ်၌ပင် အားလုံးအသိမ်းဆည်းခံကြ ရကြောင်း ပြည်တွင်းအန်ဂျီအိုတခုမှ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ရန်ကုန်မှာ အရေးပေါ် ဆက်သွယ်ရေး စင်တာတခု (Emergency Tele-communications Centre) တည်ထောင်ရန် ယနေ့အချိန်ထိ အကောင်အထည် မပေါ် သေးသကဲ့သို့ မြစ်ဝကျွန်းပေါ်က ဗဟိုဌာနခွဲများနှင့်လည်း ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးကယ်ဆယ်ရေးအတွက် ထိုင်း ရှင်းဆက်တယ်လိုက်ကုမ္ပဏီကလည်း ဂြိုဟ်တုဖုန်းများ လှူဒါန်းခဲ့ပြီး သန်းနှင့်ချီ တန်ဖိုးရှိသည့် ဆက်သွယ်ခွင့်များ ပေးခဲ့သော်လည်း အဆိုပါဖုန်းများကို ကုလသမဂ္ဂအပါအ၀င် မည်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း မရှိခဲ့ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။ ။

အပြည့်အစုံသို့...

Sunday, June 22, 2008

Sailor Without Shore/Corpse Without Coffin

A'karikz Yannaing

They maybe in north-pole; they maybe in south-pole;
They maybe in Alaska; they maybe in Atlanta;
They maybe in Pacific-North; they maybe in New York;
They maybe in Downunder; they maybe around Havana;
They maybe in the Middle-East; they maybe in the Southern-Deep;
They maybe in S-American beach-line; they maybe in African coast-line;
They may in the gulf of Europe or Asia; they maybe in Sydney harbor;
They maybe around the local water; they maybe in international water;
Whenever they leave, whatever they do, wherever they go,
Every ship knows where they go.
Every ship has their' own shore.
Every sailor has a beach they love.
Every sailor has a compass in their heart.

Between one enormous wave and another,
Any ship could capsize and collapse into disaster.
Between one killer storm and another,
Any trip could lose destination and disappear.
Whenever and whatever comes up in the future,
The ship never runs away from the water.
The sailor never runs away from the weather.
Sailing is not promoting the grace in the palace.
Life is decorating cemetery in the land of the grave.
Existence is surfing around the ocean of the brave.

Sailor brought a fine chocolate for grandma.
Sailor brought a new lap-top for the daughter.
Sailor brought some money for the mother.
Sailor brought some knowledge for brothers.
Sailor brought the latest car for the family.
Sailor brought the latest news for societies.

Cyclone Nargis has stepped over extremely strong,
While sailor's approaching to mother-shore and town.
All we see now is sailor-corpses are floating around!

There isn't yet a lighthouse for sailors in Burma.
How could they get home and be stable in future?
Just light your heart up and fight for rights together!!!

[Note- A very special thanks to The Waifs for creating "Sad Sailor Song".
I've been listening your song a hundreds times during making this poem!]

A'karikz Yannaing
20/06/2008

အပြည့်အစုံသို့...

Saturday, June 21, 2008

Plight of Burmese People

By Thway Ni
Burmese Bloggers w/o Borders


Gone with the wind,
Countless numbers of lives.

Numb with tears,
This undescribable feeling of pain.

Faced with fear,
The possibility of lost future.

Grappling with darkness,
A chance to see a glimpse of light at the end.

အပြည့်အစုံသို့...

Wednesday, June 18, 2008

LUNATIC VITAL

A'karikz Yannaing

Your mind-power is full of stress
Your eyes' color is pure sadness
The way you look at me is asking for help
The way I look at you is "sorry I can't help"
The way we look at to everywhere is----
"Is there anyone alive or any food left?"

I used to be a doctor in this clinic
You used to be a patient in this clinic
We used to meet for cure in this clinic
This clinic that used to be a clinic in this town
This town that used to be a town
In where all the originalities are now unfound
We are glad to see each other with little hopes
We are sad to see each other helplessly broke

We are not on hunger strike
We just need foods and rice
We don't have a time to fight
We just need to rebuild lives

The killer never kind
Wild cyclone Nargis has left so much carnage
The dictator never mind
Mad-minded militarists have rejected so much aid
Why? Why? Why? Why? Why? Why? Why? Why?
I could never understand these callous vital signs!

{May Those Mismanagements Collapse In Hell Forever!}

A'karikz Yannaing
18/06/2008

အပြည့်အစုံသို့...

Tuesday, June 17, 2008

အပြည့်အစုံသို့...

ကောလာဟလများ မြန်မာပြည်တွင် ပျံ့နေ

ဧရာဝတီ-အေးလဲ့ | ဇွန် ၁၆၊ ၂၀၀၈

သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ ကောလာဟလသတင်းဆိုးများထွက်ပေါ်နေမှုကြောင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့ရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့လူထုအကြားတွင် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသည်ဟု ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“တခါဖြစ်ဖူးထားတော့ ကြောက်နေကြတယ်၊ သတင်းစာထဲမှာ ကြေညာတာလောက်ပဲ ရှိတယ်၊ ဘာတွေ ကြိုတင်ပြင်ဆင်ရ မလဲဆိုတာ မသိရဘူး၊ ဘယ်ကိုပြေးရမလဲ၊ ဘာလုပ်ရမှာလဲ မသိဘူး၊ ဖြစ်လာရင် လူတွေက ကိုယ်ထူကိုယ်ထ ဘယ်လိုလုပ် ကြမလဲဆိုတာပဲ စဉ်းစားထားကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်အပြီး ယခုလ အစောပိုင်းက ပုသိမ် ဆရာတော်၊ မြောင်းမြဆရာတော်နှင့် ရန်ကုန်တိုင်း လှိုင်သာယာ ဆရာတော် စသည့် ဆရာတော် ၃ ဦးတို့က နောက်ထပ် မုန်တိုင်းသော်လည်း ကောင်း၊ မြေငလျင်သော်လည်း ကောင်း ဘေးအန္တရာယ် ကျရောက်နိုင်သည်ဟု တပြိုင်နက်တည်း အိပ်မက် မက်ကြ ကြောင်း ကောလာဟလ သတင်းများ ရန်ကုန်လူထုအကြားတွင် ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။

“အဲဒီ ဆရာတော်ကြီးတွေ အိပ်မက်က စက်တင်ဘာတုန်းက သံဃာတော်တွေကို သတ်ထားလို့ နတ်တွေက မနေဘူ့း့ အဲဒါ ဆုံးမမယ် ၊ ရေဘေး လေဘေး ကတော့ ဧရာဝတီ တလျောက်မှာ ပြီးသွားပြီ၊ အခု အညာ တလျောက်ဘက်ကို ရေကြီးမယ်၊ ရွှေတိဂုံ ဘုရားကုန်းအထိ ရေမြုပ်မယ်တဲ့၊ အဲဒီတော့ ရန်ကုန် တတိုင်းလုံး ကုန်ပြီပေါ့၊ ဆရာတော်ကြီးတွေက ငြင်းတော့ ငလျင်ဒဏ် မဟုတ်ရင် တခုခုတော့ ဖြစ်မယ်လို့ အိပ်မက်တယ် တဲ့၊ အဲဒါကို ကြားပြီးကြောက်နေကြတာ” ဟု အထက်ပါ ရန်ကုန်ဒေသခံကပြောဆိုသည်။

၎င်းက ဆက်လက်ပြီး“အန္တရာယ်ကင်းဖို့ ဆရာတော်အိပ်မက်အရ ယတြာပေးတယ် ၆ရက်နေ့ သို့မဟုတ် ၁၆ ရက်နေ့မှာ ရှောက်သီးသုံးလုံး ဆွမ်းတော်တင်ပါ၊ အဲဒါစွန့်ပြီးရင် အိမ်မှာစားကြပါဆိုတဲ့ ယတြာလည်း အိမ်မက် ထဲမှာ ပါတယ်တဲ့” ဟုပြောသည်။

တခြားသော ရန်ကုန်မြို့ခံတဦးကလည်း“မနေ့က မြို့ထဲမှာ လူတွေခြောက်ကပ်ပြီး အသွားအလာနည်းနေ တယ်၊ ဒီ ၁၅ ၊၁၆ ၊၁၇ ရက်နေ့တွေမှာ မုန်တိုင်းဖြစ်မယ် ဆိုတာတွေကြားနေတော့ လူတွေက ကျီးလန့်စာ စားနေရသလိုပဲ၊ ကောလာဟလ တွေ အမျိုးမျိုးထွက်နေတယ်”ဟုပြောသည်။

ယင်းကောလာဟလများနှင့် တပြိုင်နက်တည်းလိုပင် မြန်မာပြည်အနှံ့တွင် ရန်ကုန်ရွှံ့ပုံ၊ မန္တလေး ပြာပုံ၊ နေပြည်တော်အရိုးပုံ ဆိုသည့် တဘောင် ဆန်ဆန် စကားများလည်း လူအများကြားတွင် ပျံ့နှံ့နေသည် ဟု ဆိုသည်။

ထိုသို့ ကောလာဟလများပျံ့နှံနေချိန်တွင် အစိုးရ သတင်းဌာနများကလည်း ရာသီဥတုဆိုင်ရာ စိုးရိမ်ဖွယ်ရာ သတင်းများကို ထုတ်ပြန်ကြေညာနေခဲ့သည်။

“မြန်မာ့ကမ်းရိုးတမ်း တလျောက် ဒေသအလိုက် မိုးကြီးနိုင်”ဟူသော ခေါင်းစဉ်ဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုးဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်ကို ယမန်နေ့က မြန်မာ့ရုပ်မြင်သံကြား တနင်္ဂနွေနေ့ခင်းပိုင်း ရုပ်ရှင်ဇတ်လမ်းပြနေချိန် အတော အတွင်း စာတမ်းထိုးကြေညာခဲ့ပြီး ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ထားသည်။

ယင်းသို့ မိုးလေဝသ ဌာန၏ ကြေညာချက်ကို မြန်မာပြည်သူ လူထုက မယုံတဝက် ယုံတဝက်ဖြင့် ယုံရခက် နေကြကြောင်း လည်း လူအများအကြားပြောဆိုနေကြောင်း သိရသည်။

“မိုးလေဝသ သတင်းက ဟုတ်ချင်လည်းဟုတ်မှာပေါ့ အခုတလော ရန်ကုန်မှာ မိုးနည်းနည်းရွာရင် ရေအရမ်း ကြီးနေတာ၊ ရန်ကုန်မြို့မှာ အိမ်ထဲမှာတောင် မနေရဲအောင် ကြောက်လန့်နေတယ်” ဟု ဒေသခံတဦးက ပြော သည်။

ပြီးခဲ့သည့် နဂစ်မုန်တိုင်းမတိုင်ခင် ဧပြီ ၂၉ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာ၌ မိုးသက် လေပြင်းများ ကျ ရောက်ပြီး လှိုင်းကြီးနိုင်ခေါင်းစဉ်အောက်တွင် ယနေ့မြန်မာစံတော်ချိန် ညနေ၆နာရီတိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်း လာခြင်းမရှိဘဲ မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်းနှင့် မုန်တိုင်း၏အရှိန်ကြောင့် နောက် ၄၈နာရီအတွင်း ဧရာဝတီ တိုင်း နှင့် ရန်ကုန်တိုင်းအပါအဝင် တခြားသော ပြည်နယ်တိုင်း ၅ ခုခန့် နေရာစိပ်စိပ်မှ နေရာအနှံ့မိုးထစ်ချူန်း ရွာနိုင်ကြောင်း၊ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင် လေသည် တနာရီမိုင် ၄၀ မှ ၄၅ အထိတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၏ ကြေညာချက်အပေါ် လူအများက အယုံအကြည်နည်းခဲ့ ကြောင်း သိရသည်။

ယနေ့ထုတ်သတင်းစာတွင်လည်း မိုးသက်လေပြင်းကျစဉ် မြေပြင်၊လေပြင်၊ ရေပြင်လေသည် တနာရီလျှင် ၄၅မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုတ်သုန်လေအားကောင်းမှုကြောင့်မြန်မာ့ကမ်းရိုးတန်း တလျောက်တွင် ယနေ့နံနက်မှ နောက်ထပ် ၇၂နာရီ အထိ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး နေရာကွက် ကျား မှနေရာ အနှံ့မိုးကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ချက် ပါရှိသည်။

ကောလဟာလသတင်းကြောင့် မြန်မာ့သမိုင်းတွင် ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး သရေခေတ္တရာမြို့ သုပညာနဂရစိန္ဒ မင်းလက်ထက် တိုင်းပြည်ပျက်ခဲ့ရကြောင်းကို “အုပ်ချုပ်သူများ အကျင့်ပျက်လွန်းသော ကြောင့် လူအများ အထိတ်တလန့် ဖြစ်နေစဉ် ကောလာဟလကြောင့် မြို့ပျက်ရသည်” ဟု မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်း၏ တိုင်းရင်းမြန်မာ စာအုပ်တွင် ဖော်ပြထားသည်။

ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်” မြန်မာ့ကမ်းရိုးတန်းတလျောက်ဒေသအလိုက်မိုးကြီးနိုင်” ဆိုသည့် ခေါင်းစဉ်ပိုင်း နှင့် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုးဦးစီးဌာနက သတင်းထုတ်ပြန်ချက်ပါ သတင်းကို ဖော်ပြထားသည်။

ယနေ့ထုတ်သတင်းစာတွင် ”ဇွန်လ၁၅ ရက်နေ့စွဲဖြစ် မိုးလေဝသတင်းထုတ်ပြန်ချက်အရ ကပ္ပလိပင်လယ်ပြင်၊ ယင်းနှင့် ဆက်စပ် နေသော ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင် မုတ်တုန်လေသည် အားကောင်း ရာမှ အလွန်အားကောင်း လျက် ရှိနေပါသည်။ အဆိုပါမုတ်တုန်လေအားကောင်းမှုကြောင့် မြန်မာ့ကမ်းရိုးတန်း တလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏမိုးသက်လေပြင်များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။”

ဆက်လက်ပြီး ၎င်းအိမ်မက်မှာ “ စက်တင်ဘာတုန်းက သံဃာတော်တွေကို သတ်ထားလို့ နတ်တွေကမနေဘူ့း့ အဲဒါ ဆုံးမ မယ့့် ရေဘေး လေဘေး ကတော့ ဧရာဝတီတလျောက်မှာ ပြီးသွားပြီ၊ အခု အညှာတလျောက်ဘက်ကို ရေကြီးမယ် တိမ်ငုတ်သရ ရွှေတိဂုံဘုရားကုန်း အထိရေမြုပ်မယ်၊ အဲတော့ ရန်ကုန်တိုင်းတတိုင်းလုံးကုန်ပြီပေါ့ ဒီတော့ ဆရာတော်က မလိုချင်ဘူးလို့ငြင်းတယ်၊ ဒါဆို ငလျှင်ဒဏ်တော့ ခံစားရလိုက်မယ် တခုမဟုတ်တခုတော့ခံစားရလိုက်မယ်လို့ပြောတယ် ဆိုပြီး အိမ်မက်မက်တယ်ဆိုတာကြားတော့ ကြောက်နေကြတယ်” ဟု မြို့ခံတဦးက ပြောပြသည်။

ဆက်လက်ပြီး သူမကဘဲ “ဆရာတော်အိမ်မက်အပြီး မှာ ဆရာတော်က ရတရာပေးတယ် ၆ရက်နေ့  သို့မဟုတ် ၁၆ရက်နေ့ ခြောက်သီးသုံးလုံး ဆွမ်းတော်တင်ပါ အဲဒါစွန့်ပြီးရင်အိမ်မှာစားကြပါဆိုတဲ့ ရတရာက အိမ်မက်ထဲမှာ ပါတယ် တဲ့” ဟုပြောသည်။

ဒီကော်လဟာလများအပေါ် လူများက ယုံရခက်မယုံရခက်ဖြစ်နေပုံကို ”ဟုတ်တော့ဟုတ်မှာ အခုလတ်တလော မိုးနဲနဲရွာရင် ရေအရမ်းကြီးနေတာ ရန်ကုန်မြို့မှာ အိမ်ထဲမှာတောင်မနေရဲအောင် ခြောက်လှန်နေတယ်”

အခြားမြို့ခံတဦးကလည်း ”မြို့ထဲမှာ လူတွေခြောက်အသွားအလာနည်းနေနတယ်၊ ဒီ၁၅၊၁၆၊၁၇ရက်နေ့မှာ မုန်းတိုင်းဖြစ် မယ်ဆိုတာတွေကြားနေတော့လူတွေက ကျီးလှန်စာစားနေရသလို ကော်လဟာလတွေ အမျိုးမျိုးထွက်နေတယ်” ဟုပြောသည်။

ထို့အတူယမန်နေ့ကူ မြန်မာ့ရုပ်မြင်သံကြားတနင်္ဂနွေနေခင်းပိုင်းရုပ်ရှင်ဇတ်လမ်းပြနေချိန် အတောအတွင်းလည်း စာတမ်း ထိုးကြေညာ ကြောင်းသိရသည်။

၎င်းစာတမ်းကို ဖတ်ခဲ့သည့် မန္တလေးမြို့မှ ဒေသခံတဦးက “စာတမ်းထိုးတာတွေ့တယ် ၊ သြော် နောက်ထပ်ဖြစ်ဦးမယ် ထင်တယ်၊ မိုင်၅၀ဆိုရင်တော့မများ လောက်ပါဘူးလို့ပဲ တွေးလိုက်တယ်” ဟု ပြောသည်။

၎င်းအကြောင်းအရာများနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက မိုးလေဝသနှင့်ဇီဝဗေဒ ဌာနတို့ စုံစမ်းမေးမြန်းရာ ”ယနေ့ ၁၂ နာရီ သတင်းထုတ်ြပန်ချက်အရ ကပ္ပလိပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်တို့ တွင် မုတ်သုန်လေအားအလွန်ကောင်းနေ ပါသည်” အခုဖြစ်တာက မုန်တိုင်းမဟုတ်ဘူ့း့  သာမန် ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပါဘဲ့ မုတ်သုန်က နှစ်တိုင်းလည်း ဒီလို အားကောင်းနေကြပဲဟု တာဝန်ရှိသူတဦး က ပြန်လည်ဖြေကြား သည်။

ပြီးခဲ့သည့် နဂစ်မုန်တိုင်းမတိုင်ခင် နေပြည်တော် ဧပြီ ၂၉ရက်စွဲဖြစ် မြန်မာ့အလင်းသတင်းစာတွင် မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ခေါင်းစဉ်အောက်တွင် ”ယနေ့မြန်မာစံတော်ချိန် ညနေ၆နာရီတိုင်း ထွာချက်အရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်မုန်တိုင်းသည် အားကောင်းလာခြင်းမရှိပဲ မြောက် ဘက်သို့ဖြည်းညင်းစွာ ရွေ့လျားမည်ဖြစ်ကြောင်းနှင့် မုန်တိုင်း၏အရှိန် ကြောင့် ယနေ့မွန်းလွဲမှ နောက် ၄၈နာရီအတွင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအပါအဝင် တခြားသော ပြည်နယ်တိုင်း ၅ ခုခန့် နေရာအစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချူန်းရွာနိုင်ကြောင်း၊ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင် လေသည် တနာရီမိုင် ၄၀ မှ ၄၅ အထိတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုးဦးစီးဌာနက ကြေညာခဲ့သည်

ယခုနှစ်အတွင်း ပြီးခဲ့သည့် မေလဆန်းပိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့် လူတ သိန်းကျော် သေဆုံးပြီး လူဦးရေ ၃ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် ဖြစ်ပွားသော မြေပြိုမှုမှာ လူအသေ အပျောက်ရှိသည့် သဘာဝဘေးအန္တရာယ် တခုဖြစ်ခဲ့သည်။

ထိုအတူ မြန်မာပြည်အနှံ့တွင် တပေါင်ဆိုသည့်ကော်လသတင်းများထဲတွင် ရန်ကုန်ရွံ့ပုံ၊ မန္တလေး ပြာပုံ၊ နေပြည်တော် အရိုးပုံ ဆိုသည့် လူများပါးစပ်ဖျားတွင် လည်းပျံ့နှံ့ခဲ့သည်။
၎င်း ကောလဟာလသတင်းကြောင့် မြန်မာ့သမိုင်းတွင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး သရေခေတ္တရာမြို့ သုပညာနဂရ စိန္ဒလက်ထက်တိုင်းပြည်ပျက်ခဲ့ရပုံကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ” အုပ်ချူပ်သူတွေ အကျင့်ပျက်လွန်း လို့လူတွေ အထိတ်တလန့်နေရစဉ် ကောလဟလကြောင့် မြို့ပျက်ရသည်” ဟု ၎င်း၏ အစောဆုံးအက္ခရာတင် တိုင်းရင်း မြန်မာမှတ်တမ်းများ စာအုပ်တွင် ဖော်ပြထားသည်။

အပြည့်အစုံသို့...

ကော့မှူးတွင် စာသင်ကျောင်းများ မပြင်နိုင်၍ ကျောင်းသားများအခက်တွေ့

NEJ/ ၁၆ ဇွန် ၂၀၀၈


နအဖစစ်အစိုးရက လေဘေးသင့် မြို့နယ်အလိုက် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားနေသော်လည်း ကော့မှူးမြို့နယ်တွင် ကျောင်း အများအပြား မပြင်ဆင်နိုင်သေးသဖြင့် ကျောင်းသားများ အခက်အခဲ တွေ့နေသည်။

ကော့မှူးမြို့နယ်တွင် ကျောင်းအရေအတွက် (၁၂၆) ကျောင်း ပျက်စီးသွားပြီး ယခုအခါ အထကနှင့် အလကကျောင်းများ ပြန်လည်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း လေဘေးအလှူတွင် ယခုလ (၉) ရက်၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ကော့မှူးမြို့နယ် ကျေးရွာအုပ်စု (၅၅) ခုတွင် ရှိသော ကျေးရွာများမှ စာသင်ကျောင်း များ၏ ပြင်ဆင်မှုအခြေအနေမှန်မှာ ယင်းသို့မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တခုမှ သတင်းသမားတဦးက ပြောသည်။

၎င်းက “တကယ်တော့ ဘာမှမလုပ်ရသေးတဲ့ ကျောင်းတွေ များတယ်။ တချို့တလေပဲ ပြုပြင်ပြီး သေးတာကို အားလုံးပြုပြင်ပြီးနေပြီလို့ ခြုံပြောလို့မရဘူး” ဟုပြောသည်။

ထို့အပြင် ကျောင်းဆောက်လုပ်ရေး၊ ကျောင်းသားများ၏ စာသင်ကြားမှုအခြေအနေများနှင့် ပတ် သက်၍လည်း အခြေအနေမှန်များကို တင်ပြရေးသားသည့် ပြည်တွင်းသတင်းဂျာနယ်များကို စာပေစိစစ်ရေးက ထည့်ခွင့်မပေးကြောင်း အဆိုပါ ပြည်တွင်းမှ သတင်းသမားတဦးက ပြောသည်။

ကော့မှူးမြို့ပေါ်ရှိ အမက (မြို့မ) စာသင်ကျောင်း လုံးဝပြိုပျက်သွားသည့် သတင်းရေးသည့် ပြည်တွင်းဂျာနယ်များ ပယ်ချခံရကြောင်း သိရသည်။

အဆိုပါကျောင်းအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် စီမံချက်ချရာထားမှုများအရ ဆောက်လုပ်ရေးအဖွဲ့များက လာရောက်ကြည့်ရှုရုံမျှသာ ရှိသေးသည်ဟု ကော့မှူးမှ မူလတန်း ကျောင်းဆရာတဦးက ပြောသည်။

“အမှန်တော့ သူတို့ပြောတာနဲ့ လုပ်တာနဲ့က တခြားစီပဲ၊ အခုချက်ချင်းပြန်လည်တည် ဆောက်တော့ မလိုနဲ့ နောက်တော့ ပေါ်မလာတော့ဘူး။ ကလေးတွေကို စာသင်ရတာ အခက်အခဲရှိတယ်၊ အဓိက နေရာပေါ့။ အခု ရပ်ကွက်ဓမ္မာရုံတွေမှာ သင်နေရတယ်။ ဘုန်ကြီးကျောင်းတွေမှာ သင်မယ်ဆိုလည်း သူတို့က မကြိုက်ဘူး” ဟု ၎င်းက ပြောသည်။

မြို့မကျောင်းကဲ့သို့ မူလတန်းကျောင်းအများအပြား ပျက်စီးပြိုကျမှုကြောင့် စာသင်ကြားရေး အခက် အခဲရှိနေကြောင်း ကော့မှူးဒေသခံများက ပြောသည်။

ကော့မှူးမြို့နယ်တွင် ဇွန်(၂) ရက်တွင် ကျောင်းများပြန်လည်ဖွင်လှစ်ခဲ့သော်လည်း လေဘေးဒဏ် အပြင်းထန်ဆုံးခံရသည့် ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် မြို့နယ်အချို့တွင် ကျောင်းဖွင့် ရက်ကို တလနောက်ဆုတ်ထားသည်။ ။

အပြည့်အစုံသို့...

ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ

မဇ္ဈိမ၊ ၁၆ ရက် ဇွန်လ ၂၀၀၈

ချင်းမိုင်။ ။ ၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။

သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။

ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ရှေ့နေ ဦးအောင်သိန်းက “ထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။

ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။

အပြည့်အစုံသို့...

ထိုင်းအလုပ်သမားဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားများ အကျပ်အတည်း ပိုမိုတွေ့နိုင်

ခေတ်ပြိုင်-ပီတာအောင်/ ၁၆ ဇွန် ၂၀၀၈

အသစ်ပြဋ္ဌာန်းလိုက်သည့် ထိုင်းအလုပ်သမားဥပဒေသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် အခက်အခဲ အကျပ်အတည်းများ ပိုမိုဖြစ်ပေါ်စေသဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိုဥပဒေကို ပယ်ဖျက်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုမည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသည့်အဖွဲ့များက ပြောသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် လာအို စသည့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ အလုပ်သမားအဖွဲ့ များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယမန်နေ့ကစ၍ (၂) ရက်ကြာ ဆွေးနွေးပွဲ ကျင်းပပြီးနောက် ၂၀၀၈ မတ်လတွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ထိုင်းနိုင်ငံ၏ အလုပ်သမားကာကွယ်ရေး အက်ဥပဒေ ပါအချက်များကို ဆန့်ကျင်ကန့်ကွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်သူတဦးဖြစ်သည့် အခြေခံလူထု လူ့အခွင့်အရေးပညာပေးဌာန (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က “ဥပဒေအသစ်မှာ ဆိုးတာက အလုပ်သမားတွေ နေရပ်ပြန်ပို့ရင် ကုန်ကျတဲ့ စရိတ်ကို အလုပ်သမားအားလုံးဟာ သူတို့ရဲ့လစဉ်လုပ်အားခထဲက အဖြတ်ခံရမှာဖြစ်တယ်။ နောက် တခုက တရားမ၀င်အလုပ်သမားတွေ ရှိတဲ့နေရာကို အစိုးရအာဏာပိုင်တွေက အချိန်မရွေးဝင်ရောက်ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ အရင်တုန်းက ဖမ်းဝရမ်းထုတ်ပြီးမှ ဖမ်းရမယ်ဆိုတာမျိုး ရှိနေ တာတောင် လက်လွတ်စပယ်ဖမ်းနေတာ။ အခုတရားဝင် သူတို့ မသင်္ကာသလို အချိန်မရွေး ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေကို ပြဋ္ဌာန်းထားတယ်။ နောက် တရားမ၀င်အလုပ်သမားရှိတဲ့နေရာကို သတင်းပေးတဲ့သူတွေကို ဖမ်းဆီးရမိတဲ့ ပစ္စည်းနဲ့ ငွေကြေးတွေရဲ့ (၂၀) ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ ဟာတွေဟာ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာနေတာ ပိုပြီးတော့ ကျပ်သွား မယ်ဆိုတဲ့အနေအထားပဲ ” ဟု ပြောသည်။

ဥပဒေသစ်ကြောင့် အလုပ်သမားများ ပိုမိုငွေကုန်ကြေးကျများလာပြီး လက်ရှိ ထိုင်းနိုင်ငံ၌ ကုန်ဈေး နှုန်း၊ ဆီဈေးနှုန်းကြီးမြင့်နေမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားတို့ စားဝတ်နေရေး ပိုမိုအခက်အခဲ ကြုံနိုင်ကြောင်း တဖက်ကလည်း အိမ်နီးချင်း မြန်မာနိုင်ငံ၌ စားဝတ်နေရေးကျပ်တည်းမှု၊ လူ့အခွင့် အရေးချိုးဖောက်မှုနှင့် ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးအန္တရာယ်တို့ကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သမားများ ပိုမိုဝင်ရောက်လာပြီး အလုပ်သမားပြဿနာ ပိုမိုကြီးထွားလာနိုင်သည်ဟု ဆွေးနွေးပွဲ၌ အန်ဂျီအိုများက သုံးသပ်သည်။

ဥပဒေသစ်ကို ပယ်ဖျက်ပေးရန် လာမည့် ဇွန် (၃၀) ရက်၌ ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ အိပ်ဖွင့် ပေးစာပေး၍ တောင်းဆိုသွားမည်ဖြစ်ပြီး တချိန်တည်း၌ပင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ နှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ထံ ကန့်ကွက်စာပေးပို့ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ယခင်က လည်း အလားတူ တောင်းဆိုမှုများပြုလုပ်ခဲ့ဖူးသော်လည်း ထိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းပေးမှု တစုံတရာပြုလုပ်ခဲ့ခြင်းမရှိချေ။

“ကျနော်တို့ရဲ့ တောင်းဆိုမှုကြောင့် ထိုင်းအစိုးရအနေနဲ့ သူတို့ရဲ့ ဥပဒေကို မရုပ်သိမ်းပေမယ့် တချို့ နေရာတွေမှာ လက်လွတ်စပယ် မလုပ်ရဲတာ တွေ့ရတယ်။ နိုင်ငံတကာဖိအားနဲ့ အဖွဲ့အစည်းတွေက တောင်းဆိုတယ်ဆိုရင် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့အခွင့်အရေး တစုံတရာလေး ရနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့က တောင်းဆိုရမှာပါ” ဟု ဦးထူးချစ်က ပြောသည်။

ဆွေးနွေးပွဲကို Mekong Migration Network နှင့် Action Network for Migrants အဖွဲ့ဝင် မဲခေါင်ဒေသတွင်းရှိ အန်ဂျီအိုများ တက်ရောက်ကြပြီး မဲဆောက်နှင့် မဟာချိုင်တို့မှ မြန်မာ အလုပ်မားကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

ထိုင်းနိုင်ငံ၌ မြန်မာ၊ ကမ္ဘာဒီယားနှင့် လာအိုနိုင်ငံတို့မှ အလုပ်သမားပေါင်း သန်းနှင့်ချီ၍ တရား
ဝင်ရော၊ တရားမ၀င်နည်းလမ်းများဖြင့်ပါ လာရောက် အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ မြန်မာနိုင်ငံသားများဖြစ်သည်။ ။

အပြည့်အစုံသို့...

ပြည်တွင်းကယ်ဆယ်ရေးလုပ်သားများ ထပ်အဖမ်းခံရ

ဧရာဝတီ | ဇွန် ၁၆၊ ၂၀၀၈

နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်တွင်းကယ်ဆယ်ရေးလုပ်သား ၃ ဦးကို ယခုလ ၁၂ ရက်နေ့တွင် အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မယဉ်ယဉ်ဝိုင်း၊ မတင်တင်ချိုနှင့် ကိုမြတ်သူတို့ ၃ ဦးကို ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြေနီကုန်းတွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မယဉ်ယဉ်ဝိုင်း၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းတို့ ၃ ဦးကို ဖမ်းဆီးပြီးနောက် ညပိုင်းတွင် မယဉ်ယဉ်ဝိုင်း၏ နေအိမ်ကို အာဏာပိုင်တို့ က ၀င်ရောက်ရှာဖွေကာ မုန်တိုင်း အကူငွေကိစ္စများကို မေးမြန်းသည်ဟု မယဉ်ယဉ်ဝိုင်း၏ မိသားစုဝင်က ပြောသည်။

အဖမ်းခံရသူ ၃ ဦးသည် ရန်ကုန်တိုင်းကွမ်းခြံကုန်း၊ တွံတေးနှင့် ဧရာဝတီတိုင်း ဒေးဒရဲ နယ်များတွင် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည့် ပုဂ္ဂလိက အလှူရှင်များ ဖြစ်ကြသည်။

စစ်အစိုးရက မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတချို့ကို ယခုလအတွင်း ဖမ်းဆီးချုပ်နှောင်မှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း မည်သည့်အကြောင်းကြောင့် ဖမ်းဆီးနေသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

လေပြင်းမုန်တိုင်းတိုက်ခတ်အပြီး မကြာမီကာလအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင် သည့် လူရွှင်တော် ဇာဂနာနှင့် အာကစားအယ်ဒီတာ ဇော်သက်ထွေးတို့ကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီး ခဲ့သည်။

ယခုလ ၄ ရက်နေ့ညတွင် အာဏာပိုင်တို့က ကိုဇာဂနာအား ရန်ကုန်ရှိနေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေး အား လွန်ခဲ့သည့် ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့သည်။
လူရွှင်တော် ဇာဂနာ အဖမ်းခံရမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်က အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးထားသည့်အပေါ် အလွန်စိုးရိမ်ပူပန်သည်ဟု ပြောဆိုခဲ့သည်။

အပြည့်အစုံသို့...

ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ

မဇ္ဈိမ၊ ၁၆ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။

ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။

နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။

သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။

အပြည့်အစုံသို့...

မြန်မာလယ်သမားများ လောင်စာဆီ အရေးတကြီးလိုအပ်ဟု ကုလ ပြော

NEJ/ ၁၆ ဇွန် ၂၀၀၈

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုင်ကလုန်းကြောင့် ကျွဲနွားများသေဆုံးခဲ့ရသည့် နေရာတွင် အစားထိုးသုံးစွဲမည့် လယ်ထွန်စက်များ မောင်းနှင်နိုင်ရန်အတွက် ဒီဇယ်ဆီ အရေးပေါ် လိုအပ်နေသည်ဟု ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၏ အကူအညီများကို ယုံကြည်စိတ်ချ၍မရဟု စစ်အစိုးရ သတင်းစာများ တွင် ဖော်ပြခဲ့ပြီးသည့်နောက် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ အာရှရုံးချုပ် အကြီး အကဲဖြစ်သည့် နိုးလင်းဟေဇာက ဒီဇယ်ကိစ္စကို ပြောကြားလိုက်ခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများ၊ နိုင်ငံရပ်ခြားမှ အလှူရှင်များနှင့် လောင်စာဆီထုတ်လုပ်သည့် နိုင်ငံ များအား ဒီဇယ်ဂါလန် (၁) သန်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ပေးရန် နိုးလင်းဟေဇာက တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ လှူဒါန်းထားသော လယ်ထွန်စက် (၅,၀၀၀) အား မောင်းနှင်ရန် လောင်စာဆီလိုအပ်ကြောင်း မြန်မာ့စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက ဟေဇာကို ယခုတပတ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြခြင်းဖြစ်သည်။

“လောင်စာလိုအပ်နေတာက အရမ်းကို အရေးတကြီးဖြစ်နေတယ်။ ရနိုင်မယ့် အခွင့်အလမ်း ကလည်း နည်းတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ စပါးစိုက်တဲ့ရာသီက ဇွန်လနဲ့ ဇူလိုင်လ အတွင်း ဖြစ်နေတော့ အဲဒီလတွေ ကျော်သွားရင် တော်တော်နောက်ကျသွားမယ်။ နောက်ကျရင် မြန်မာပြည်တွင်းနဲ့ အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ လိုအပ်မှု အကျိုးဆက်တွေက တော်တော် ဆိုးသွားမယ်”ဟု ဟေဇာက ပြောသည်။

အမေရိကန် စိုက်ပျိုးရေးဌာနကလည်း မုန်တိုင်းထိသည့် ဧရိယာသည် မြန်မာနိုင်ငံ ဆန်စပါး ထုတ် လုပ်မှု၏ (၆၀) ရာခိုင်နှုန်းခန့် အကြမ်းဖျင်းရှိနေသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

“၂၀၀၈-၂၀၀၉ နှစ်အတွက် စပါးထွက်နှုန်းကတော့ တော်တော်ကြီးကို မသေမချာ ဖြစ်နေတယ်။ ဇူလိုင်လ နှောင်းပိုင်းဆို စပါးစိုက်မယ့်ရာသီ ကုန်ပြီ။ ပျက်စီးသွားတဲ့ လယ်ယာတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုမှ မလုပ်ဆောင်နိုင်သေးဘူး။ လယ်သမား တွေကိုလည်း သင့်တင့်တဲ့ ရိက္ခာ ထောက်ပံ့မှုတွေ၊ မျိုးစပါးတွေ၊ ကိရိယာတွေ၊ ကျွဲနွား အစားထိုး စက်ပစ္စည်းတွေနဲ့ လောင်စာတွေလည်း ထောက်ပံ့ဖို့ လိုနေသေးတယ်” ဟုလည်း ဖော်ပြထား သည်။

မြန်မာ ဆိုင်ကလုန်း ဒုက္ခသည်များအတွက် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သော်လည်း စစ်အစိုးရက နိုင်ငံခြားမှ သဘာဝဘေးအန္တရာယ် အထူးကျွမ်းကျင်သူ အများအပြားကို လက်ခံ လိုခြင်းမရှိဘဲ မုန်တိုင်းအထိနာသည့် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရေးတွင်လည်း တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် အမေရိကန်ပြည်ထောင်စုမှ အကူအညီများ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများမှ သွားလာရေးခက်ခဲ့သည့် ဒေသများသို့ ရေတပ်ကိုအသုံးပြုပြီး ရဟတ်ယာဉ်များနှင့် ရိက္ခာပို့ဆောင်ပေးမည်ဆိုသည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

မြန်မာနိုင်ငံအား စစ်သင်္ဘောများဖြင့် ကူညီချင်သည်ဆိုသည့် အင်အားကြီးအနောက်နိုင်ငံတခု၏ စေတနာသည် သွေးရိုးသားရိုး စေတနာမဟုတ်ဟု စစ်အစိုးရသတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ အမေရိကန်အကူအညီနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် စစ်သင်္ဘောများမှ မုန်တိုင်းဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသည့် ကူညီမှုများကို မြန်မာစစ်အစိုးရက ပယ်ချခဲ့သည်။ ။

အပြည့်အစုံသို့...

လုံခြုံရေးအတွက်လည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရ

ဧရာဝတီ-အောင်သက်ဝိုင်း/ရန်ကုန် | ဇွန် ၁၆၊ ၂၀၀၈

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တလကြာလာချိန်တွင် ရန်ကုန်မြို့တွင်း ရပ်ကွက်များရှိ လူနေအိမ်ခြေများ၌ ပစ္စည်းခိုးမှုများ ထူပြောလာခြင်းကြောင့် ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ သူခိုးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေရကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

“ရပ်ကွက်ထဲမှာ ပစ္စည်းတွေခဏခဏ အခိုးခံနေရတယ်။ အ၀တ်အထည်တွေနဲ့ ဒန်အိုးဒန်ခွက်ကစပြီး ဖိနပ်စုတ်အထိပဲ။ မနေ့ညတုန်းက လမ်းထိပ်မှာ ရပ်ထားတဲ့ ထီဆိုင်လှည်းက သစ်သားတွေ အကုန်ခွာပြီး ခိုးသွားတယ်။ လစ်ရင်လစ်သလို အခိုးခံရတာ။ အထူးသဖြင့် ညဘက်တွေမှာ အခိုးခံရတာအများဆုံးပဲ” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၇ ရပ်ကွက် မိုးကောင်းလမ်းတွင် နေထိုင်သူ တဦးကပြောသည်။

နာဂစ်မုန်တိုင်းအပြီး ပိုမို ဆင်းရဲကြပ်တည်းလာကာ အလုပ်အကိုင်ရှားပါး လာသည့်အတွက် ခိုးမှုများ ဖြစ်ပွားလာရပြီး လွယ်ကူစွာ ပိုက်ဆံရနိုင်သည့် ဖြတ်လမ်းအနေဖြင့် ပစ္စည်းခိုးသည့် နည်းကို သုံး၍ လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းကြခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင်နေထိုင် သည့် အထက်တန်းရှေ့နေ တဦးကပြောသည်။

“တနေ့က အသက် ၁၃ နှစ်လောက်ပဲရှိဦးမယ့် ကောင်လေးတယောက် ကျနော့်မုန့်ဆိုင်က မုန့်တွေယူပြီးထွက်ပြေးတယ်။ နေ့ခင်းကြောင်တောင် ဆိုင်မှာလူရှင်း နေတဲ့အချိန်ဆိုတော့ သိသိချင်း ကျနော်လည်း လိုက်ဖမ်းလိုက်တယ်။ မိတော့ နားပန်ကျင်းလိုက်တယ်” ဟု လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးတွင် မုန့်မျိုးစုံနှင့် စားသောက်ကုန် မျိုးစုံ ရောင်းချ သည့် ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောသည်။

၎င်းကုန်စုံဆိုင်ရှင်က မေးကြည့်ရာ ခိုးယူထွက်ပြေးသည့် ကလေးမှာ လှိုင်သာယာ၊ ရိုးကြီးရွာက ဖြစ်ကြောင်းနှင့် သူတို့နေထိုင် သည့် ၀ါးတဲမှာ မုန်တိုင်းကြောင့်ပြိုကျသွားပြီး မိသားစု စား ၀တ်နေရေးဒုက္ခရောက်နေသောကြောင့် မြို့ထဲတွင်အလုပ်လာ ရှာရင်း ဗိုက်ဆာလွန်းသဖြင့် မုန့်ယူပြေးခြင်း ဖြစ်ကြောင်း ဖြေကြားသည်ဟု ဆိုသည်။

“ကောင်လေးက တော်တော် ကြောက်နေတာ။ အဲဒါနဲ့ ကျနော်လည်း ထမင်းကျွေးပြီး ပြောဆိုဆုံးမ လွှတ်လိုက်ရတယ်” ဟု လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးတွင် မုန့်မျိုးစုံနှင့် စားသောက်ကုန် မျိုးစုံ ရောင်းချသည့် ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ ကုန်စုံဆိုင်ရှင်ကပင် ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေးနှင့် ကမ်းနားလမ်းတလျှောက် တောင်းရမ်း စားသောက်နေ သည့် ကလေးငယ်အများအပြားတွေ့လာရပြီး ကြီးကောင်ဝင်စ ကလေးငယ် တချို့မှာ မြို့တွင်းလူနေတိုက်ခန်းများအတွင်း သို့ ၀င်ရောက်ပြီး ခိုးမှု အသေးစား များ ပြုလုပ်လာကြကြောင်း ပြောပြသည်။

“လစ်ရင်ခိုးတယ်။ လိုက်ရင်ပြေးတယ်။ မိရင်ပြန်ပေးတယ်။ ကလေးတွေဆိုတော့ ရဲစခန်းပို့ရ အခက်။ တော်ရုံ နားပန်ကျင်း၊ ခေါင်းခေါက်ပြီး ပြန်လွှတ်ပေးကြတယ်။ ကိုယ့်သားသမီးအရွယ် လေးတွေဆိုတော့ မလုပ်ရက်ကြဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ အလစ်သုတ် ခိုးယူမှုများပြုလုပ်ကြသည့် ကလေးငယ်များတွင် အရွယ်မရောက်သေး သည့် မိန်းကလေးငယ်များပါ ခိုးယူအလစ်သုတ်မှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။

“မိန်းကလေးငယ်လေးတွေ ပလတ်စတစ်ကောက်တဲ့ ပုံစံနဲ့ ဟိုဟာရှာသလို၊ ဒီဟာရှာသလို လုပ်ပြီး မယောင်မလည်နဲ့ အိမ်ထဲဝင် ပစ္စည်းတွေခိုးတာ” ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ အထပ်မြင့် တိုက်တတိုက်၏ မြေညီထပ်တွင်နေထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

အသက် ၁၈ နှစ်အောက် ကလေးများသာမက အရွယ်ရောက်ပြီး လူငယ်များနှင့် လူကြီးပိုင်း အရွယ် များလည်း အလစ်သုတ် မှုနှင့် ခိုးမှုများ ပိုမိုပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ထဘီလှန်းထားရင် ထဘီခိုးတယ်။ အိမ်မှာလူမရှိတာနဲ့ ပစ္စည်းပျောက်တော့တာပဲ။ ထရံကာထားတဲ့ အိမ်ဆိုရင် လက်ဝင် သာရုံ ထရံတွေချိုးဖဲ့ အပေါက် ဖောက်ပြီး အိုးခွက်ပန်း ကန်နဲ့ လက်လှမ်းမီတဲ့ ခွက်စုတ်ကအစ ခိုးကြတာ” ဟု လှိုင်သာယာ ၂၁ ရပ်ကွက်နေ အိမ်ရှင်မ တဦးကဆိုသည်။

ညပိုင်းအချိန်များတွင် ခိုးမှုများ အလွန်ဖြစ်ပွားနေရာ လျှပ်စစ်မီးမရရှိသည့်အတွက် မှောင်မည်း နေခြင်း၊ မိုးရာသီဖြစ်သည့် အတွက် ညပိုင်းအချိန်များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ကလည်း ခိုးမှုကျုးလွန်သူများအတွက် ပိုမိုအတင့်ရဲစေ ကြောင်း လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။

ခိုးမှုနှင့် အလစ်သုတ်မှုများမှာ ရန်ကုန်မြို့တွင်းမြို့နယ်များနှင့် ဆင်ခြေဖုံးဒေသများ အားလုံးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်သူ ရပ်ကွက်သားများ စုပေါင်းပြီး လုံခြုံရေးကင်းများ ချထားဆောင်ရွက်နေရကြောင်း သိရှိရသည်။

“လမ်းလုံခြုံရေးအဖွဲ့ဆိုပြီးဖွဲ့၊ ရန်ပုံငွေရှာပြီး လုံခြုံရေး ကင်းသမားငှားရတယ်။ တအိမ်ကို တထောင် လောက်ကောက်ပြီး လုံခြုံရေးအစောင့်တဦးအတွက် တလ သုံးသောင်းခွဲပေး ကင်းစောင့်ခိုင်းရတယ်” ဟု လှိုင်သာယာ မြို့နယ် ရပ်ကွက်တခုမှ ကိုယ်ထူကိုယ်ထ လမ်း လုံခြုံရေးအဖွဲ့ ဥက္ကဌတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသည့် ခိုးမှုနှင့် အလစ်သုတ်မှုများကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့များအား သတင်းပို့ တိုင်ကြားသော်လည်း ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“စက်ဘီးပျောက်လို့ ရဲတိုင်ထားတာ တလကျော်ကြာပြီ။ ဘာမှမထူးခြားတဲ့အပြင် အိမ်မှာရှိတဲ့ ကက်ဆက်ပါထပ်အခိုးခံလိုက် ရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၅၀ ကွေ့ အနီးနေထိုင်သူ တဦးကဆိုသည်။

တိုင်ကြားသည့် ခိုးမှုနှင့် အလစ်သုတ်မှုများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ရာတွင် လာဘ်ငွေများများ ရနိုင်သည့် အကြီးစားအမှု များကိုသာ ဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးပြီး လာဘ်ငွေ မရရှိနိုင်သော သာမန်စက်ဘီးခိုးမှု၊ အ၀တ်အထည် နှင့် အိမ်ထောင်သုံး ပရိဘောဂများ ခိုးယူအလစ်သုတ်ခံရမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်း မရှိကြောင်း အမှုတိုင်ကြားခဲ့သည့် ရန်ကုန်မြို့ခံများကပြောသည်။

“သိန်းတရာ၊ နှစ်ရာတန်ပစ္စည်းတွေ အခိုးခံရရင် ရဲတွေအလုပ်လုပ်တယ်။ အခိုးခံရတဲ့သူတွေ ကလည်း သိန်းကိုဆယ်ဂဏန်း ချီ လာဘ်ထိုးရတော့ ရဲတွေချက်ချင်း အလုပ်လုပ်ပြီး သူခိုးဖမ်းကြတယ်။ ဒါကြောင့် လူတွေက သာမန် အသေးအမွှား အခိုး ခံရတာမျိုးကို ရဲ တိုင်မနေကြတော့ဘူး” ဟု ကိုယ်တိုင် စက်ဘီးအခိုးခံခဲ့ရသူ လှိုင်မြို့နယ်သား တဦးက ပြောသည်။

ကူညီပါရစေ ဆိုသော စကားဆောင်ပုဒ်ကို လက်ကိုင်ထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ခိုးမှုနှင့် အလစ်သုတ်မှုများ လျော့ကျစေရန် ဆောင်ရွက်သင့်သည်ဟု ရန်ကုန်မြို့ခံ များက သုံးသပ်သည်။

“ရဲလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ပြည်သူတွေက အပင်ပန်းခံပြီးလုပ်နေရတယ်။ ညဆိုရင် ရပ်ကွက်လုံခြုံရေး ကင်းတွေ ဖွဲ့ပြီး ကင်းစောင့်နေရတော့ ရဲတွေဘာလုပ်နေသလဲ ဆိုတာ မေးခွန်းထုတ်ဖို့ လိုလာပြီ” ဟု ပြည်တွင်းသတင်းထောက် တဦးက ၎င်း၏အမြင်ကို ပြောသည်။

ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ခိုးမှုထူပြောလာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်း အချက်အချာကျ မြို့နယ်တခုမှ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီး တဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက ခိုးမှုနှင့် အလစ်သုတ်မှု များပြားလာသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်နေသောကြောင့် မှုခင်းများကျဆင်းလျှက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ခိုးမှုတွေအရမ်းများနေတယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလပါ။ ကျနော်တို့ ရဲတွေက နေ့ရော၊ ညရော လှည့်ကင်း တွေနဲ့ ရပ်ရွာလုံခြုံရေးဆောင်ရွက်နေတာပါ။ ရပ်ကွက်တွေမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးလုပ်ကြတာကတော့ ကောင်းတာပဲ” ဟု အဆိုပါ မြို့နယ်မှူးက ပြောသည်။
ရဲတပ်ဖွဲ့က ယင်းသို့ ဖြေကြားသော်လည်း ညအချိန်ရောက်တိုင်း ရပ်ကွက်များတွင် “နေအိမ်ခြံဝင်းတံခါးများလုံခြုံစွာ ပိတ်သိမ်းပြီးမှ အိပ်ကြပါ” ဟူသော ကိုယ်ထူကိုယ်ထ ရပ်ကွက်လုံခြုံရေးအဖွဲ့များ၏ သတိပေး နှိုးဆော် တိုက်တွန်းသံများ ပျံ့နှံ့လျက်ရှိသည်။

အပြည့်အစုံသို့...

လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ

မဇ္ဈိမ၊ ၁၆ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။

ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သွားတုန်းက ဘုန်းကြီးနဲ့ တွေ့မယ်ဆိုပြီး သွားတာ။ အလှူခံတဲ့ ဘုန်းကြီးလေ။ အဲလိုမျိုး ချိန်းထားလို့ သွားတာ။ အဲဒါ မြေနီကုန်း ရွှေလ္ဘက်ရည် ဆိုင်မှာ အလှူကိစ္စကို ဘုန်းကြီးက လွှတ်လိုက်တာ ဆိုပြီးတော့ အဲလိုပုံစံနဲ့ ဝင်လာတာ။ အဲဒီမှာပဲ ပျောက်သွားတာ” ဟု မတင်တင်ချို၏ ခင်ပွန်းသည်က ပြောသည်။

သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ အာဏာပိုင်များဘက်က မိသားစုဝင်များသို့ တစုံတရာ အကြောင်းကြားခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။

၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ညတွင် နယ်မြေခံရဲများ အပါအဝင် ဒေသ အာဏာပိုင်များသည် ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“မေးတာက ကယ်ဆယ်ရေး ပိုက်ဆံတွေ ပို့ထားတာ ဘယ်မှာ ထားသလဲ၊ ဘယ်ကို သူ ဆက်သလဲ၊ သူတို့ မှတ်ထားတဲ့ ငွေစာရင်းလယ်ဂျာ (ledger) သိချင်တယ်၊ ပြပါ ဆိုပြီး မေးပါတယ်။ ရှာတာက တအိမ်လုံးကို ရှာတာပေါ့။ ဗီရိုတွေ ဖွင့်ကြည့်တယ်။ ပထမတခေါက်တော့ သိပ်ပြီး ထွေထွေထူးထူး ပါမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ဖြတ်ပိုင်းပုံကလေးတွေ ဖြတ်ထားတဲ့ဟာတွေ ပါသွားတယ်။ ဒုတိယ တခေါက်တော့ လက်တော့ပ် laptop တို့ တောင်းတာ ရှိတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

ဘာကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း နေအိမ်များသို့ လာရောက် မေးမြန်းခဲ့သူ အာဏာပိုင်များ၏ စကားများအရ လေဘေး ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းနှင့် ပတ်သက်သည်ဟု ယူဆရကြောင်း မိသားစုဝင်များက ပြောသည်။

အဖမ်းခံလိုက်ရသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေတ္တာပေါင်းကူး အမည်ရှိ လေဘေး ကူညီရေးအဖွဲ့က ဧရာဝတီတိုင်းအတွင်းသို့ အနည်းဆုံး ၆ ခေါက်ခန့် ပေးပို့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီနေသည့် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူရွှင်တော် ဇာဂနာ (ကိုသူရ) သည် ယခုလ ၄ ရက်နေ့တွင်၎င်း၊ First Eleven ဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးသည် ၁၃ ရက်နေ့တွင်၎င်း ဖမ်းဆီးခံခဲ့ကြရသေးသည်။

အပြည့်အစုံသို့...

Sunday, June 15, 2008

ရန်ကုန် မိုးကြီး၊ မော်လမြိုင်တွင် ရေတက်လာ၍ လူအများ ထိတ်လန့်နေ

မဇ္ဈိမ၊ ၁၅ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် ယနေ့နံနက် လင်းအားကြီးချိန်မှစ၍ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိပြီး အချို့ နေရာများတွင် ရေလျှံမှု ဖြစ်နေသည်။

မိုးလေ၀သဌာန၏ အထူးသတင်း ကြေငြာချက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်မှ နောက် ၇၂ နာရီအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ပါရှိသည်။ မြန်မာ့ ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။

လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း ဂယက်ကြောင့် စိုးရိမ်စိတ် ကြီးထွားနေချိန်ဖြစ်သဖြင့် မိုးလေ၀သသတင်း လိုက်လံစုံစမ်းမှုကို အများအပြား တွေ့နေရသည်။

မုန်တိုင်းအဆင့်မဟုတ်ဘဲ မုတ်သုန်လေ အားကောင်းရာမှ အားအလွန်ကောင်းလာကာ လေပြင်းကျရောက်မည် ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ချုပ် ဦးထွန်းလွင်က မုန်တိုင်းဝင်ခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ပင်လယ်ထွက်သူများအတွက် လေတိုက်နှုန်းက စိုးရိမ်စရာ ရှိသည်ဟု ပြောသည်။

မော်လမြိုင်မြို့တွင် ကမ်းနားတလျှောက် ရေတက်လာနေ၍ လူအချို့ အထိတ်တလန့် ဖြစ်ကာ အမြင့်ပိုင်းကျရောက်ရာ မြို့ထဲသို့ အုပ်စုလိုက် ရွှေ့ပြောင်းနေကြသည်။ မော်လမြိုင်မြို့တွင် ရေကြီးမည်ဆိုသော ကောလဟလများ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့ပြီးနောက် လူအများ စိုးရိမ် ထိတ်လန့်နေခဲ့သည်။

ဘီလူးကျွန်းပေါ်ရှိ ကျေးရွာ ၂ ခုတွင် ရေကြီးမည်ဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းရာ "လူမရှိတော့" ဟု ဒေသခံတဦးက ပြောသည်။

ယနေ့ မော်လမြိုင်မြို့တွင် ရဲအစောင့်အကြပ်များ သိသိသာသာ တိုးမြှင့် ချထားလိုက်သည်။

အပြည့်အစုံသို့...

Saturday, June 14, 2008

ရန်ကုန်တိုင်းမှူးအမိန့်အရ သာသနာ့သိပ္ပံကျောင်းကို ချိပ်ပိတ်

မဇ္ဈိမ၊ ၁၄ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတခုဖြစ်သော ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့ သိပ္ပံကျောင်းကို ယမန်နေ့က အာဏာပိုင်များက ချိပ်ပိတ်လိုက်သည်။

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်း အမိန့်အရဆိုကာ မြို့နယ် အေးချမ်းသာယာရေး ကော်မတီ ဥက္ကဌအပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းတိုက်သို့ ရောက်ရှိလာပြီး လစ်လပ်နေသော ကျောင်းထိုင် ဆရာတော်နေရာတွင် တရားဝင် ခန့်အပ်မှု မပြီးမချင်း ခေတ္တ ပိတ်ထားမှာ ဖြစ်သည်ဟု ပြောကာ ကျောင်းတိုက်ပေါ်တွင် သီတင်းသုံး နေထိုင်တော်မူနေသော သံဃာတော်များကို ဖယ်ရှားကြပါရန် ပြောကြားခဲ့သည်။

"မနေ့က မနက် ၁၁ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ် မ.ယ.က ပါတယ် ရ.ယ.က တွေလဲပါတယ် အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးတွေကော ကြံဖွံ့တွေ၊ စွမ်းအားရှင်တွေကော ၂၀ လောက်ရှိတယ်၊ ညနေ (၅)နာရီမှာ ဘုန်းကြီးကျောင်းကို သူတို့မှာ ပါလာတဲ့ သော့နဲ့ခတ်ပြီး ချိပ်ပါပိတ်သွားတယ်" ဟု ကျောင်းတိုက်တွင် ၀ါဆို သီတင်းသုံးနေထိုင်ခဲ့သူ ရဟန်းတော်တပါးက မဇ္ဈိမ သို့ ပြောကြားသည်။

ယခုအခါ ဝါဆို သံဃာတော်သုံးပါးမှာ ခြောက်ထပ်ကြီး ဘုရားဝန်းအတွင်းရှိ အခြားသော ကျောင်းတိုက်နှစ်ခုသို့ ရွှေ့ပြောင်း သီတင်းသုံးနေသည်။

ကျောင်းထိုင်ဆရာတော် ရွေးချယ်မှုမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး ပြန်လည် ဖွင့်ပေးလိမ့်မည် မထင်ကြောင်း ရဟန်းတော်များက လက်ခံထားကြသည်။

ဒီမိုကရေစီ လိုလားသူများ၏ ကိုးကွယ်လှူတန်းခြင်းကို စစ်အစိုးရငြိုငြင်မှာ မကြောက်မရွံ့ဘဲ လက်ခံလေ့ရှိသူ သာသနာ့သိပ္ပံ ကျောင်းထိုင် ဆရာတော်ကြီး၏ ဈာပနပွဲကို ဇွန်လ(၇) ရက်နေ့က ကျင်းပခဲ့ရာ ရန်ကုန်ရှိ အတိုက်အခံ အင်အားစုများမှ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ဈာပနပွဲကို အာဏာပိုင်များကလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပြီး လိုအပ်လျှင် ဖြိုခွင်းခြင်းပြုရန် စွမ်းအားရှင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများကိုပါ အဆင်သင့် ခေါ်ယူထားခဲ့သည်။

၂၀၀၇ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့်"ရွှေဝါရောင် တော်လှန်ရေး" တွင် ဘုန်းကြီးကျောင်း များကို စစ်အစိုးရက ၀င်ရောက် စီးနင်းခံခဲ့ရပြီး ကျောင်းတိုက်အချို့မှာ ချိပ်ပိတ်ခံခဲ့ရသည်။

ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပ္ပံနှင့် သာသာနာ့ဂုဏ်ရည် ကျောင်းများမှာလည်း လုံခြုံရေး တပ်ဖွဲ့များ၏ ၀င်ရောက်စီးနင်း ရှာဖွေခြင်းခံခဲ့ရသည်။ သာသနာ့ ဂုဏ်ရည်ကျောင်းကို ချိပ်ပိတ်ထားခဲ့ရာ နာဂစ် မုန်တိုင်းကြောင့်လည်း ကျောင်းတိုက်ပျက်စီးမှုများ ရှိသည်။

အပြည့်အစုံသို့...

လပွတ္တာတွင် ၀မ်းဖောဝမ်းရောင်ရောဂါ စိုးရိမ်ရ

ခေတ်ပြိုင်-ကျော်ထင်/ ၁၃ ဇွန် ၂၀၀၈

မုန်တိုင်းအပြီး (၁၀) ရက်ကျော်လောက်မှစ၍ ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွားမှု စတင်ခဲ့ပြီး ယခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အာဏာပိုင်များနှင့် မပတ်သက်သည့် အထွေထွေကုဆရာဝန်များ စုပေါင်းပြီး ဝေဒနာသည်များကို နေ့စဉ်လက်ခံကုသနေကြကြောင်း လပွတ္တာမြို့မှ ဒေါက်တာအေးကြူက ပြောသည်။

၎င်းက “လူသေအလောင်းတွေကြောင့်ပဲ ယင်ကောင်တွေများသလား၊ အခု လူသေအလောင်း တွေကလည်း တော်တော်ပျော့သွားပြီ။ နံတာစော်တာက ကျွဲနွားတွေသေတာတွေက နံတယ်၊ ပိုပြီးတော့ ယင်ကောင်တွေ များတယ်၊ အဲဒီကြောင့်ဖြစ်လိမ့်မယ်။ တခါမှ မတွေ့ဖူးတဲ့ ယင်ကောင် အကြီးကြီးတွေ တွေ့ရတယ်၊ တွေ့ပြီးတော့ ၀မ်းဖောဝမ်းပျက်သဘောမျိုးပေါ့နော်၊ ၀မ်းရောဂါ အဆင့်တော့ မဟုတ်ဘူး။ ကျနော့်ဆေးခန်းကို ၀မ်းဖောဝမ်းပျက်ဖြစ်နေသူတွေ တနေ့ (၅) ယောက်အထက် လာကြတယ်” ဟု ပြောသည်။

မြို့နေရာအနှံ့ ပိုးသတ်ဆေးဖြန်းနိုင်ရေးအတွက် လိုအပ်သည့် အချက်လက်များကို လပွတ္တာမြို့ အထွေထွေကုဆရာဝန်များအဖွဲ့က ဒေသဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သို့ ယမန်နေ့က ပေးပို့ထားပြီး ကူညီပံ့ပိုးမှုရမှ ဆေးဖြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးကုသမှုများနှင့် ပတ်သက်ပြီး ဒေါက်တာအေးကြူက “တို့ အထွေထွေကုဆရာဝန်တွေက အခမဲ့ ဆေးခန်းတွေနဲ့ သရက်တောကျောင်းမှာ (၁၂) နာရီကနေ ညနေ (၃) နာရီအထိ ကုသ ပေးနေကြတယ်။ ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန်တွေက ကုပေးရင်းနဲ့ ၀မ်းအတွက်ကို စိုးရိမ်လာကြလို့ ဆွေးနွေးကြတော့ အရေးကြီးတာက ဆေးဖြန်းဖို့လေ။ တော်တော်များများ ဒီရောဂါဖြစ်နေကြတယ်၊ တောက တက်လာတဲ့ ဒုက္ခသည်တွေတင်မကဘူး မြို့ပေါ်က လူတွေပါ ဖြစ်နေတယ်” ဟု ပြောသည်။

မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများအကြားတွင်လည်း အဆိုပါရောဂါ ဖြစ်ပွားလျက်ရှိပြီး အခမဲ့ဆေးခန်းများသို့ ရောက်ရှိလာသော အခြေအနေ ဆိုးဝါးသူများကို လပွတ္တာမြို့ဆေးရုံကြီးသို့ လွှဲပြောင်းပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများကို စစ်အစိုး ရက ကန့်သတ်မှုများစွာနှင့် လက်ခံနေသောကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အပြည့်အစုံသို့...

လပွတ္တာတွင် ၀မ်းဖောဝမ်းရောင်ရောဂါ စိုးရိမ်ရ

ခေတ်ပြိုင်-ကျော်ထင်/ ၁၃ ဇွန် ၂၀၀၈

မုန်တိုင်းအပြီး (၁၀) ရက်ကျော်လောက်မှစ၍ ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွားမှု စတင်ခဲ့ပြီး ယခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အာဏာပိုင်များနှင့် မပတ်သက်သည့် အထွေထွေကုဆရာဝန်များ စုပေါင်းပြီး ဝေဒနာသည်များကို နေ့စဉ်လက်ခံကုသနေကြကြောင်း လပွတ္တာမြို့မှ ဒေါက်တာအေးကြူက ပြောသည်။

၎င်းက “လူသေအလောင်းတွေကြောင့်ပဲ ယင်ကောင်တွေများသလား၊ အခု လူသေအလောင်း တွေကလည်း တော်တော်ပျော့သွားပြီ။ နံတာစော်တာက ကျွဲနွားတွေသေတာတွေက နံတယ်၊ ပိုပြီးတော့ ယင်ကောင်တွေ များတယ်၊ အဲဒီကြောင့်ဖြစ်လိမ့်မယ်။ တခါမှ မတွေ့ဖူးတဲ့ ယင်ကောင် အကြီးကြီးတွေ တွေ့ရတယ်၊ တွေ့ပြီးတော့ ၀မ်းဖောဝမ်းပျက်သဘောမျိုးပေါ့နော်၊ ၀မ်းရောဂါ အဆင့်တော့ မဟုတ်ဘူး။ ကျနော့်ဆေးခန်းကို ၀မ်းဖောဝမ်းပျက်ဖြစ်နေသူတွေ တနေ့ (၅) ယောက်အထက် လာကြတယ်” ဟု ပြောသည်။

မြို့နေရာအနှံ့ ပိုးသတ်ဆေးဖြန်းနိုင်ရေးအတွက် လိုအပ်သည့် အချက်လက်များကို လပွတ္တာမြို့ အထွေထွေကုဆရာဝန်များအဖွဲ့က ဒေသဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သို့ ယမန်နေ့က ပေးပို့ထားပြီး ကူညီပံ့ပိုးမှုရမှ ဆေးဖြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးကုသမှုများနှင့် ပတ်သက်ပြီး ဒေါက်တာအေးကြူက “တို့ အထွေထွေကုဆရာဝန်တွေက အခမဲ့ ဆေးခန်းတွေနဲ့ သရက်တောကျောင်းမှာ (၁၂) နာရီကနေ ညနေ (၃) နာရီအထိ ကုသ ပေးနေကြတယ်။ ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန်တွေက ကုပေးရင်းနဲ့ ၀မ်းအတွက်ကို စိုးရိမ်လာကြလို့ ဆွေးနွေးကြတော့ အရေးကြီးတာက ဆေးဖြန်းဖို့လေ။ တော်တော်များများ ဒီရောဂါဖြစ်နေကြတယ်၊ တောက တက်လာတဲ့ ဒုက္ခသည်တွေတင်မကဘူး မြို့ပေါ်က လူတွေပါ ဖြစ်နေတယ်” ဟု ပြောသည်။

မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများအကြားတွင်လည်း အဆိုပါရောဂါ ဖြစ်ပွားလျက်ရှိပြီး အခမဲ့ဆေးခန်းများသို့ ရောက်ရှိလာသော အခြေအနေ ဆိုးဝါးသူများကို လပွတ္တာမြို့ဆေးရုံကြီးသို့ လွှဲပြောင်းပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများကို စစ်အစိုး ရက ကန့်သတ်မှုများစွာနှင့် လက်ခံနေသောကြောင့် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အပြည့်အစုံသို့...

Time to ask Ourselves

By Thway Ni
Burmese Bloggers w/o Borders


The latest news at Mizzima titled "Journalist helping cyclone victims arrested" says:

The crackdown by the Burmese military junta continues unabated, It arrested a journalist, who has been helping Cyclone Nargis victims in Irrawaddy delta this morning, according to sources.

Zaw Thet Htwe, the former Editor-in Chief of First Eleven Sports journal was arrested by the Special Branch of the police this morning.
Another news from Mizzima titled "Junta shuts down pro-opposition monastery" says:
The Burmese military junta authorities sealed a pro-opposition Buddhist monastery in Rangoon yesterday.

The township chairman and security forces arrived at the Sasana Theikpan monastery compound of Chauk Htut Gyi pagoda, Bahan Township on Friday morning and told monks they would close the monastery until an official announcement by the new head of monastery was made.
A few days ago, I read Irrawaddy's interview with a popular Burmese comedian, Zarganar. A couple of days later, I read another news about him being detained for questioning without any valid explanation.

Ban-Ki Moon has come and gone. Than Shwe has fulfilled a tiny fraction of his promise to Ban-Ki Moon by minutely increasing the number of visas issued to aid workers.

US and French warships have returned to their respective countries. Many people expressed disbelief and disappointment at the junta's refusal of aid from those warships. Words of condemnation and even pleas failed to reach out to Than Shwe.

A group of good Samaritans bought a plot of land out of their own money and selflessly went through the sites to find the decomposed bodies and buried them. [Source - Moetheezun's blog]

Other individuals pull together whatever resources they can find to help the cyclone victims. Whenever they talk to the victims, the same stories surface. No visible aid has come from SPDC and the meager rations handed out by the SPDC can hardly sustain for the survival of the victims. Many victims still live in precarious conditions making them vulnerable to contracting diseases and dying from malnutrition. Sometimes, the victims are even subjected to abuse by SPDC's lackeys for not following orders.

After reading all those news in the media depicting the current situations of Burma, I was prostrate with frustration and sadness. Though there is currently no immediate evidence of casualty tantamount to a genocide, waves after waves of repressions by Junta over many decades (since Ne Win took over the power in Burma) have undeniably caused a series of damages equivalent to such.

With more natural disasters and problems happening in the world, the plight of Burmese people may soon be forgotten by many people. Such is an inevitable truth. Hence, I sincerely hope that everyone will see how we need to do whatever we can within our own means to bring the light to the people of Burma. There must come a day when Burma will be known for its natural beauty and mesmerizing culture rather than the devastating and frustrating news like what is happening now.

It is time to ask ourselves .....
What can we do to free Burma?
How will we do what we can do for Burma?
How effective are our actions for Burma?
Until when will we do what we can do for Burma?


And most importantly, we must remember that everyone has a role to play. No matter how tiny it might be.

အပြည့်အစုံသို့...

Friday, June 13, 2008

မုန်တိုင်းကြောင့် စပါးစိုက်ဧကပျက်စီးမှု တပြည်လုံး၏ (၆၀) ရာခိုင်နှုန်းရှိဟု အမေရိကန်အစိုးရမှန်း

NEJ/ ၁၂ ဇွန် ၂၀၀၈

မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီး မှုသည် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု အမေရိကန် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီးမှုသည် ဧက (၁၀) သန်းရှိသည့်အတွက် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ဇွန်လ (၁၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ စပါးစိုက်ဧက ပျက်စီးမှု ခန့်မှန်းချက်သည် မြန်မာစီးပွားရေးပညာရှင်များ တွက်ချက်မှုနှင့် ကိုက်ညီနေသည်။ မြန်မာစစ်အစိုးရဘက်ကမူ စပါးစိုက်ဧက ပျက်စီးမှုကို မုန်တိုင်း ကျပြီး (၁) လကျော်သည်ထိ ထုတ်ပြန်နိုင်ခြင်း မရှိချေ။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ရေတို ရေရှည် စပါးအပျက်နှုန်းမှာ ပျက်စီးမှုနှုန်း အများဆုံးဖြစ်ပြီး တပြည်လုံး စပါးစိုက်ဧက၏ (၃၇) ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ စပါးစိုက်ဧက (၆.၄) သန်းအနက် စပါးစိုက်ဧက (၃) သန်း မုန်တိုင်းကြောင့် ပင်လယ်ရေ အလွှမ်းခံခဲ့ရသည်။

မေလ (၃၀) ရက်ထိ လေ့လာချက်အရ ပင်လယ်ရေ ပြန်ကျသွားသည့်တိုင် စပါးစိုက်ဧက (၂.၇) သန်းမှာ အတိုင်းအတာတရပ်ထိ ရေကျန်နေသေးသည်ဟုပါ အမေရိကန် လယ်ယာနှင့် စိုက်ပျိုး
ရေးဝန်ကြီးဌာန အစီရင်ခံစာက ထောက်ပြထားသည်။ တနည်းဆိုရလျှင် မုန်တိုင်းအပြီး တလကြာ သည့်တိုင် မူလက ပင်လယ်ရေလွှမ်းခဲ့သည့် စပါးစိုက်ဧက၏ (၈၀) ရာနှုန်း ရေကျန်သေးသည်ဟု ဖော်ပြထားသည်။ ။

အပြည့်အစုံသို့...

လေဘေးသင့်ဒေသရှိ ကျောင်းသားများ အခက်အခဲကြားမှ စာသင်နေရ

ဧရာဝတီ-မိုးအောင်တင်/ကွမ်းခြံကုန်း | ဇွန်၁၂၊ ၂၀၀၈

မုန်တိုင်းဒဏ်ဆိုးဝါးစွာ ခံစားရသည့်ဒေသများရှိ စာသင်ကျောင်းများကို တခြားဒေသများနည်းတူ ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နေရာ မလုံလောက်မှုကြောင့် ကျောင်းသားများမှာ ခက်ခဲစွာ စာသင်ကြားနေကြရသည်ကို တွေ့ရှိရသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ကျေးရွာ အုပ်စု ရှိ မူလတန်းလွန်ကျောင်းတွင် ၁၂ပေx၂၀ပေနှင့် အမြင့် ၅ပေ ခန့်ရှိသည့် အဖြူရောင် ရွက်ဖျင်တဲအတွင်း ကျောင်းသားများ စာသင်ကြား နေကြရသည်ကို တွေ့ရသည်။

အဆိုပါရွက်ဖျင်တဲမှာ ဆော်ဒီအာရေဗျနိုင်ငံမှ လှူဒါန်းထား ခြင်းဖြစ်ပြီး တဲ အလုံး ၃၀၀ဖြစ်သည်ဟု နိုင်ငံတကာ အန်ဂျီအို အဖွဲ့ တဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုသည်။ ရွက်ဖျင်တဲကို မြေကြီးပေါ်တွင် ထိုးထားခြင်းဖြစ်ပြီး မိုးရွာ သည့်အခါ ရေ မမြုပ်စေရန် အုတ်နီခဲများ ခင်းထားသည် ကိုလည်းတွေ့ရသည်။

ကော့မှူးမြို့နယ် ကွမ်းခြံကုန်း-ရန်ကုန် ကားလမ်းဘေး ရှိကျေးရွာ မူလတန်းကျောင်းတွင်လည်း ပြိုပျက်သွား သည့် ကျောင်းအဆောက်အဦမှ သွပ်မိုးကိုဝါးညှပ်ကာ ယာယီမိုး ထားသည့် တဲထဲတွင် ကျောင်းသားများ အကာမဲ့စွာ စာသင် ကြားနေကြရသည်ကို တွေ့မြင်ရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ မူလတန်း ကျောင်းများတွင် မူလတန်းပညာရေးမှာ အခမဲ့ပညာရေး ဖြစ်သည် ဆိုသည့် စာတန်းကိုချိတ်ဆွဲကာ ကျောင်းအပ် လက်ခံသော်လည်း ဖတ်စာစာအုပ်များမှာ တစုံလျင် ကျပ် တထောင်၊ တထောင့်ငါးရာ စသဖြင့် အတန်းပေါ်မူတည်ပြီး ၀ယ်ယူရခြင်းဖြစ်သောကြောင့် ကျောင်းသာမိဘတချို့မှာ ယခုလိုကာလ တွင် ၀ယ်ယူရန်မတတ်နိုင်ကြဟုလည်း အဆိုပါ ရွာများတွင် သွားရောက် ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ခံတဦး ကပြောဆိုသည်။

ကွမ်းခြံကုန်းမြို့မှ ၃မိုင်ကျော်ဝေးသည့် ရွာအထက်တန်းကျောင်း တကျောင်းတွင် တပိုင်းပြိုကျသွားသည့် ကျောင်းဆောင်နှင့် ခေါင်မိုးလွင့်သွားသည့် အပိုင်းတို့ကို ပြန်လည်မပြုပြင်ရသေးဘဲ အပျက်အစီးကြားထဲတွင် ကျောင်းသားများ စာသင်ကြားနေကြရသည်။

သွပ်ပြန်မမိုးရသေးသည့် နောက်ကျောင်းဆောင်တဆောင်အား နိုင်ငံတကာမှ ကူညီသည့် စစ်စိမ်းရောင် တာလပတ်ဖျင်ကို ၀ါးဖြင့် ယာယီညှပ်မိုးထားသည်ဟု အဆိုပါရွာမှ ရွာခံတဦးကပြောပြသည်။

မိုးရွာလျင် အမိုးမှရေစိမ့်ယိုသည့်အတွက် စာသင်ခန်းထဲတွင် ထီးဆောင်းနေကြရပြီး စာသင်ကြားနိုင်ခြင်းမရှိဟုလည်း ၎င်းက ပြောသည်။

ကွမ်းခြံကုန်းမြိ့ရှိ အထက်တန်းကျောင်းအဆောက်အဦများ ကိုသာ အဆိုပါနယ်မြေတွင် တာဝန်ယူထားသည့် အေးရှား ဝေါလ်ကုမ္ပဏီမှ ဦးစားပေးပြင်ဆင်ခဲ့သော်လည်း ကားလမ်းဘေးရှိ မူလတန်းကျောင်းတချို့မှာ ယခုတိုင် မပြင်ဆင်နိုင် သေးသည်ကို တွေ့ရှိရသည်။

မုန်တိုင်းဒဏ် ခံရသော ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ကျောက်ချောင်းကျေးရွာတွင်မူ အဆောက်အဦ မလုံလောက်ခြင်း ကြောင့် တနေ့လျင် နှစ်ချိန်တက်သောကျောင်းအဖြစ် ပြောင်းလဲကာ ယခုလ ၆ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့သည်ဟု အဆိုပါ ရွာမှ ပြန်လာသူတဦးက ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆိုးရွားစွာ ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများ အားလုံးကို နဂိုအနေအထားဖြစ်စေရန် ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိသေးသော်လည်း အစိုးရက အခြေခံပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ မြို့နယ်ပညာရေးမှူးများသို့ တတ်နိုင်သမျှ စောလျင်စွာ ကျောင်းပြန်ဖွင့်ရန် ညွှန်ကြားချက်များကို ပေးပို့ထား သည်ဟု ပညာရေးဝန်ထမ်းတဦး က ပြောဆိုသည်။
နအဖ စစ်အစိုးရကမူ မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီး၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် မကြာခဏ ဖေါ်ပြလေ့ရှိသည်။

အပြည့်အစုံသို့...

မုန်တိုင်းသင့်ဒေသတွင် သတင်းမီဒီယာသမားများအား စောင့်ကြည့်ရန် စစ်အစိုးရ ညွှန်ကြား

NEJ/ ၁၂ ဇွန် ၂၀၀၈

နအဖ စစ်အစိုးရ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ) များက လေဘေးဒဏ်သင့် ကျေးရွာ များသို့ သွားရောက်ပြီး အဆိုပါ ရွာများကို ရောက်လာသူများအနက်မှ သတင်းမေးသူများ၊ အင်တာ ဗျူးလုပ်သူများ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်သူများ ရှိပါက ၎င်းတို့ထံ အမြန်ဆုံး သတင်း ပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

လေဘေးဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာအုပ်စုရှိ အမည်မဖော်လိုသူ ရာအိမ်မှူးတဦးက “ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျနော်တို့ရွာကို ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ စရဖ
အဖွဲ့ဝင်တယောက် ရောက်လာတယ်။ ဒီရွာကို ဘယ်သူတွေ လာတယ်၊ ဘယ်ကလူတွေ ဖြစ်တယ်၊ ဘာလာလုပ်တယ်၊ လှူတယ်ဆိုရင်လည်း ဘာတွေလှူတယ် စသဖြင့် သူတို့ဆီကို သတင်းပို့ရမယ်လို့ ပြောတယ်။ ထူးခြားတာက အဲဒီလာတဲ့ လူတွေထဲမှာ သတင်းမေးတဲ့လူတွေ၊ အင်တာဗျူးလုပ်တဲ့ လူတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့လူတွေပါရင် ချက်ချင်း သူတို့ဆီ မပျက်မကွက် အမြန်ဆုံး အကြောင်း ကြားရမယ်လို့ လာပြောသွားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း မြို့နယ်အချို့သို့ မကြာခဏ သွားရောက် ကူညီလှူဒါန်းသူ တဦးက ယခုနောက်ပိုင်း ၎င်းတို့ရောက်သွားသည့် ကျေးရွာများတွင် စရဖ သို့မဟုတ် ၎င်းတို့ တာဝန်ပေးထားသူတဦး ရှိနေ ကြောင်း၊ ထိုသူက ရွာကို ကိစ္စအမျိုးမျိုးနှင့် ရောက်လာသူများ၏ အချက်အလက် မှန်သမျှ ကျေးရွာ ရုံးထံမှ ရယူပြီး ဆက်သွယ်ရေး စက်တလုံးဖြင့် ပုံမှန်သတင်းပေးနေသည်ကို မြင်ရကြောင်း ပြောသည်။

ထို့အပြင် မြို့အ၀င်အထွက် ဂိတ်များနှင့် ကားလမ်းပေါ်တွင် နေရာချထားသည့် စစ်ဆေးရေးများက ကားပေါ်တွင် နိုင်ငံခြားသားများ ပါမပါ၊ ပါလာပါက သက်ဆိုင်ရာ စစ်ဒေသက ထုတ်ပေးထားသည့် ရောက်ရှိရာ နေရာကို ၀င်ရောက်ခွင့် ခရီးသွားလက်မှတ် ရှိမရှိ စစ်ဆေးနေကြောင်း၊ မြန်မာနိုင်ငံ သားများကိုမူ မှတ်ပုံတင်စစ်ဆေးပြီး လာရောက်ခြင်းကိစ္စ၊ အလှူပစ္စည်း သွားပေးမည်ဆိုပါက သွားပေးမည့် နေရာအတိအကျနှင့် အလှူပစ္စည်းစာရင်းများကို တောင်းယူကြောင်း သိရသည်။

ပြည်ပအခြေစိုက် ရေဒီယို အသံလွှင့်ဌာနများနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ ဧရာဝတီတိုင်း သတင်း အချက်အလက်မှန်များ ထွက်ပေါ်နေ၍ နအဖစစ်အစိုးရက ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာသမားများက သုံးသပ်ပြောဆိုသည်။

စစ်အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာ နောက်ကျောဖုံး၌လည်း ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် များနှင့် မသမာသူများက လုပ်ကြံသတင်း ဗီဒီယိုများ ရိုက်ကူးပြီး ပြည်ပသတင်းဌာနများသို့ ပေးပို့နေကြောင်း စွပ်စွဲရေးသားထားသည်။ ။

အပြည့်အစုံသို့...

Thursday, June 12, 2008

ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် အခက်အခဲဖြစ်နေ

NEJ/ ၁၁ ဇွန် ၂၀၀၈

ဖျာပုံမြို့နယ်အတွင်းမှ ရေလွှမ်းနေသည့် လယ်ကွက်များ

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း စပါးအပျက်နှုန်းကို စစ်အစိုးရဘက်မှ လျော့လျော့ပေါ့ပေါ့ ပြောနေချိန်တွင် ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် မိုးစပါး အချိန်မီစိုက်ရန် အခက်အခဲဖြစ်နေသည်။

ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာများမှ လယ်သမားများဆိုလျင် မျိုးစပါးမရသည့်အတွက် အခက်အခဲ ကြုံနေကြသည်။

ဖျာပုံမြို့နယ်မှ သောကြာရွာသား ကိုခင်မောင်လွင်က “အခုနှစ် မိုးရာသီ စပါးစိုက်ဖို့ မျိုးစပါးကို နီးစပ်ရာ ရွာတွေမှာ ၀ယ်ဖို့စုံစမ်းနေပါတယ်။ ဒါပေမယ့် ရောင်းမယ့်သူ မရှိဘူး။ ဒီအတွက် စပါး စိုက်ဖို့ကို စဉ်းစားလို့မရအောင် ဖြစ်နေတယ်” ဟု ပြောသည်။

ဖျာပုံမြို့နယ်တွင် နောက်ပြန်တိုး၊ စံပြ၊ စက်စု၊ သောကြာ၊ ကံဆိပ်၊ မငေးကြီး၊ အဖောင်၊ ဓမင်းဆိပ် စသည့် ကမ်းခြေဒေသရွာများရှိပြီး လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများ လုပ်ကိုင်စားသောက် ကြသည်။

စပါးစိုက်ရန် မျိုးစပါး လိုအပ်မှုမှာ အဆိုပါရွာများရှိ လယ်ဧက၏ သုံးပုံတပုံခန့်ရှိပြီး မိမိတို့ အစီအစဉ် ဖြင့် အခြား ဒေသများမှ မျိုးစပါးဝယ်ယူရန် ဆုံးဖြတ်ကြသော်လည်း လိုအပ်ချက် မပြည့်နိုင်ကြောင်း၊ အစိုးရက မျိုးစပါး မထောက်ပံ့ ပါက လယ်ယာလုပ်ငန်း သုံးပုံနှစ်ပုံမှာ လုံးဝ စိုက်ပျိုးနိုင်မည် မဟုတ် ကြောင်း ဒေသခံ လယ်သမား များက ပြောသည်။

အိမ်ခြေ (၃၀၀) ကျော်ရှိသော ဖျာပုံမြို့နယ် ဓမင်းဆိပ်ရွာရှိ လယ်သမားကြီး ဦးအောင်တင်က “ကျနော်တို့ရွာမှာ လူအသေအပျောက် မရှိပေမယ့် အိမ်ခြေတွေ သုံးပုံနှစ်ပုံ အားလုံးပျက်တယ်၊ လယ်တွေရေငန်ဝင်တယ်၊ မျိုးစပါးတွေ ဆုံးရှုံးတယ်၊ လယ်ဧက ထောင်ကျော်ရှိတယ်။ အခု တချို့ လယ်သမားတွေက ထွန်ရေးစထားပြီ၊ ဒါပေမယ့် မျိုးစပါးကတော့ မရနိုင်သေးဘူး” ဟု ပြောသည်။

ထိုသို့ ပျက်စီးသွားသော လယ်ဧကများအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် အချိန်မီပြင်ဆင်နေ ကြောင်း နအဖ အသံလွှင့်ဌာနများက ကြေညာလျက်ရှိသည်။

ရခိုင်ပြည်နယ်မှလည်း ရေငန်ဒဏ်ခံနိုင်သော မျိုးစပါး တင်း (၁၂,၀၀၀) ကျော်ကို ဧရာဝတီတိုင်းသို့ တင်ပို့ ပေးကြောင်း ပြည်တွင်းသတင်းဂျာနယ်များက ရေးသားသည်။

ဖျာပုံမြို့နယ်အတွင်းရှိ ရွာအများစုမှ လယ်ယာမြေများမှာ ရေငန်များဝင်နေပြီး ရေငန်မ၀င်သော လယ်များ အတွက် လယ်သမားများမှာ နီးစပ်ရာရွာများမှ မျိုးစပါးများ ရှာနေရကြောင်း သိရသည်။

ကျုံကျိုက်၊ ခနောင်၊ မှော်ဘီ၊ သမိန်ထော၊ ဘန့်ဘွေးစု၊ ကျီးနှစ်ပင်၊ သပြေကန် စသည့် ကျေးရွာ များရှိ လေဘေးသင့် ဒုက္ခသည် လယ်သမားများက နအဖ လက်အောက်ခံ ကြံ့ဖွံ့များက စပါးမျိုး ပေးမည်ဟု ပြောဆို သံကြားရသော်လည်း လောလောဆယ် ၎င်းတို့သည် မျိုးစပါးအခက်အခဲထက် စားဝတ်နေရေး အခက်အခဲကို ပိုဦးစားပေးနေရကြောင်း ပြောသည်။

သို့သော် ယခုတိုင် ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုပေါင်း (၅၄) အုပ်စုမှ ရွာများတွင် မျိုးစပါး အခက်အခဲ ရှိနေကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် နာဂစ်မုန်တိုင်းကြောင့် လယ်ဧကအပျက်အစီးမှာ (၆) ရာခိုင်နှုန်းသာရှိသည်ဟု ဖျာပုံမြို့နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော် အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။

ပြီးခဲ့သည့်မေ (၂၅) တွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးတွဲ ကမကထ လုပ်သည့် လေဘေးအကူအညီများ ကတိက၀တ်ပြုသည့် ညီလာခံတွင် နာဂစ်မုန်တိုင်းကြောင့် ထိခိုက်နစ်နာခဲ့သော မြို့နယ် (၂၃) မြို့နယ်တွင် စပါးစိုက်ဧက (၂.၄၃) သန်းရှိသည့်အနက် မြေ ဧက (၅၄၃,၀၄၂) တွင် ဆားငန်ရေ၀င်ကာ ပျက်စီးသွားကြောင်း၊ ယင်းအတွက် စပါး မက်ထရစ် တန် (၀.၈) သန်း လျော့သွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာက ပြောသည်။ ။

အပြည့်အစုံသို့...

မူးယစ်ဆေးဝါးနှင့် လက်နက် လက်ဝယ်ကိုင်ဆောင်မှု နာမည်ကြီး စီးပွားရေးသမားနှင့် ပတ်သက်

ဧရာဝတီ | ဇွန် ၁၁၊ ၂၀၀၈

မြန်မာနိုင်ငံရှိ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များတွင် တဦးအပါအဝင်ဖြစ်သော မောင်ဝိတ်နှင့် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်တို့ ၂ ဦးသည် မူးယစ်ဆေးဝါးအမှုဖြင့် မေလ နောက်ဆုံးပတ်အတွင်း၌ ရဲ အဖွဲ့၏ ဖမ်းဆီး အရေးယူမှု ခံခဲ့ရကြောင်း မောင်ဝိတ်၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။

အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သား အောင်ဇော်ရဲမြင့်ကို စစ်တပ်နှင့် ရဲအဖွဲ့က မေလ၂၉ ရက်တွင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ရဲတံခွန် တာဝါရှိ ၎င်း၏ ရုံးခန်းတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် မူးယစ်ဆေးဝါးများနှင့်အတူ သေနတ် ၆ လက်ကို သိမ်း ဆည်းရမိကြောင်းနှင့် ရုပ်ရှင် သရုပ်ဆောင် နဝရတ်ကိုပါ အောင်ဇော်ရဲမြင့်နှင့်အတူ တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါအောင်ဇော်ရဲမြင့်သည် အနုပညာအသိုင်းအဝန်းနှင့် လူကုန်ထံ အသိုင်းအဝန်းအတွင်း မူးယစ်ဆေးဝါး များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေသူတဦးဖြစ်သည်ဟုလည်း သိရသည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းသို့ မေးမြန်းစုံစမ်းရာတွင် ယင်း အမှုသည် ခရိုင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်သောကြောင့် ၎င်းတို့ အနေနှင့် အသေးစိတ် မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

မောင်ဝိတ်နှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်း တဦးကမူ“အောင်ဇော်ရဲမြင့်နဲ့ မောင်ဝိတ်တို့ ၂ ယောက် ပေါင်းပြီး ဆေးလည်းသုံးတယ်၊ ရုပ်ရှင်လောကသားတွေကို ရောင်းချတာလည်း ရှိတယ်”ဟု ပြောဆိုသည်။

“သူတို့က အဲဒီ ရုပ်ရှင်အနုပညာလောက က ဆေးသုံးချင်တဲ့ သူတွေကို ဖိတ်ပြီး ပါတီပွဲ လုပ်ပေးတယ်၊ အဲဒီမှာ ဆေးလည်း သုံးလို့ရအောင် စီစဉ်ပေးထားတယ်”ဟု ကိုယ်တိုင်ပါတီတက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တဦးကလည်း ပြောသည်။

၎င်းက ဆက်လက်ပြီး“သူတို့က လူတွေကို ဆေးစွဲအောင် အရင်လုပ်ပြီးတော့ ဆေးစွဲပြီဆိုမှ ဆေးရောင်းတော့ တာ”ဟုလည်း ထပ်လောင်းပြောဆိုသည်။

အဆိုပါ အောင်ဇော်ရဲမြင့်သည် ကြည့်မြင်တိုင်မြို့နယ်ရှိ ရဲတံခွန် တာဝါတွင် ရဲတခွန် ဆောက်လုပ်ရေး ကုမ္ပဏီ ဖွင့်လှစ် ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို လက်ခွဲများဖြင့် ကြီးကြီးမားမား လုပ်ကိုင် နေခြင်းဖြစ်သည် ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမား တဦးကပြောဆိုသည်။

စစ်အာဏာပိုင်များက ယင်းအောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက်တွင် မောင်ဝိတ်နှင့် တခြားသော မူးယစ်ဆေး သုံးစွဲသည့် အနုပညာလောကသား တချို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မောင်ဝိတ်သည် Maung Weik & Family Co., ကိုတည်ထောင်လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် လူချမ်းသာ စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကြောင်း သိရသည်။

မောင်ဝိတ်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ၎င်း၏ ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာတွင် ကုမ္ပဏီတာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

မောင်ဝိတ်သည် မြန်မာစစ်အစိုးရအဖွဲ့သို့ ထောက်ပံ့လှူဒါန်းနေသူများထဲတွင် တဦးအပါအဝင်ဖြစ်ပြီး အစိုးရက ပြန်လည် မွမ်းမံနေသည့် ရန်ကုန်မြို့ရွှေတိဂုံဘုရားသို့ မကြာသေးခင်က အမေရိကန် ဒေါ်လာ ၂ သိန်းကျော် ပါဝင် လှူဒါးခဲ့ကြောင်း သိရသည်။

မောင်ဝိတ်သည် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီး ခင်ပြုံးရွှေကို လက်ထပ် ပေါင်းသင်းရန် ကြိုးပမ်း နေသည့်အတွက် ၎င်း၏ ဇနီး မယာဉ်မင်းခင်အား မကြာသေးခင်က ကွာရှင်းထားကြောင်းလည်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းအတွင်း သတင်းများထွက်ပေါ်ခဲ့သည်။

မောင်ဝိတ်အား ဖမ်းဆီးချိန်တွင် ၎င်း၏မိခင်နှင့် ဇနီးဖြစ်သူမှာ စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

ဇွန်လ ၇ ရက်က ရုပ်ရှင် သရုပ်ဆောင် နဝရတ်နှင့်ဖိုးကျော် အပါအဝင် မောင်ဝိတ်ကို အာဏာပိုင်များက ပြန်လွှတ် ပေးလိုက်ပြီး အောင်ဇော်ရဲမြင့်ကို မူ ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု လူအများက ယူဆ နေကြသည်။

ယခု မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အောင်ဇော်ရဲမြင့်နှင့် ဆက်စပ်နေသူများကို ဆက်လက်စုံစမ်း နေဆဲ ဖြစ်ကြောင်းသိရှိရပြီး လူစားထိုး၍ အောင်ဇော်ရဲမြင့်အား ပြန်လည်လွှတ်ပေးနိုင်သည်ဟုလည်း လေ့လာ သူများက ပြောဆိုသည်။

ယင်းအမှုအခင်းအား ရန်ကုန်အခြေစိုက် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြခြင်း မပြုရန် သက်ဆိုင်ရာက တင်းကျပ် ထားကြောင်း သိရသည်။
ဂျာနယ် အယ်ဒီတာ တဦးကမူ“အစိုးရနဲ့ ပတ်သက် ဆက်နွှယ်တာတွေကို မြန်မာစာနယ်ဇင်းမှာ ဖော်ပြဖို့ လွတ်လပ်ခွင့် မရှိပါဘူး၊ ဒါပေမယ့် စာဖတ်သူတွေ သိရှိအောင်လို့ သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတဲ့ဂျာနယ်တွေ တော့ ရှိပါတယ်”ဟု ပြောသည်။

အပြည့်အစုံသို့...

သားဖြစ်သူ မူးယစ် ရောင်းဝယ်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နှုတ်ထွက်ရတော့မည်

မဇ္ဈိမသတင်းဌာန၊ ၁၁ ရက် ဇွန်လ ၂၀၀၈

နယူးဒေလီ။ ။ သားဖြစ်သူ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေခြင်းကြောင့် ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက်ခိုင်းထားသည်ဟု သတင်းများ ကြားသိရပါသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှုတ်ထွက် စေလိုသည်ဟု ဆိုသည်။

“(ဒုတိယ ဗိုလ်ချုပ်ကြီး) ရဲမြင့် ဒီနေ့ (ဗုဒ္ဓဟူးနေ့) ဒါမှမဟုတ် မကြာခင် သွားတော့မှာပါ” ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောကြားသွားပါသည်။

ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရာ၌ တချိန်က ရဲမြင့်သည် သန်းရွှေ၏ အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဖြစ်သည်။ မက်တာ အင်ဖက်တမင်း ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ငြိမ်းအဖွဲ့များကို မိမိအလိုအလျောက် လက်နက်စွန့်ရန် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ရသူ ဖြစ်သည်။

(UWSA) သည် ပြည်တွင်း မူးယစ်ဆေးဝါး ဈေးကွက် အများစုကို ချုပ်ကိုင်ရန် ရည်ရွယ် ကြံစည်ခြင်း ဖြစ်သည်ဟု ထိုအမှုကို စုံစမ်းနေသော အဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က သတင်း ပေးပို့ပါသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဤသတင်းကို မဇ္ဈိမက ဇွန်လ (၅) ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ဤဖမ်းဆီး နှိမ်နင်းမှုတွင် ငယ်ရွယ်သော စီးပွါးရေးသမား တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် တဦးလည်းဖြစ်သူ မောင်ဝိတ် လည်း အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးနှင့် အထူး ရဲတပ်ဖွဲ့တို့က ကြည်မြင်တိုင် မြို့နယ်အတွင်းရှိ အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ၊ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာငွေကျပ် သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည် ဟု ဆိုသည်။

“တခန်းလုံး တထောင်တန် ငွေစက္ကူတွေနဲ့ ပြည့်နေတာဘဲဗျာ” ဟု စစ်အစိုးရနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ဖေါ်ထုတ် ရရှိခဲ့ခြင်းကြောင့် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မောင်ဝိတ်ကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောဆိုပါသည်။

မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီသည် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတခု ဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

သို့သော် အခြား သတင်းရပ်ကွက် တခုကမူ မောင်ဝိတ်ထံမှ ဘာမှ မတွေ့ရဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ရုပ်ရှင် မင်းသမီး အများစု ပါဝင်သည့် ရုပ်ရှင် သရုပ်ဆောင် အများအပြားလည်း ဤအမှုတွင် ဖမ်းဆီး ခံခဲ့ကြရပြီး ယခုအခါ ခံဝန်ဖြင့် လွှတ်ထားသည်ဟု ဆိုသည်။

ရဲအဖွဲ့၏ အလိုရှိသည် စာရင်းတွင် အောင်ဇော်ရဲမြင့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရုပ်ရှင်မင်းသမီး နဝရတ် ရှေ့ဆုံးမှ ပါဝင်နေသည်။ သူတို့ ၂ ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းနှင့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်ဟု ဤနာမည်ကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမ ကို ပြောပါသည်။

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် မက်တာအင် ဖင်တမင်း ထုတ်လုပ်မှုတွင် အာရှ၌ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ သာမက အမေရိကန် ပြည်ထောင်စုသို့လည်း တင်ပို့ ရောင်းချနေသည်ဟု ဆိုသည်။

ရာဘ နှင့် အခြား စိတ်ကြွဆေးများ ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသူများတွင် မြန်မာ သရုပ်ဆောင် နာမည်ကြီး အတော်များများသည် အောင်ဇော်ရဲမြင့်၏ ဖေါက်သည်များ ဖြစ်နေကြသည်မှာ ပြည်တွင်းတွင် အများသိသော လျှို့ဝှက်ချက်တရပ် ဖြစ်သည်။ ပြည်တွင်းတွင် ‘ခေါင်းခါဆေး’ ဟု လူသိများသော ခရစ် စတယ်မက်တာ အင်ဖင်တမင်းမှာ ရန်ကုန်မြို့၌ တပြားလျှင် ကျပ်ငွေ ၅ သောင်း ပေါက်ဈေး ရှိသည်။

အောင်ဇော်ရဲမြင့်နှင့် ပတ်သက်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က အောင်ဇော်ရဲမြင့်ကို လမ်းလုပ်ငန်းတခုနှင့် ပတ်သက်၍ အမျက်တော် ရှခဲ့ဖူးသည်။

မေမြို့-မန္တလေး လမ်းဖောက်လုပ်ရန် ရဲတံခွန် ကုမ္ပဏီကို အစိုးရက ကန်ထရိုက် ပေးခဲ့ရာ ကောင်းမွန်အောင် ဖောက်လုပ်ခဲ့ခြင်း မရှိသောကြောင့် အေးရှားဝေါလ်ဒ် (Asia World) ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည် ဖောက်လုပ်ခဲ့ရသည်။

အပြည့်အစုံသို့...

Sunday, June 8, 2008

နာဂစ်မုန်တိုင်းအပြီး မသေပဲ အသက်ရှင် ကျန်ရစ်သူများအား အဓမ္မ လုပ်အားပေးခိုင်းစေမှုများ ရှိနေ

ဆုံဆည်းရာ၊ ဇွန်လ ၈ ရက် ၂၀၀၈ ခုနှစ် (ဓါတ်ပုံ-ကိုအောင်တင်)
နာဂစ်မုန်တိုင်း အပြီး တလကြာပြီးနောက် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ အချို့ဒေသများတွင် အလောင်းများ မဆယ်ယူပဲ ယခုထက်တိုင်ရှိနေသေးကြောင်း သိရှိရသည်။ အချို့အလောင်းများသည် အရိုးစုများပုံလျှက်ရှိနေသေးကြောင်း အလောင်းတွေ မဖျောက်ဖျက်ရသေးကြောင်း သိရသည်။

မော်ကျွန်းမြို့နယ် မြစ်တိုချောင်းနှင့် ငွေဇင်ယော် ကြားတွင် လေယာဉ်ကွင်း ဖောက်လုပ်ရန်အတွက် နာဂစ်မုန်တိုင်းအပြီး မသေပဲ အသက်ရှင် ကျန်ရစ်သူများကို ပေါ်တာဆွဲထားလျှက်ရှိကြောင်း သိရှိရသည်။ ပေါ်တာဆွဲ အဓမ္မ လုပ်အားပေးခိုင်းစေပြီး ညနေ ၄ နာရီလောက်မှ ထမင်း တနပ် ကျွေးကြောင်းသိရသည်။ အချို့ရွာများတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံတဦးမှ ပြောဆိုသည်။

အပြည့်အစုံသို့...

ဗိုက်ပြည့်ရေးတိုက်ပွဲ

ကိုမွှေး
http://hmway.blogspot.com/


မခံကြနဲ့  အငတ် ၊
ပြန်ချဟဲ့အပြတ် ၊
သံသယနဲ့ရပ်မနေနဲ့ ..။

စစ်တပ်ဆိုတာ သတ်ယုံသတ်ရဲတဲ့ကောင်တွေ
ငဒို့ မှာဆုံးရှုံးစရာ
ဘ၀ဆိုးကြီးကလွဲလို့
ငရဲမရှိ....။

အပြည့်အစုံသို့...

အမေရိကန် စစ်သင်္ဘောများ ဘာကြောင့် ၀င်ခွင့်မပြုတာလဲ

အောင်ဇော် | ဇွန် ၆၊ ၂၀၀၈
[Source - Irrawaddy]

အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်၏ အကြီးအကဲ ရောဘတ်ဂိတ် (Robert Gate) က မြန်မာနိုင်ငံ၏ မုန်တိုင်း ကပ်ဘေးဒဏ်သင့် ပြည်သူများကို အမေရိကန်စစ်သင်္ဘောများက ၀င်ရောက်ကူညီပေးရန် ခွင့်မပြုခဲ့ခြင်းအပေါ် မြန်မာ စစ် အာဏာပိုင်များအနေဖြင့် နားပင်းနေသည်၊ မထုံတက်တေးနေသည်ဟု စွပ်စွဲခဲ့သည်။ ဤသို့ ဖော်ပြပြောဆိုခဲ့ချက်က မှား ယွင်းနေပါသည်။

မြန်မာနိုင်ငံကို သက်ဦးဆန်ပိုင်ဆန်ဆန် အုပ်ချုပ်နေသည့် စစ်ဘုရင်များသည် နားပင်းနေခြင်း၊ မထုံတက်တေးနေခြင်း မဟုတ်ပါ။ အမှန်တွင် နိုင်ငံရေး အတွင်းကြေဒဏ်သင့်ခံထားရသည့် ၎င်းဗိုလ်ချုပ်များက စိုးရိမ်ကြောက်ရွံ့နေကြခြင်းဖြစ်ပြီး၊ သူတို့ကိုယ်သူတို့ အရေးပါနေသည်၊ သူတို့သာ တိုင်းပြည်အာဏာကို စွန့်လွှတ်လိုက်ပါက နိုင်ငံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သည်ဟူသည့် ထင်တလုံး ဘ၀င်ဖြင့် နေထိုင်နေကြခြင်း ဖြစ်သည်။

အချို့သော လေ့လာသုံးသပ်သူများကလည်း အလားတူ ဖော်ပြခဲ့ကြပါသည်။ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို အမေ ရိကန် စစ်သင်္ဘောများက ကယ်ဆယ်ခွင့် ငြင်းပယ်ခံရသည့် ယခုကိစ္စသည် ကိုလိုနီအတိတ်နှင့်သော်လည်းကောင်း၊ လက်ရှိ ဗိုလ်ချုပ်များ ကိုင်စွဲထားသည့် နိုင်ငံခြားသား မုန်းတီးရေး အယူအဆများနှင့် လားလားမျှ ပတ်သက်ခြင်း မရှိပါ။

မြန်မာ စစ်ဗိုလ်ချုပ်များ စိုးရိမ်ကြောင့်ကြနေသည့်ကိစ္စမှာ အကယ်၍ အမေရိကန်စစ်သင်္ဘောများနှင့် နိုင်ငံခြားတပ်ဖွဲ့များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကပ်ဘေးသင့်ပြည်သူများကို ၀င်ရောက်ကယ်ဆယ်ရန် ၀င်ခွင့်ပြုလိုက်ပါက၊ လူထု များက သူတို့အားကိုးနှင့် အုံကြွဆန့်ကျင်လာကြပြီး စစ်အစိုးရကို ဖယ်ရှားလိုက်မည်ကို စိုးရိမ်နေခြင်းပင် ဖြစ်သည်။ ဤအကြောက် တရားကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် စစ်အုပ်စုက အမေရိကန်များကို ၀င်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တို့က လူသားချင်းစာနာမှုကိစ္စသက်သက်ဖြင့်သာ ၀င်ရောက်လာခြင်း ဆိုသည်ကို မြန်မာစစ်ဗိုလ်ချုပ်များက အမှန်တကယ် စိတ်ထဲတွင် ယုံကြည်ထားနိုင်ပါသည်။ သူတို့ မယုံကြည်သည်က သူတို့၏ လူထုများကိုယ်တိုင်ကိုပင် ဖြစ် သည်။ ၀င်ရောက်လာကြသည့် နိုင်ငံခြားတပ်ဖွဲ့များကို မြန်မာလူထုက အားကိုး၍ အုံကြွနိုင်ပြီး စစ်အစိုးရ၏ နောက်ဆုံးနေ့ များ ဖြစ်သွားနိုင်ပါသည်။

ဆိုကြပါစို့။ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်လာကြသည့် အမေရိကန် ကမ်းတက်တပ်ဖွဲ့များနှင့် ၀န်ထမ်းများကို စိတ်ပျက်အားငယ်နေကြသည့် ပြည်သူများက သောင်းသောင်းဖြဖြ လက်ကမ်းကြိုဆို၍ သူတို့မုန်းနေကြသည့် နေပြည် တော်ရှိ စစ်အစိုးရကို ဖြုတ်ချပေးရေး တိုက်တွန်းကြမည့် အနေအထားကို မြင်ယောင်ကြည့်နိုင်ပါသည်။ ကယ်ဆယ်ရေး တာဝန်ဖြင့် ၀င်လာကြမည့် တပ်များက ချက်ချင်းဆိုသလို အစိုးရပြောင်းလဲရေး ဆောင်ရွက်မည့် အင်အားစုများ ဖြစ်လာ နိုင်ပြီး၊ သန်းရွှေစစ်အစိုးရကို ဆန့်ကျင်ကြမည့် လူထုအုံကြွမှုကို ထောက်ခံပံ့ပိုးပေးမည့် အင်အားစုများ ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း စစ်အစိုးရအနေဖြင့် USS Exxes က ဦးဆောင်လာသည့် အမေရိကန်စစ်သင်္ဘောများကို ကြောက်ရွံ့နေရန် အကြောင်း မရှိပါ။ သူတို့ ပြန်ထွက်ခွာသွားကြပြီ ဖြစ်သည်။ အကူအညီ ကုန်ချိန် တန် ၁,၀၀၀ ကျော် တင်ဆောင်ထားသည့် ပြင်သစ်စစ်သင်္ဘော မစ် (စ်) ထရယ် (Mistral) လည်း မြန်မာ့ရေပိုင်နက်အနီးမှ ခွာ၍ သွားခဲ့ရပါသည်။ သူတို့က မုန်တိုင်း ဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ ကြရသည့် ပြည်သူများကို ကုန်ပစ္စည်းများ တိုက်ရိုက်ချပေးခွင့် မပြုခဲ့သည့် မြန်မာအစိုးရ၏ သဘောထားအပေါ် အံ့သြ တုန်လှုပ်မိကြောင်း ပြောဆိုခဲ့သေးသည်။

ယခုရှိနေသည့် အမေရိကန်ရေတပ်ရေယာဉ်များတွင် ကမ်းတက်ရေယာဉ် ၃ စီးပါဝင်ပြီး၊ ကုန်ပစ္စည်းကြီးများ တင်ချနိုင်သည့် ရဟတ်ယာဉ်ကြီး ၂၂ စီး ပါဝင်သည့် USS Essex စစ်သင်္ဘောကြီးလည်း ရှိနေပါသည်။ ထိုမျှမက အခြားကမ်းတက် ယာဉ် ငယ်များလည်း ရှိနေကြပါသည်။ အမေရိကန် စစ်ရဟတ်ယာဉ်များကိုလည်း မြန်မာ့လေပိုင်နက်အတွင်း ပျံသန်းခွင့်ကို ငြင်းပယ်ခဲ့သော်လည်း၊ ထိုင်းနိုင်ငံ အူတာပေါင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အကူအညီပစ္စည်းများ သယ်ပို့ပေးရန် စီ-၁၃၀ အမျိုးအစား ကုန်တင်လေယာဉ်အချို့ကို ခွင့်ပြုခဲ့ပါသည်။ ဤအနေအထားကပင် စစ်အစိုးရ၏ ခွဲခြားကျင့်သုံးနေသည့် မူဝါဒကို သိသာထင်ရှားစေပါသည်။

အရပ်သား အကူအညီပေးရေးဝန်ထမ်းများကိုသာ မုန်တိုင်းသင့်ဒေသများတွင် ခွင့်ပြုမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက ဆိုခဲ့ပါသည်။ သို့သော် ဤနှုတ်ကတိကိုပင် အပြည့်အ၀ လိုက်နာဖြည့်ဆီးပေးခြင်း မရှိသေးပါ။

စစ်အစိုးရ၏ ယခုအပြုအမူကို "ရာဇ၀တ်မှုသင့်စေသည့် လျစ်လျူရှုမှု" ဟု ရောဘတ်ဂိတ်က ဖော်ပြစွပ်စွဲခဲ့ပြီး၊ မြန်မာစစ် အစိုးရထံသို့ ၁၅ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့သည်ဟု ဆိုပါသည်။ USS Essex သင်္ဘောမှ ရဟတ်ယာဉ်များကို အကူ အညီပေး ရေးပစ္စည်းများ သယ်ချပို့ဆောင်ခွင့်ပြုရန် တောင်းခံခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ကမ်းလှမ်းမှုများအားလုံးကို စစ်အစိုးရက ပယ်ချခဲ့ပါသည်။ စစ်အစိုးရ ဆက်လက်ခေါင်းမာနေပါက ပြည်သူထောင်ပေါင်းများစွာ သေကြေကြရလိမ့်မည် ဟု ဂိတ်က ပြောခဲ့ပါသည်။

အမေရိကန် ကယ်ဆယ်ရေး စစ်အဖွဲ့ကို ၀င်ခွင့်ပြု၍ အမှန်တကယ် ကပ်ဘေးသင့်နေရသည့် ပြည်သူများကို ကယ်ဆယ်ခွင့် ပြုလိုက်သည်ထက်စာလျှင်၊ ယခုလို မထုံတက်တေးနေ၍ မုန်တိုင်းသင့် ရွာသား ထောင်ဂဏန်းအချို့ကို သေဆုံးစေလိုက် သည်ကမှ ဗိုလ်ချုပ်သန်းရွှေအတွက် ပို၍ လုံခြုံမှု ရှိပါသည်။

မြန်မာပြည်သူ သန်းပေါင်းများစွာက အမေရိကန်စစ်သင်္ဘောများ အလာကို စောင့်ကြိုနေကြသည်ကို ဗိုလ်ချုပ်သန်းရွှေ ကောင်းကောင်း သိထားပါသည်။ မြန်မာပြည်သူများက စစ်သင်္ဘောများ သယ်ဆောင်လာမည့် ရိက္ခာ အကူအညီများ သက်သက်မျှကိုသာ စောင့်မျှော်နေကြခြင်း မဟုတ်ပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာစစ်အာဏာပိုင်များက စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်၌ Coral Sea အမည်ရ လေယာဉ်တင်သင်္ဘော အပါအ၀င် အမေရိကန် ရေတပ်စစ်သင်္ဘော ၅ စီးကို မြန်မာ့ရေပိုင်နက်အနီး ရောက်ရှိလာ ခဲ့သည် ဆိုပြီး၊ အမေရိကန် သံရုံးကို စောဒကတက် ကန့်ကွက်ခဲ့ပါသေးသည်။ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီ ၆ ရက် အလိုတွင် ဤသို့ ၀င်လာခဲ့ကြသည်ဟု ဆိုသည်။

ဤသို့ နိုင်ငံခြား စစ်သင်္ဘောများ တွေ့ရသည့် လက္ခဏာကို ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းအပါအ၀င် မြန်မာ စစ်ခေါင်းဆောင်များက အလွန်အမင်း စိုးရိမ်မှု ရှိကြပါသည်။ သို့သော်လည်း ၁၉၇၀ ခုနှစ်ကာလများက ဦးနေ၀င်းသည် အမေရိကန်ပြည်ထောင်စုထံမှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်သူပုန်များကို နှိမ်နင်းရေးအတွက် ရဟတ်ယာဉ် များအပါအ၀င် စစ်ရေးအကူအညီများကို ရရှိ ခံစားနိုင်ခဲ့ကြပါသေးသည်။

၎င်းအတိတ်ကာလများက မြန်မာနိုင်ငံအနေဖြင့် စစ်အရာရှိများကို အမေရိကန်ရှိ စစ်တက္ကသိုလ်ကျောင်းများသို့ ပို့ဆောင်၍ လေ့ကျင့် သင်ယူစေနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တရားဝင်မူဝါဒအရ ဆိုလျှင် ပဋိပက္ခဖြစ်နေသော အနေအထားမှလွဲ၍ ကျန်ကာလများတွင် အမေရိကန်များကို ကြိုဆိုသည့်သဘောထားရှိပြီး ယခုတိုင်လည်း ဤမူကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ပါသည်။

ဤမူအရ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလ၊ မငြိမ်မသက်ဖြစ်နေစဉ်တွင် အမေရိကန်သံရုံးရှိ ၎င်းတို့၏၀န်ထမ်းများကို ကယ်ဆယ်ထုတ်သွားနိုင်ရေး အတွက် စီ-၁၃၀ အမျိုးအစား ကုန်တင်ယာဉ်တစီး မြန်မာပြည်သို့ ဆင်းသက်ခွင့်ပြုရန် တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင်များက ငြင်းဆန်ခဲ့ကြဖူးပါသည်။

ထိုအချိန်က ကောလာဟလများလည်း ထွက်ပေါ်နေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အကူအညီပေး ရေးအတွက် အမေရိကန် စစ်သင်္ဘောများ လမ်းတွင် လာနေကြပြီဟု လူအများက ပြောဆိုနေခဲ့ကြပါသည်။ ဤကောလာ ဟလများကြောင့်ပင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းမှုအပြီးတွင် ထောင်နှင့်ချီသည့် မြန်မာပြည်သူ များ နယ်စပ်ဒေသနှင့် တောတွင်းသို့ ထွက်ခွါ၍ လက်နက်ကိုင်တိုက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤ ကောလာဟလများမှာ အမှန် မဖြစ်ခဲ့ဘဲ စိတ်ကူးယဉ်သက်သက်မျှသာ အဖြစ်ရှိခဲ့ပါသည်။ အမေရိကန် စစ်သင်္ဘောများ ကလည်း အမှန်တကယ် ရောက်ရှိမလာခဲ့ကြပါ။

ဤအဖြစ်မှ နှစ် ၂၀ ကြာသည့်ကာလတိုင် မြန်မာပြည်သူများက စစ်သင်္ဘောများကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။ ယခု တကြိမ်တွင်မူ လူသားချင်းစာနာသည့် အကူအညီများ ပေးပို့နိုင်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း ကြေကွဲဖွယ်ကိစ္စမှာ ယခုတကြိမ်တွင်လည်း ဤသင်္ဘောများ အမှန်တကယ် ရောက်မလာဘဲ စိတ်ကူးယဉ်သဖွယ်သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ ကျူးကျော်တိုက်ခိုက်ခဲ့ရာ၌ မြန်မာပြည်သူများ အကြား၌ အချင်း ချင်း တီးတိုး ရယ်စရာ ပြောခဲ့ကြသေးသည်။ " စိန်ပြီးလျှင် ရွှေလာလိမ့်မည်" ဟု ဆိုခဲ့ကြသည်။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူ (စိန်) ပြီးလျှင်တော့ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်း (ရွှေ) အလှည့်ကျလာမည်ဟု ရည်ညွှန်းပြော ဆိုကြခြင်း ဖြစ်သည်။

ယခုတကြိမ်တွင်လည်း ကောလာဟလအသစ်တခုက လူအများ ပါးစပ်ဖြားတွင် ရေပန်းစားနေပြန်ပြီ ဖြစ်သည်။

လူအများက စိတ်ပျက်အားလျှော့စွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ လေယာဉ်များမှ ကျဆင်းလာမည့် အကူအညီ ပစ္စည်းများ စောင့်မျှော်နေကြစဉ်တွင် အကြံပေးနက္ခတ်ဗေဒင်ဆရာတဦးက ဗိုလ်ချုပ်သန်းရွှေကို ပြောလာသည်ဟု ဆိုပါ သည်။ အကယ်၍ ယူနီဖောင်းဝတ် လူဖြူတဦးသာ မြန်မာ့မြေပေါ်သို့ ဆင်းသက်လာခဲ့ပါက စစ်အစိုးရ ချက်ချင်းပြိုကွဲရခြိမ့် မည်ဟု ဆိုပါသည်။ ဤအကြောင်းကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက အမေရိကန်ရေတပ်များ အကူအညီပေးလာမည့် ကိစ္စ ကို ငြင်းဆန်နေခြင်း ဖြစ်ပါသည်။ သူနှင့်အတူ ဗေဒင်နက္ခတ်အယူသည်းလှသည့် ၎င်း၏ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း ထောက်ခံ တိုက်တွန်းပေးနေပုံ ရပါသည်။

ကမ်းတက်ရေယာဉ်များနှင့် ရဟတ်ယာဉ်များမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆင်းသက်လာမည့် အမေရိကန်စစ်သားများ ကို "သူတို့လွတ်မြောက်ရေးအတွက် ကယ်ဆယ်ပေးကြမည့် တပ်ဖွဲ့များ" ဟု အထင်မှားနိုင်ကြပါသည်။ ဤအချိန်တွင် ဧရာ ၀တီမြစ်ဝကျွန်းပေါ်ဒေသ၏ ပြင်ပနေရာများတွင်ပါ လူထုအုံကြွမှုများ မီးမွှေးပေးလိုက်သလို ထတောက်လာကြမည်မှာ သံသယရှိစရာ မလိုပါ။ မုန်တိုင်းဒဏ်သင့်၍ ရှင်ကျန်ရစ်ရသူများက အကူအညီများ တောင်းဆိုကြမည့်အပြင်၊ ယခုအခါ ယာယီဒုက္ခသည်စခန်းများမှ နှင်ထုတ်ခံနေကြရသည့် ဒုက္ခသည်များကလည်း အကူအညီတောင်းကြမည်မှာ မလွဲပါ။ မြန်မာ တပ်ဖွဲ့များနှင့် နိုင်ငံခြားတပ်ဖွဲ့များအကြား လက်နက်ကိုင် ငြိစွန်းရမှုများလည်း ရှိလာနိုင်ပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသည်ပင် စစ်မြေတလင်း ဖြစ်သွားနိုင်ပါသေးသည်။

သို့သော်လည်း ဤစစ်ပွဲများ ဖြစ်လာပါက ဧရာဝတီမြစ်ဝကျွန်းပေါ်မျှနှင့်ပင် တန့်နေလိမ့်မည် မဟုတ်ပါ။ နေပြည်တော်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် စစ်အစိုးရကို ဆန့်ကျင်မည့် နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုလည်း ဖြစ်သွားနိုင်ပါသေးသည်။

အမေရိကန်စစ်သားများကို ဗိုလ်ချုပ်သန်းရွှေ၏ ခံတပ် နေပြည်တော်ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရကို ဖယ်ရှားပေးရန် တောင်းဆိုမှုများလည်း ဖြစ်လာနိုင်ပါသည်။ လေ့လာသူများနှင့် အတိုက်အခံများက ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချရန် နာရီဝက်မျှပင် မကြာနိုင်ဟု ဆိုကြပါသည်။ ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ လက်ဝေခံ လူ ၂၀ ကျော်ခန့် အုပ်စု ကိုသာ ဖယ်ရှားလိုက်ရန် လိုအပ်ပါသည်။

မြန်မာစစ်တပ်ကပါ ဤသို့သော သမိုင်းဝင်အခွင့်အရေးမျိုးကို ပူးပေါင်းလက်တွဲ ဆင်နွှဲကြလိမ့်မည်ဟု လူအများက ယုံကြည် ထားကြပါသည်။

ဤအဖြစ်က ယခုတကြိမ်တွင်လည်း စိတ်ကူးယဉ်အိပ်မက်အဖြစ်မျှသာ ကျန်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေကို တရား ဥပဒေရှေ့မှောက် ပို့နိုင်ရန် အခွင့်အရေးမှ တကြိမ်လွှဲရှောင်နိုင်ခဲ့ပြန်ပြီ ဖြစ်ပြီး၊ ပြည်သူပြည်သား ထောင်ပေါင်းများစွာ၏ အသက်ကို စတေး၍ သူ၏ လွတ်ရာလွတ်ကြောင်း လမ်းရှာဖွေနိုင်ခဲ့ပြန်ပြီ ဖြစ်သည်။ စစ်သင်္ဘောများကလည်း ဒုက္ခသည် များကို ကယ်ဆယ်ရေးအကူအညီများ မပေးနိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရပါသည်။

ဤစစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ခွင့်မပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုက ကနဦးကပင် သိရှိ ထား၊ ကြိုတွက်ထားသည်လည်း ဖြစ်နိုင်ပါသည်။ သူတို့၏ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများကို ချပေးရမည့်အစား လူမုန်းများလှသည့် စစ်အစိုးရကို ဖယ်ရှားရခြင်းမျိုးနှင့်လည်း နောက်ဆုံး ကြုံကြိုက်ရကောင်း ကြုံရနိုင်ပါသည်။ ယခုသူတို့ ကြုံကြိုက်ရသည့် တာဝန်သည်လည်း မပြီးဆုံးသေးသည့် တာဝန်မျိုး ဖြစ်နိုင်ပါသည်။ သူတို့အတွက် မခက်ခဲလှသည့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအရှုပ်ကို ရှင်းရန်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သေချာသည်မှာ ဤတာဝန်က နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် ကျန်ခဲ့သည့် အပျက်အစီးများကို ရှင်းလင်းရသည်လောက် ခက်ခဲပင်ပန်းလှမည် မဟုတ်ခြင်းပင်။

အောင်ဇော်ရေးသားသည့် No Warships Please, We're Burmese ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အပြည့်အစုံသို့...