Wednesday, August 15, 2012

ရန်ကုန်မြို့နှင့်အလားတူ ရန်ကုန်မြို့သစ်တစ်ခု ထပ်မံဖော်ထုတ်ရန် လိုအပ်ဟုဆို

၁၅ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်

ရန်ကုန်မြို့နှင့်အလားတူ ရန် ကုန်မြို့သစ် (New Yangon)တစ်ခု ထပ်မံဖော်ထုတ်ရန် လိုအပ်လာပြီဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေး အောင်က သြဂုတ် ၈ ရက်တွင် ပြောကြားသည်။ "New Yangon တစ်ခု ဖော် ထုတ်ဖို့ လိုအပ်နေပြီ။ ဒီလို ဖော်ထုတ်တဲ့ အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်း ပါဝင်မှသာဖြစ်မှာပါ"ဟု အထက်ပါ ပုဂိ္ဂုလ်က ဆိုသည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့ တော်၏လူဦးရေသည် ၁၀ စုနှစ်အ တွင်း တိုးတက်လာရာ နိုင်ငံတစ်ဝန်း လုံး လူဦးရေသန်း ၆၀ ၏ ၁၀ ရာခိုင် နှုန်းခန့်ပင်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအ သင်း ဒုဥက္ကဋ္ဌ(၁)ဦးသက်လွင်တိုးက ပြောကြားသည်။

 "မြို့မှာနေထိုင်တဲ့ဦးရေက ရာ ခိုင်နှုန်း ၇၀ ရှိလာတယ်။ တောမှာ နေထိုင်တဲ့ဦးရေက ရာခိုင်နှုန်း ၃၀ရှိ တော့တယ်"ဟု လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ဆိုသည်။  

အဆိုပါဖော်ထုတ်မည့်မြေနေ ရာအား ရန်ကုန်မြို့နှင့် ပဲခူးဟံသာ ၀တီလေဆိပ်ကြားတစ်နေရာတွင် လျာထားကြောင်း မြန်မာနိုင်ငံဟို တယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)ဥက္ကဋ္ဌ ဦးရန်ဝင်းက ဆို သည်။ "တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ အခု ဟံသာဝတီလေဆိပ်ကြီးကို အ ကောင်အထည်ဖော်နေတယ်။ ဒီ လေဆိပ်ကြီးနဲ့ အနီးဝန်းကျင် ရန် ကုန်မြို့နဲ့ ကြားတစ်နေရာကို လျာ ထားပါတယ်"ဟု အထက်ပါပုဂိ္ဂုလ်ကပြောကြားသည်။ ကိုးကား - The Myanmar Post

1 comments:

kyaw lwin said...

ဘယ် urbanist နဲ့ consulting လုပ်ပြီး research လုပ်ထားသလဲ? လုပ်ထားတဲ့ research ကပြည့်စုံရဲ့လား? urban regeneration နဲ့ revitalization လုပ်ဖို့ စိတ်မကူးတော့ဘူးလား? urban regeneration နဲ့ revitalization လုပ်လည်း ဂွင်ဖန်လို့ရပါတယ်ဗျာ။