Sunday, September 23, 2007

ယမန်နေ့ သံဃာတော်ထု တိုက်ပွဲ အခြေအနေကို လိုက်ပါခဲ့သူ ရန်ကုန်မြို့ခံတဦးပြောပြချက်

စက်တင်ဘာ ၂၃ ရက် ၂၀၀၇

ရွှေတိဂုံကနေ .. လှည်းတန်းရောက်တယ်။ လှည်းတန်း ရောက်တော့ ကျောင်းဘက်ချိုး ကျောင်းရှေ့မှာ .. မေတ္တာပို့ ပြီးတော့ ဆက်လျှောက်တာ .. အမေ့ (ဒေါ်စု) အိမ့်ထိ၊ အမေ့အိမ်ရှေ့မှာ .. ရပ်ပြီး သံဃာတော်တွေက မေတ္တာပို့ .. ဆုတောင်းပေးတယ်။

တံခါးဖွင့်ပေးတဲ့ သူကိုတော့ စိုးရိမ်မိတယ် သူဘာလုပ်ခံရမလဲတော့ မသိဘူး။ အမေ့ကို တံခါးလေး ဖွင့်ပြီး ဘုန်ဘုန်းတွေကို ဖူးခွင့်ပေးတယ်လေ ကျမဖြင့် မျက်ရည်တောင် ကျတယ် ရင်ထဲ ဆို့တတ်လာတာလေ ခုပြန်ပြောလည်း မျက်ရည်က ၀ဲမိတုန်း ၁၅မိနစ် .. မိနစ် ၂၀လောက်ကြာမယ် .. အမေ က အင်္ကျီ အ၀ါလေး ၀တ်ထားတယ် လက်အုပ်လေး ချီပြီး ဘုန်းဘုန်းတွေကို ဖူးတယ် ဘေးမှာ အစောင့်တွေတော့ ပါတယ်။

နောက် ဘုန်းဘုန်းတွေက မပြန်ချင်ကြသေးဘူး။ ဒါမဲ့ .. လူငယ်လေးတွေ တောင်ပန်းရတာပေါ့၊ ဘုန်းဘုန်းတွေကိုတွေက ကြားထဲ မှာ ထည့်ထားတာလေ ရှေ့မှာ ရဲတွေက ဒိုင်းတွေနဲ့ ကာပြီးစောင့်နေတာ သူတို့ရှေ့မှာ .. လူငယ်လေးတွေ နောက် ဘုန်းဘုန်းတို့ .. ဘုန်းဘုန်းတို့နောက်မှာ .. ပြည်သူတွေ နောက်တော့ ဘုန်းဘုန်းတွေက ဆက်ကြွတယ်။

တက္ကသိုလ်ရိပ်သာလမ်းဘက်ကနေ ကမ္ဘာအေးဘက် ရွှေဂုံတိုင် .. ကမ္ဘာအေးဘက် ဆက်သွားတယ် ကန်တော်ကြီးကို ပတ်ပြီးတော့ ဆူးလေမှာ ဆုံးတာပေါ့။ ဆူလေဘုရားမှာ .. သံဃာ အဖွဲ့ ဖွဲ့လိုက်တယ် ပထမ ၁၀ ပါးပေါ့ .. နောက် ထွက်လာလိုက်တာ .. ၁၃ ပါး ဖြစ်သွားတယ် ပြည်သူထဲက .. ၁ယောက်က ဘုန်းဘုန်းတို့ကိုလျှောက်ထားတယ် ၁၃ ပါးမို့ ၁ပါးလောက် ထပ်ထွက်ပါဘုရားတဲ့ အဲလိုလျှောက်တော့ .. ထပ်ထွက်လာတယ် ... အားလုံး ၁၅ပါး ဖြစ်သွားတယ်။ နောက် ဘုန်းဘုန်း တပါးက ဟောတယ် .. ငြိမ်းချမ်းစွာနဲ့ .. တိုက်ပွဲဝင်မယ်ပေါ့ ခုလို ဖွဲ့တာ .. plan နဲ့သေချာ တိုက်ကြမယ်တဲ့ နောက်နေ့တွေမှာ ပရိတ်မရွတ်တော့ဘူးလို့ သံဃာတော်တွေက ပြောပါတယ်။

မေတ္တာဖြင့် အမျိုးသားရင်ကြားစေ့ရေး ... တို့အရေး တို့အရေး .. ဆိုတာနဲ့ သွားကြလိမ့်မယ် အမေ (ဒေါ်စု) နဲ့ .. ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွတ်ပေးဖို့ တောင်းဆိုမယ်တဲ့ နောက် ငြိမ်းချမ်းစွာ လမ်းလျှောက်တဲ့ သူတွေကို ဖမ်းထားတာ ပြန်လွှတ်ဖို့ တောင်းဆိုမယ်တဲ့ မနေ့က သံဃာတွေ သံပိတ်မှောက် တိုက်ပွဲ လိုက်ပါ ခဲ့သူ ရန်ကုန်မြို့ခံတဦးမှာ ပြောဆိုသွားခဲ့တာပါ ခင်ဗျား....။

ဆုံဆည်းရာ

9 comments:

rokatheoppa said...

Thanx for sharing this useful information..!!!

Digital Marketing Company in Delhi
Website Designing in Delhi NCR
SEO Services in Delhi
SMO services in Delhi
PPC Services in Delhi

varun said...

it is very interesting

Website Designing in Delhi NCR

SMO services in Delhi

SEO Services in Delhi

PPC services in Delhi

Digitalservies said...

it is interesting
Digital Marketing Agency
Website Designing in Delhi NCR
SEO Services in Delhi NCR
SMO Services in Delhi NCR

Digitalservies said...

it is amazing
PPC Agency in Delhi NCR

youthdestination said...

i love your bloge and It's very help full for me

ias cooaching

youthdestination said...

This Blogs is very nice and it is very helpfull for me


Visit: https://greenium.in/

youthdestination said...

GREEN GIFTING IN DELHI

The blog is very nice and this is very helpfull for me


GREEN GIFTING

youthdestination said...

ONLINE BEST IAS COACHING

i love your bloge and It's very help full for me

ONLINE BEST IAS COACHING

youthdestination said...

ENGLISH MEDIUM IAS COACHING IN DELHI
IAS Coaching English medium in Delhi if you want to preparing in English medium and crack Exam. So we will going to help you

ENGLISH MEDIUM IAS COACHING IN DELHI